တစ်ခဏမှာ ကြုံခဲ့ရဘဝတွေ

ဂေါ်ရခါးခြံစိုက်သမားဘဝ
ကျွန်တော်က အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ရဖို့ရယ် ကိုယ်လုပ်နိုင်တာထက်ပိုပြီး အလုပ်အခိုင်းခံရမယ် ကံပါလာတယ်ထင်ပါတယ် ငယ်ငယ်ကတည်းက အလုပ်လုပ်ခဲ့ရပါတယ်။ ပြောကြမယ်ဆိုရင် ကျွန်တော့်မိဘတွေက ဝန်ထမ်းတွေပါ ဒါပေမယ့်သာမန် စာရေးစာချီအလုပ်လုပ်တဲ့လူတွေ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ အရာရှိတွေပါ။ ဒါပေမယ့်ကျွန်တော့််ကို ဘယ်တော့မှအလကား အလုပ်မလုပ်ခိုင်းပဲ မနေခိုင်းပါဘူး အလုပ်တစ်ခုတော့ အမြဲတမ်းခိုင်းထားပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ငါးတန်းစာမေးပွဲဖြေပြီးတော့ အဖေကဘာလုပ်သလဲဆိုတော့ အိမ်ဝင်းထဲမှာ ဂေါ်ရခါးပင်စိုက်ပေးပါတယ် ပြီးတော့စင်ထိုးပေးပါတယ်။ ပြီးတော့့ဘာလုပ်ခိုင်းသလဲဆိုတော့ ကျွန်တော့်ကို အဲ့ဒီအပင်ရေလောင်း မြေသြဇာကွေးတဲ့အလုပ်ကို မလုပ်မနေရခိုင်းပါတယ် နောက်အပင်တွေကြီးလာတော့လည်း အသီးတွေလိုက်ခူးပြီး စျေးမှာသွားသွင်းတဲ့ အလုပ်ကိုခိုင်းပြန်ပါတယ်။ ဒါပုံမှန်အလုပ်ပဲ တစ်ပါတ်တစ်ခါ ဂေါ်ရခါးသီးခူးပြီးတော့ လှည်းပေါ်တင်ပြီး စျေးမှာသွင်းရပါတယ် လုပ်ကာစကတော့ စျေးကိုသွားသွင်းရတဲ့အလုပ်ဟာ မလုပ်ချင်ဆုံးအလုပ်ပဲ အင်မတန်ရှက်ပါတယ် ဒါပေမယ့်နောက်တော့လည်း ရိုးသွားတာပါပဲ။ ကျွန်တော့်အဖေရဲ့ တပည့်တွေက အမြင်မတော်လို့ကျွန်တော့်ကိုကူလုပ်ပေးရင် သူ့တပည့်တွေ အကုန်လုံးကို ဆူလှတ်လေ့ရှိပါတယ်။ စျေးမှာရောင်းလို့ ရတဲ့ပိုက်ဆံကိုလည်းအိမ်ကို စာရင်းအတိအကျနဲ့ပေးရပါတယ်။ အဲ့ဒါတွေကိုအဖေကလည်း စာရင်းနဲ့အတိအကျမှတ်ထားပြီးတော့ ကျွန်တော့်အတွက်လိုတာရှိရင် အဲ့ဒီပိုက်ဆံထဲကနေ ဝယ်ပေးလေ့ရှိပါတယ်။ မှတ်မှတ်ရရပြောရရင် ကျွန်တော်ငယ်ငယ်ကစီးတဲ့စက်ဘီးရယ် ကျွန်တော်ဗမာပြည်မှာရှိနေစဥ်အထိ စီးနေတဲ့ဆိုင်ကယ် အဟောင်းကလေးရယ်က ကျွန်တော်ကိုယ်တိုင်ရှာခဲ့တဲ့ပိုက်ဆံနဲ့ ဝယ်ပေးထားတာလို့ ပြောပါတယ်။

