အလွမ်းရယ်တဲ့ ခုနှစ်ထွေ

ဒီရက်ပိုင်းတော့ လူလည်းတစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဘာလုပ်မိမှန်းတောင် တစ်ခါတစ်လေ သတိမထားမိဘူး။ ဖတ်လိုက်ရတဲ့စာတွေ တစ်ရက်တစ်ရက်ကို စာမျက်နှာပေါင်း ၁၀၀-၂၀ဝ ပြီးတော့လည်း ဖတ်ပြီးတော့လည်း ဒီအတိုင်းမနေရဘူး အကုန်လုံးကို အကျဥ်းချုပ်ပြန်ရေးရတယ်။ ရေးဆိုတော့လည်း ဗမာလိုလားဆိုတော့လည်းမဟုတ်ဘူး အင်္ဂလိပ်လိုလားဆိုတော့လည်း မဟုတ်ဘူး။ သင်္ချာလိုရေးရတယ် နောက်ဆုံး တစ်ရက်တစ်ရက်ဖတ်တဲ့ စာမျက်နှာ ၁၀၀-၂၀ဝ ဟာ ၅ မျက်နှာလောက်ပဲကျန်တယ်။ ဒါလေးရဖို့ကို တစ်နေကုန်တစ်နေခန်း ရေးရတယ်ဖတ်ရတယ် ညလည်းဖြောင့်အောင်မအိပ်ရဘူး။ အိပ်မယ်ဆိုပြီး မနက်အစောကြီး ၂ နာရီ ၃ နာရီလောက် စက်ဘီးလေးနဲ့ ပြန်လာတဲ့အချိန်ကို အမက်မောဆုံးဖြစ်နေရတယ်။ တစ်ခါတစ်လေ စာဖတ်နေရင်းနဲ့ နားချင်ရင်သူများ ဘလော့ကိုသွားကြည့်တယ် ကိုယ့်ဘလော့ကိုလာပြီးဘာတွေရေးသွားသလဲ ပြန်ကြည့်နဲ့ပဲ စိတ်အပန်းဖြေနေရတယ်။ ဒီတော့ ပြောရမယ်ဆိုရင် ညအိပ်ချိန်နဲ့ ထမင်းထွက်စားချိန်ပဲ ကွန်ပျူတာကနေ ခွာချိန်ရှိတယ်ပြောရမယ်။ ဘယ်လိုမှ မရနိုင်တော့မှန်းသိပေမယ့် ငယ်ငယ်ကဘဝကိုပဲ ခဏဖြစ်ဖြစ်ပြန်ရချင်ပါတယ်။ “ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေး ဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ် အပြစ်မထင်သေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်…..” ဆိုတဲ့ သီချင်းကို အခုအချိန်မှာ ခံစားလို့အရဆုံးပဲ။

တစ်နေ့စာအလုပ်ကို နားလိုက်ပြီဆိုတဲ့အချိန်မှာ ငယ်ငယ်ကအကြောင်းကို ပြန်စဥ်းစားမိရင် ရှမ်းပြည်ကိုပြန်သတိရတယ်။ တစ်တန်းကျောင်းသားဘဝမှာ တောင်ကြီးကိုစရောက်တယ် နေတဲ့အိမ်ကလည်း သူ့အထက်တက်လိုရင် တောင်ပေါ်တက်လို့ရနေပြီ တောစပ်မှာပေါ့။ မင်းတို့အိမ်ဘယ်နားမှာလဲလို့မေးရင် တောင်ခွန်းပေါ်က ကျောက်တုံးကြီး ပြုတ်ကျရင် အရင်ဆုံးရောက်မယ့်အိမ်ဟာ ငါတို့အိမ်ပဲလို့ သူငယ်ချင်းတွေကို ပြောတတ်ပါတယ်။ ရောက်ရောက်ခြင်းညမှာပါပဲဗျာ အိမ်ရှေ့ကနေ ချေဟောက်သံကြားရတယ်ဗျ ပြူတင်းပေါက်ဖွင့်ပြီး အဖေက ဓာတ်မီးနဲ့ထိုးတော့ ချေက လန့်ပြီးမီးရောင်ကို ကြည့်နေတယ်။ ဒါပထမဦးဆုံး သဘာဝအတိုင်း ချေဆိုတဲ့ အကောင်ကိုမြင်ဘူးတာပဲ။ အခုအချိန်များ သွားပြောလို့ကတော့ ဘယ်နယ့်မြို့ပေါ်မှာ ချေတွေ့တာမဟုတ်သေးပါဘူးလို့ ပြောကြဦးမယ်။ နောက်ပိုင်းတော်တော်ကြီးမှ တောင်ကြီးပြန်ရောက်သေးတယ် ကိုယ်နေခဲ့တဲ့မြို့လို့တောင် မမှတ်မိချင်တော့ဘူး။

