Calm Hill My Random Thoughts

Valentine's Day

အိမ်မှာအတူတူ နေကြတဲ့ အစ်ကိုကြီးတွေ ထဲမှာတော့ ကျွန်တော်က အငယ်ဆုံးဆိုတော့ နည်းနည်းများ အထင်ကြီးမလားဆိုပြီးတော့ ဒီနေ့တော့ သူတို့မနိုးခင်ကတည်းက အစောကြီးထွက်လာလိုက်တယ်။ ဘယ်မှသွားစရာမရှိတော့ ယောင်ချာချာနဲ့ နောက်ဆုံးတော့ Lab ထဲက အလုပ်စားပွဲကိုပဲရောက်လာပါတယ်။ ညပိုင်းလောက်မှ အိမ်ပြန်တော့မယ် ဟိုတစ်လောက အလကားရထားတဲ့ ချောကလက်တစ်ဘူး အလုပ်စားပွဲက အံဆွဲထဲမှာရှိသေးတယ် သူများပေးတာလိုလိုနဲ့ ခပ်တည်တည်ပဲ အိမ်ကိုယူပြန်ရမယ်။ အိမ်ကလူတွေကလည်း တူရာတူရာများ စုနေကြသလားမသိဘူး ကိုယ်လိုပဲ ထူးမခြားနားတွေဆိုတော့ သူတို့လည်း ကိုယ့်လိုပဲလုပ်လာကြမယ် ထင်တယ်။