Monthly Archives: March 2009

မည်သူ့ကိုမျ ပြန်လည်ဖြေကြားမည် မဟုတ်ပါ

ပြောပြန်ရင်လည်း ကိုယ်လူရည်မလည်တာလူသိကုန်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ခြင်္သေ့နဲ့ကျား နာမည်မှားပေးမိတဲ့နိုင်ငံဆိုတာကို ရောက်နေတာလည်း နည်းနည်းတော့ ကြာပါပြီ ဒါပေမယ့် တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးသေးဘူး။ ဒီနေ့တော့ ဘော်တာအစ်ကိုကြီးတစ်ယောက်က လာဗျာခင်ဗျားနဲ့ ကျွန်တော် ရုပ်ရှင်သွားကြည့်မယ် လာခဲ့ဗျာဆိုလို့ သွားကြည့်တယ်ဗျာ။ အဲ့သည့် ဘော်တာကြီးက သူငယ်ချင်းလို့သာပြောရတယ် ကျွန်တော်နဲ့တော့ အစ်ကိုတစ်ယောက်လိုလည်း ဖြစ်နေခင်နေတာပါ။ ဖြစ်ချင်တော့ ဘယ်သူကံဆိုးပြီး ဘယ်သူကံကောင်းတာလဲတော့မသိဘူးဗျာ ရုပ်ရှင်ရုံအပေါ်မရောက်ခင် အောက်ထပ်က မုန့်စျေးတန်းထဲမှာ ကျောင်းက သူငယ်ချင်းတစ်ယောက်ကို တွေ့တယ်ဗျ။ Continue reading

အိပ်ရာထ မျက်နှာသစ် အစာစား စက်ဘီးပျောက်

အိပ်ယာဘယ်လိုထတာလဲဆိုတာကို ရေးပါတဲ့ ပေါက်ပေါက်ရှာရှာ တက်(ဂ်) သွားတယ် မနေ့မနက်ကရေးမယ်ဆိုပေမယ့် မအားလို့ရယ် ငိုချင်နေတာရယ်ကြောင့် အခုမှပဲ ရေးထားလိုက်တယ်။ ရေးမယ်ဆိုတဲ့ညကလည်း အိပ်လိုက်တာက မနက် ၄း၃ဝ မှအိပ်လိုက်တယ်လေ။

သောကြာနေ့ နံနက် ၈း၃ဝ “အုဝဲ အုဝဲ …… အုဝဲ”။ ခလေးငိုသံကြားတယ် အိမ်မက်ထဲမှာ ဘယ်ကလေးက ငိုနေတာပါလိမ့်။ လူပျိုကြီးလည်း အိမ်ထောင်မကျသေးပါဘူး ကလေးကဘယ်ကရောက်ပါလိမ့်ပေါ့။ မဟုတ်သေးဘူးဟ ဖုန်းလာနေတာပဲ ဖုန်းသံကို ကလေးငိုသံပြောင်းထားတာ မေ့နေတာ။ အိပ်ရေးမဝရတဲ့အထဲ ဘယ်သူဆက်ပါလိမ့် ဆိုကောက်ကိုင်လိုက်တယ် ဖုန်းနံပါတ်ကြည်လိုက်တော့လည်း ဘယ်သူမှန်းမသိဘူး။ “ဟယ်လို ဘယ်သူလဲမသိဘူးခင်ဗျာ”။
Continue reading

Domain အသစ်ပြောင်းခြင်း

အခုပဲ http://lupyogyi.info ဆိုပြီးပြောင်းလိုက်ပါပြီ။ ဒါပေမယ့် DNS အပြောင်းအလဲအတွင်းမှာတော့ ချက်ချင်းဝင်လို့ရမှာ မဟုတ်သေးပါဘူးခင်ဗျာ။ ဖြစ်တတ်တာတော့ ၄၈ နာရီ ကြာတတ်ပါတယ်။ ကြိုတင်အကြောင်းကြားထားပါတယ်ခင်ဗျာ။ လိပ်စာသစ်မှာ အရင်လိုပဲ ဗရုတ်သုတ်ခတွေ ဆက်ရေးတာပေါ့။