နောက်ရက်မှာလည်း မှတ်မှတ်ရရပေါ့ဗျာ ညနေပိုင်း အိမ်ရှေ့ကနေ မုန့်သည်ကဖြတ်သွားတယ် အော်သွားတယ် “ဟင်းထုပ်ပူပူလေး” ဘာလဲပေါ့ဟင်းထုပ်ဆိုတာဆိုပြီး လာဦးဆိုဝယ်စားလိုက်တာ ဘယ်ဟုတ်မလဲ ဆန်မှုန့်နဲ့ဂျူးမိတ်ကို ဖက်နဲ့ထုပ်ပြီး မုန့်ဖက်ထုပ်လို ပေါင်းထားတာကိုးဗျ။ အစကတော့ မကြိုက်ပါဘူး နောက်တော့ အသားကျသွားပြီးကြိုက်သွားတာပါပဲ။ နောက်ပိုင်းစားချင်တာတောင် စားခွင့်မရတော့ပါဘူး။ နောက်ထပ်မုန့်သည်ထပ်လာပြန်ရော သူကတော့အော်ပါတယ် နှမ်းမုန့်ကွတ်တဲ့ ကိုယ်ကလည်း ကလေးဆိုပေမယ့် မုန့်ကွတ်တော့ ကောင်းကောင်းသိတယ်လေ နှမ်းမုန့်ကွတ်ဆိုတော့ မုန့်ကွတ်ကို နှမ်းဖြူးထားတာနေမှာပေါ့လို့တွေးပြီး ဝယ်စားလိုက်တော့ ပွဲစျေးတန်းမှာရောင်းတဲ့ မုန့်လေပွေလိုဟာကြီး နှမ်းလေးတွေပါတယ် ဗမာနှမ်းမဟုတ်ဘူး ရှမ်းနှမ်းလို့ခေါ်တယ်။ စားလိုတော့ကောင်းပါတယ်။ မနက်ဆိုရင် ကျားခေါင်းခန်းမအောက်ဘက်နားက လေထိုးကွတ်ဖာဆိုင်လေးမှာဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်က တိုဖူးနွေးကို သွားမစားရတဲ့နေ့ဆိုရင် တစ်နေကုန်ဂျီကန်ပြီသာမှတ်ပေတော့။ အခုတော့ဆိုင်ရှိသေးသလားတော့ မသိတော့ပါဘူးဗျာ နှစ်တွေကလည်း ဆယ်စုနှစ် တစ်ခုကျော်လောက်ကို လွန်သွားခဲ့ပြီကိုး။ အဝေးကြီးမှာမို့ တစ်ခါတစ

15 thoughts on “အလွမ်းရယ်တဲ့ ခုနှစ်ထွေ

  1. kom

    phd များလုပ်နေသလား။

    အိမ်ကိုထမင်းဖိတ်ကေူျွးဘို့စိတ်ကူးရသွားပါတ။် သနားလို့။

    Reply
  2. mrdba

    ကိုလူပျို .. ပြီးတော့လဲပြီးသွားမှာပါ။ အရီးကွန် ထမင်းဖိတ်ကွေးရင် ကျွန်တော့်ပါ ခေါ်နော်။

