Calm Hill My Random Thoughts

ဒေသခံအခေါ်အဝေါ်ပြဿနာ

ကျွန်တော် ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တက်ဖို့ကျလာတော့ ကျွန်တော်ကျောင်းပြောင်းဖို့အတွက် အဆင့်မြင့်ပညာဦးစီးမှာသွားပြီးတော့ လျောက်လှာတင်ရပါတယ်။ အရင်ကတော့ တစ်ယောက်ထဲ ခရီးသွားခဲပါတယ် အိမ်ကတစ်ယောက်ယောက်တော့ အမြဲပါလေ့ရှိပါတယ်။ ဒီတစ်ခါတော့ ကိုယ့်တစ်ယောက်တည်းပဲ ရန်ကုန်ကို ဆင်းလာခဲ့ရပါတယ်။ ရန်ကုန်မှာကလည်း ကျွန်တော့်အဖေရဲ့ တစ်ဦးတည်းသော အစ်ကိုအရင်းတစ်ယောက်ရှိပါတယ်။ သူ့အိမ်မှာကလည်း ကလေးတစ်ယောက်မှ မရှိတော့ဘူးဆိုတော့ ကျွန်တော်ရောက်ရင် သူတော်တော်ပျော်ပါတယ်။ နောက်ပြီး နောက်တစ်နေ့ မနက်ကျတော့ မနက်ခင်း ရ နာရီလောက်မှာ ဦးကြီးကစျေးသွားရင် မနက်စာသွားစားမယ်လာဆိုပြီး တူအရီးနှစ်ယောက် ခြင်းဆွဲပြီးထွက်လာတာပေါ့။ စျေးရောက်တော့ ပစ္စည်းပစ္စယတွေဝယ်ခြမ်းပြီးပြန်အလာ စျေးအပြင်ရောက်မှ သတိရတာက ခါကျက်ဥ သုတ်စားမယ် လုပ်ထားတာကို မေ့ပြီးတော့ မဝယ်ခဲ့မိဘူး။ ဦးကြီးကကွမ်းယာဝယ်နေတာနဲ့ ကျွန်တော်စျေးထဲပြန်ပြီး သွားဝယ်တယ်ဗျာ။ ကျွန်တော်လည်း ကုန်စိမ်းတမ်းရောက်တော့ စျေးရောင်းနေတဲ့ စျေးသည်ကောင်မလေးကို ကျွန်တော့်ကို ခါကျက်ဥ ၂၅ သားလောက်ရွေးပေးပါဗျာ ကျွန်တော်မရွေးတတ်လို့ပါလို့ ပြောတော့ ခါကျက်ဥမရှိဘူးတဲ့ တစ်ခြားသွားဝယ်တဲ့။ ကိုယ်လည်း မဟုတ်သေးပါဘူးပေါ့ မျက်စေ့ရှေ့မှာကလည်း ခါကျက်ဥတွေက အပုံလိုက်ကြီးပါ ရွေးပေးပါပြောတာကိုများ သူကို့ရိသဲ့သဲ့ လာလုပ်တယ်များမှတ်နေသလားပေါ့။ မဟုတ်ပါဘူးအစ်မလေးရယ် ကျွန်တော်တစ်ကယ်မရွေးတတ်လို့ပါ ဆိုတော့လည်း မရှိလို့မရှိဘူးပြောတာ ဘာဖြစ်သလဲလို့ ရန်တွေပါရောလား။ ဒီတစ်ခါတော့ ကိုယ်ကလည်း စိတ်ကတိုလာပြီလေ ဒါနဲ့မရှိဘူးဆို ဒါတွေကဘာတွေလဲဆိုပြီး ခါကျက်ဥအပုံကြီးကို လက်ညှိုးထိုးပြတော့ ဒါခါကျက်ဥမဟုတ်ဘူး မုန်လာဥအနီတဲ့။ ရယ်ရအခက် ငိုရအခက် ဒါနဲ့ပဲ အောင့်သက်သက်နဲ့ ခင်ဗျားမုန်လာဥဆိုလည်း မုန်လာဥပေါ့ အဲ့ဒါ ၂၅ သားပေးဆိုပြီးဝယ်လာရတယ်။ ဒါနဲ့ စျေးအပြင်ရောက်တော့ လက်ဘက်ရည်ဆိုင်ဝင်ပြီးတော့ တူအရီးနှစ်ယောက် မနက်စာစားမယ်ပေါ့။ ရန်ကုန်က လက်ဘက်ရည်ဆိုင်ဆိုတော့ ဘာမှစားစရာသိပ်မရှိပါဘူး ဟိုဟိုသည်သည်ကြည့်လိုက်တော့ ကြော်ထားတဲ့ ထပ်တစ်ရာ အပုံကြီးကို လှမ်းမြင်တာနဲ့ လာမေးတဲ့ စားပွဲထိုးကလေးကို အေးငါ့ကို ထပ်တစ်ရာ နှစ်ခုပေးလို့ပြောတော့ စားပွဲထိုးကောင်လေးက အစ်ကိုကျွန်တော့်တို့ဆိုင်မှာ ထပ်တစ်ရာမရဘူးဗျတဲ့။ ဒီကလည်း မုန်လာဥပြဿနာနဲ့ ဒေါသကထွက်ချင်နေတော့ မင်းက ထပ်တစ်ရာ မရဘူးပြောရအောင် ဟိုကမီးဖိုပေါ်ကဟာတွေကို မင်းမမြင်ဘူးလားလို့ ပြောလွတ်လိုက်တယ်။ ကလေးကလည်း မျက်နှာငယ်လေးနဲ့ ပြန်ပြောရှာတယ် အစ်ကိုမှားနေပြီထင်တယ် အဲ့ဒါ ထပ်တစ်ရာမဟုတ်ဘူး သကြားပလာတာတွေပါဗျာတဲ့။ ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ အေးသကြားပလာတာကို ပဲနဲ့ယူခဲ့ကွာလို့မှာလိုက်ရတော့တယ်။ ဦးကြီးကတော့ ကျွန်တော့်ကြည့်ပြီးရယ်ပါတယ်။ ညနေပိုင်းရောက်တော့ ဟင်းမချက်ချင်တာနဲ့ပဲ ဦးကြီးက အပြင်ပဲသွားစားကြတာပေါ့ကွာဆိုပြီး နှစ်ယောက်သား တရုတ်ဆိုင်ကိုရောက်ပါတယ်။ တရုတ်ဆိုင်ဆိုတော့ ဦးကြီးကမှာရိုးမှာစဥ်ပေါ့ တောက်၊ကုန်း၊စိမ်း ပေါ့ဗျာ ကျွန်တော်ကလည်း ဆိုင်ထဲကိုဝင်လာကာစက မြင်ခဲ့တဲ့ ဝက်နံကင်အပြားကြီးကို သွားရေကျနေတာနဲ့ စားပွဲထိုးကို ညီလေးရေ နံကင်သုတ်လည်း တစ်ပွဲယူခဲ့လို့ပြောတော့ စားပွဲထိုးက ကျွန်တော်တို့ဆီမှာ နံကင်မကင်ဘူးဗျတဲ့။ လာပြန်ပြီနောက်တစ်ကောင် တစ်နေ့လုံးမရှိဘူး မသိဘူးနဲ့ပဲတွေ့နေတာ။ ဟေ့ကောင် အပေါက်ဝကမှန်ကောင်တာမှာ ချိတ်ထားတဲ့ အပြားကြီးက ဝက်နံကင်မဟုတ်လို့ မင်းကဘာများထင်နေလို့လဲဆိုတော့။ အစ်ကိုမှားနေပြီဗျ အဲဒါ အခေါက်ကင်တွေ နံကင်မဟုတ်ဘူးတဲ့။ ဦးကြီးကတော့ တ