Calm Hill My Random Thoughts

LaTeX and My Technical Papers

ကျွန်တော့်ရဲ့ Paper တွေကို ပြန်ပြီးစီစဥ်နေတာ ပြီးစီးလုနီးနီးတော့ဖြစ်နေပါပြီ။ တင်တော့မတင်ရသေးပါဘူး။ အားလုံးကို LaTeX နဲ့ပဲပြင်ထားပါတယ်။ Technical Papers အားလုံးကို LaTeX နဲ့ပဲကျွန်တော်ရေးလေ့ရှိလို့ပါ အားလုံးကို Word Format တို့ Open Office တို့အဖြစ်ပြောင်းချိန်မရပါဘူး။ ဒီတော့စိတ်ဝင်စားသူတွေ LaTeX နဲ့ပဲသည်းခံပြီးတော့ဖတ်ကြပါ။ Linux သုံးတဲ့ User တွေအတွက်ကတော့ ကိုယ်သုံးတဲ့ Distribution ကိုပြန်ကြည့်ပါ TeX အပြင် LaTeX ကိုလည်း Default အနေနဲ့ Support လုပ်ထားလေ့ရှိပါတယ်။ Mac သုံးတဲ့လူတွေကတော့ MacTeX-2008 ကို Download လုပ်ဖို့လိုပါလိမ့်မယ်။ Window သုံးတဲ့လူတွေကတော့ MiKTeX သို့မဟုတ် proTeXt တစ်ခုခုရယ် TeXnicCenter, Ghostscript, and GSview ဒါတွေကို တစ်ခုစီ Install လုပ်ဖို့တော့လိုပါလိမ့်မယ်။ အခုတော့ Resource ဆိုပြီးတော့ Page တစ်ခုအသစ်တင်ထားပါတယ် အဲ့ဒီ့အထဲမှာလည်း Link တွေပါပါတယ် ပြီးတော့ LaTeX အတွက် Tutorial တစ်ခုကို LaTeX Format နဲ့ပဲတင်ထားပါတယ်။ ရှုပ်ရှုပ်ထွေးထွေးလုပ်ထားတာ မဟုတ်ပါဘူး ပိုက်ဆံမရှိလို့ ဘာမှတစ်ရားဝင်ဝယ်မသုံးထားတာပါ။ နောက်ပြီးတော့ OpenOffice ကိုလည်း သိပ်မကြိုက်လို့ပါ။ ဘာလို့လဲဆိုတော့ ပြိုင်လို့မနိုင်တော့မှ တစ်ဘက်ပြိုင်ဘက်များ စီးပွားပျက်မလားဆိုပြီးတော့ အလကားပေးတဲ့ စေတနာကို မကြိုက်လို့ပါ။ ဒီတော့ Open-Source စစ်စစ်လည်းဖြစ် Powerfull လည်း အရမ်းဖြစ်တဲ့ LaTeX ကိုပဲသုံးထားပါတယ်။ စပြီးတော့ သုံးကာစဆိုရင်တော့ နည်းနည်း ရူးချင်စိတ် ဖြစ်သွားမယ် ထင်တယ် ဒါပေမယ့်သုံးရတာ မခက်ပါဘူး။ ဗမာ LaTeX Group လည်းဖြစ်လာစေချင်တဲ့ စေတနာလည်း ပါပါတယ်ဗျာ။ ဖြစ်လာတာ မလာတာကတော့ ကံပဲလို့သဘာထားပါတယ်။