    Reply
  3. ksg

    ပျော်ရာမှာ မနေ တော်ရာမှာ နေရမယ်ပေါ့လေ။ သွားခဲ့ဖူးတဲ့ မြို့တွေထဲ မန္တလေးနဲ့ တောင်ကြီးကိုတော့ အမှတ်တရရှိတယ်။ အစားအသောက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    Reply
  4. kom

    27 Feb 09, 10:00 AM
    ksg: အိမ်ကိုထမင်းဖိတ်ကေူျွးဘို့စိတ်ကူးရသွားပါတ။် အတော်ဟင်းချက် ကောင်းတာကိုး။ အားနာစရာကြီး။

    Reply
  5. kaungkinpyar

    fighting ..fighting..ကိုလူပျိုကြီးရေ၊ကျန်မ ပြန်ဖြစ်ရင် အပြန် ဝယ်ခဲ့မယ်၊ချိတ်ပူနဲ့၊စားရမယ်

    Reply
  6. mrdba

    အိမ်ကို ဖိတ်ပါဦးမယ်ဗျာ။နေဦး နက်ဖြန်တော့ အိမ်ပြောင်းဦးမယ် အိမ်ပြောင်းပြီးမှ နော် … မှော့

    Reply
  7. lupyogyi

    အိပ်ပြောင်းရတဲ့ဒုက္ခကလည်း မသေးဘူး ကိုဒီဘီရေ ပစ္စည်းဘုစုခရုလေးတွေကလည်း သယ်ရင်းသယ်ရင်းများလာတာ ဘာကူရဦးမလဲပြော

    Reply
  8. lupyogyi

    ပြောချင်ရာသာပြောသွားပါ ဘယ်သူကိုမှစိတ်ဆိုးတယ်လို့ မရှိပါဘူးဗျာ။ လာတဲ့လူကို စကားပြောရတယ်လို့ပဲ မှတ်ပါတယ်။ ကောင်းတယ်ထင်ရင် ကောင်းရင်ပြောပါ။ ဝေဖန်စရာရှိရင် ဝေဖန်သွားပါ ဘာမှအားမနာနဲ့။ :D

    Reply
  9. lupyogyi

    ဒါတော့ သူ့အမေပေးတဲ့ နာမည်နေမှာပါ ပေါက်ပေါက်ရှာရှာတော့ မေးမကြည့်မိဘူးဗျာ။ ကြည့်ရတာ သူ့အမေကကွမး်စားလို့ဖြစ်မယ်ထင်ပါတယ်။

    Reply
  10. @lw@y5

    ကိုလူပျိုကြီး ရေ ကျနော် က တောင်ကြီးမှာနေတာပါ.. နောက်များရောက်ခဲ့ရင် ဝင်ခဲ့ပါလို့ဖိတ်ပါရစေ..
    မင်္ဂလာဦးရပ်ကွက်ထဲက ဆိုင်ဘာပလန်းနက် ဆိုတဲ့ အင်တာနက်ဆိုင်လေးကို သာလှမ်းခဲ့ဗျာ.. ဖိတ်ခေါ်တယ်

    Reply
  11. lupyogyi

    တောင်ကြီးမြို့ကို အလည်တစ်ခေါက်ကိုယ်ရောက်တယ် ဆွေသစ်မိတ်သစ်စုံလို့ပါပဲရယ်……
    လာချင်တယ်ဗျ ဒီတစ်ခါအိမ်ပြန်ရင် တောင်ကြီးလာခဲ့မယ်

    Reply
  12. lupyogyi

    ရှေးအဘွားကြီးဆိုတာ ကွမ်းလည်းစားတာပဲဟာကို။

    Reply
  13. mrdba

    ကိုလူပျို .. ပြီးတော့လဲပြီးသွားမှာပါ။ အရီးကွန် ထမင်းဖိတ်ကွေးရင် ကျွန်တော့်ပါ ခေါ်နော်။

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>