ကုန်စိမ်းပို့တဲ့အလုပ်သမားဘဝ
ကျွန်တော်ဆယ်တန်းအောင်တော့ မန္တလေးကိုပြန်ရောက်နေပြီ ဖြစ်ချင်တော့ ဆယ်တန်းတစ်နှစ်လုံး ကျွန်တော့်အဖေကျန်းမာရေး တော်တော်လေးဆိုးလာလို့ အလုပ်မလုပ်နိုင်ပါဘူး။ ဒီတော့ကျွန်တော်အလုပ်လုပ်ပြန်ပါတယ် ဒီတစ်ခါတော့စျေးထဲမှာပါ မနက်အစောကြီး ၃ နာရီ ၄ နာရီလောက်ကိုထရပါတယ် စျေးကကုန်စိမ်းဖြန့်တဲ့ဆီကိုသွားရပါတယ် ကုန်စိမ်းမှာထားတဲ့စားသောက်ဆိုင်တွေဆီကို ကုန်စိမ်းတွေလည်ပြီးတော့ ပို့ရပါတယ်။ မနက်အစော ရ နာရီလောက်ဆိုရင်တော့ အလုပ်အားလုံးပြီးပြီပေါ့။ ညပိုင်ကျပြန်တော့လည်း မနက်ကပို့ထားတဲ့ဆိုင်တွေဆီကို ကုန်စိမ်းဖိုးလိုက်ပြီးတော့ကောက်ရပါတယ်။ တစ်ရက်ကို ၅၀ဝ ရပါတယ်။ အဲ့ဒီအချိန်က ၅၀ဝ ဆိုတာ နည်းတော့မနည်းပါဘူး။ ဒါပေမယ့် မများလှပါဘူး။ ကျွန်တော့်အဖေတစ်ရက်သောက်ရတဲ့ ဆေးတန်ဖိုးက ၆၀ဝ လောက်ရှိပါတယ်။ ဒီတော့ကိုယ် တတ်နိုင်သလောက် ဆေးဖိုးရဖို့အတွက် အလုပ်လုပ်ပေးတယ်လို့ပဲ သဘောထားပြီးလုပ်ပါတယ်။ နောက်တစ်နှစ်လောက်ကြာတော့ အဖေအလုပ်ပြန်လုပ်နိုင်ပါတတယ် ဒါပေမယ့် ဒီအလုပ်ကို ကျွန်တော်ဆယ်တန်းအောင်တဲ့ အချိန်ကနေ ကျွန်တော် တက္ကသိုလ်ကနေ ဂုဏ်ထူးတန်းအောင်တဲ့ အချိန်အထိလုပ်နေတုန်းပါပဲ ဒီတစ်ခါတော့ ကိုယ့်ကျောင်းလခရယ် မုန်ဖိုးရတယ်လို့ပဲသတ်မှတ်ပြီးတော့ အလုပ်လုပ်ပါတယ်။ နောက်ပိုင်းတော့ မနက်ပိုင်းကိုယ်အလုပ်နဲ့ကိုယ်ဖြစ်လာလို့ ညပိုင်းငွေကောက်တဲ့ အလုပ်ပဲလုပ်နိုင်တော့တယ်။

ကျူရှင်ဆရာဘဝ
တတိယနှစ်အောင်လို့ ဘွဲ့ရတယ်ဆိုတာနဲ့ဘာလုပ်သလဲဆိုတော့ သူငယ်ချင်း ၃ ယောက်လောက်ပေါင်းပြီးတော့ ဂျူနီယာကျောင်းသားတွေကို ကျူရှင်သင်စားဖို့ကြံစည်ပါတယ်။ တစ်ယောက်ကို ၁ သိန်းနဲ့စုပြီးတော့ အခန်းငှားရပါတယ် မှတ်မှတ်ရရ အရင်အနှီးက ၁ သိန်းထဲ

13 thoughts on “တစ်ခဏမှာ ကြုံခဲ့ရဘဝတွေ

  1. Pinkgold

    လူပျိုကြီးက ဘဝ တော်တော် စုံခဲ့တာပဲ..
    ဘယ်နေရာ ရောက်ရောက် စိတ်ကောင်းရှိဖို့နဲ့ ကြိုးစားဖို့ကသာ အဓိကပါပဲရှင်

    Reply
  2. kaungkinpyar

    ကိုလူပျိုရေ ဘယ်ဘဝ ရောက်ရောက် ရိုးသား၊ကြိုးစားပြီး၊ အဆင်ပြေပြေနေနိုင်အောင် အလုပ်လုပ်နေရတာပါပဲ၊

    Reply
  3. saturngod

    Wow! Imposibble….. ကျွန်တော့်ထက် အများကြီးတော်တယ်ဗျာ…

    Reply
  4. ထင်လင်းအောင်

    အလို…ကိုလူပျိုကြီးရဲ့ဘဝကလည်း စုံလှပါလားဗျို့…..
    ဘဝဆုံတော့ ဘဝအကြောင်းကောင်းကောင်းသိမှာပေ့ါနော်….

    Reply
  5. mikozan

    ဘာပဲ ပြောပြောတို့ အကိုလေးLPK ကိုယူတဲ့ အမျိုးသမီးကတော့ ကံကောင်းမှာ (အောက်သက်ကျေလို့)

    Reply
  6. မောင်ပြုံး

    အစ်ကို ဘာလို့တော်လဲ ဆိုတာ ကျနော်သိသွားပီ… တော်တယ်ဗျာ.. တကယ်အားကျတယ်……
    ကျနော်နဲ့ တအားစီပဲ…..
    ပြန်ခါနီးမတွေ့လိုက်ရတာ ဆောရီး…

    Reply
  7. lupyogyi

    ရပါတယ်မောင်ပြုံးရယ် နောက်တွေ့မှာပေါ့။ နောက်တစ်ခါမှ ညီလေးကိုအစ်ကို ဖဲရိုက်သင်ပေးမယ် အဲလေဟုတ်ပါဘူး ညီလေးသင်ချင်တာပြော သင်ပေးမယ် :D

    Reply
  8. lupyogyi

    မီကိုမခွန်နဲ့နော် ထမင်းဟင်းချက်တတ်တဲ့ မိန်းမပဲယူမှာနော် ကိုယ်ကချက်ကွေးနေရရင် မဟုတ်သေးဘူးဟ :D

    Reply
  9. Kaung Kim Pyar

    အဲ့လို ဘဝကို ရုန်းကန်ခဲ့ရလို့ အားကျမိပါတယ်.. ကျွန်တော်လည်း အဲ့လို ဘဝမျိုးမှာရုန်းကန်ချင်တာပါ..

    Reply
  10. ဇော်ဇော်

    လူပျိုကြီးရေးထားတာ ကြည့်ပြိး အားကျလိုက်တာ.

    Reply
  11. မိုးထက်အိမ်

    ဘဝစုံတော့ လူတွေ အကြောင်း ပိုသိတာပေ့ါ…. :) )

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>