Calm Hill My Random Thoughts

ပလာတာမြင်မှပဲ သိက္ခာကျတော့တယ်

မနေ့ညနေကပါဗျာ ပရောဂျက်အဖွဲ့ဝင်တွေ စုပြီးတော့ လာမယ့်အပါတ်ထဲ လုပ်ရမယ် Presentation အတွက်အစည်းအဝေးကို ကန်တင်းမှာပဲလုပ်လိုက်တာပါ။ ဖြစ်ချင်တော့ ဗမာကကျွန်တော်အပါအဝင် သုံးယောက် အိန္ဒိယကုလားက လေးယောက်နဲ့ စုစုပေါင်း ခုနှစ်ယောက်ပေါ့ဗျာ။ ကျွန်တော်နဲ့ ကုလားသုံးယောက်က အရင်ရောက်နေလို့ သူတို့နဲ့ အတူတူပေါ့ ကုလားစာဝယ်ပြီးစားလိုက်တယ် ဗမာလိုပီပီပြင်ပြင် ခေါ်ရင်တော့ တိုရှေပေါ့ သူတို့ခေါ်တာတော့ အနီးစပ်ဆုံးပြောရရင် ဒေါ်ဆယ်ပေါ့။ သူတို့ကအ့သြတယ်ဗျာ ကျွန်တော့်သူတို့ စားတာလိုက်စားနိုင်လို့။ သူတို့ကလည်းမေးတယ် မင်းတို့ဆီမှာရော ဒါမျိုးမုန့်ရှိသလားတဲ့။ ကျွန်တော့်ကလည်း ဗမာပြည်မှာတော့ ကုလားလုပ်တဲ့ တိုရှေရှိတယ် ဒါပေမယ့် တို့လူမျိုးစာတဲ့မုန့်ထဲမှာလည်း ဒါမျိုးနဲ့ ဆင်တာတွေရှိတယ်လို့ ပြန်ပြောရတယ်။ သူတို့ကမေးတယ် ဘာခေါ်သလဲတဲ့။ ကျွန်တော်ကလည်း သေသေချာချာပြန်ပြောရတယ် ဒါမျိုးဆင်တာတွေကရှိတယ် ဒါပေမယ့် ကုလားပဲအနှစ်လိုဟာနဲ့တော့ တို့မစားဘူး “မုန့်ရေပါး” လို့ခေါ်တယ် နောက်ပြီးတော့ တစ်ချို့နေရာတွေမှာ “မုန့်ပြားသလက်” ဒါမှမဟုတ် “မုန့်ပြစ်သလက်” လို့လည်းခေါ်ကြတယ် အကြော်နဲ့စားတယ်လို့ ဖြေတာပေါ့။ ဒါကိုလည်းမပြီးဘူး အကြော်ဆိုတာ ဘာမျိုးလဲမေးပြန်ရော။ ဒါနဲ့ ကုလားမကြီးဆိုင်က ကုလားဘယာကြော်ကို လှမ်းပြီး ဒါမျိုးဟာတွေ တူတော့မတူဘူးပြောမှပဲ ရပ်တော့တယ်။ နောက်မေးပြန်ရော မင်းဗမာပြည်မှာ ဘယ်မှာနေတာလဲတဲ့။ ငါကမန္တလေးမှာနေတာ လို့ပြောတော့ ဘယ်နားလဲတဲ့ ဒါနဲ့ပြောတာပေါ့ ဗမာပြည်အလယ်လောက်မှာရှိတယ် အရင်ကတော့ ဗမာဘုရင်ရှိစဥ်ကတော့ နောက်ဆုံးနန်းစိုက်တဲ့နေရာဆိုတော့မှ သူတို့နည်းနည်းမြင်လာတယ်။ နောက်မှသတိရလို့ပြောလိုက်တယ် ချန်ဒရာဘို့စ် မန္တလေးမှာ ထောင်ကျသေးတယ်လေကွာလို့ ပြောမှကွက်ကွက်ကွင်းကွင်း မြင်တော့တယ်။ နောက်တော့မှ မန္တလေးနဲ့ စကားစပ်မိလို့ဆက်ပြောဖြစ်တယ် သူတို့ကလည်းပြောတယ် မင်းတို့ဘုရင် အိန္ဒိယမှာ သေသွားတာထင်တယ်တဲ့ သူ့မျိုးဆက်တစ်ချို့တောင် အိန္ဒိယမှာ အိမ်ထောင်ကျပြီးကျန်ခဲ့တယ်တဲ့။ ဟုတ်တယ်လေ သူတို့ကလည်း ဟုတ်တာပြောတာပဲ သီပေါမင်းအမျိုးတွေ ဘယ်သူနဲ့ရရ ကိုယ်လည်းစိတ်မဝင်စားပါဘူး ဗမာပြည်ကြီး သိက္ခာကျသွားတယ်လို့လည်း မထင်ပါဘူး။ ဒါနဲ့ ဘာမှပြန်ပြောမနေပါဘူး ဟုတ်တယ် သူအဲ့ဒီမှာသေသွားတာလို့ ပြန်ပြောလိုက်တယ်။

နောက်တော့ သူတို့ကလည်း သူတို့နိုင်ငံအကြောင်းတွေပြောတယ် ကိုယ်လည်းသိသလောက် ဝင်ပြောပေါ့။ သူတို့လွတ်လပ်ရေးခေါင်းဆောင်တွေ အကြောင်းပြောတော့ ကိုယ်လည်းသိတာပဲ ဂန္ဒီတို့ နေရူးတို့တော့ ကိုယ်လည်းသိတာပဲ။ သူတို့တိုင်းပြည် ခေါင်းဆောင်တွေအကြောင်း ကိုယ်သိတယ်ဆိုတော့ သူတို့လည်း တော်တော်လေး ဝမ်းသာကြတယ်။ သူတို့ကလည်းပြောပါတယ် မင်းတို့လွတ်လပ်ရေး ခေါင်းဆောင်ကိုလည်း သိတယ် ဦးအောင်ဆန်းတဲ့။ ကျွန်တော်ကလည်း ပြန်မေးပါတယ် နေရူးနဲ့ အောင်ဆန်းက တော်တော်လေးခင်ကြတယ် သိလားလို့မေးတော့ သူတို့တော်တော်လေး အံသြတယ် မသိဘူး။ ဒါနဲ့ပြောပြရတယ် အင်္ဂလန်မသွားခင် အိန္ဒိယကိုဝင်ပြီး နေရူးကိုသွားတွေ့တာတွေ ဝတ်စရာမရှိလို့ အင်္ကျီချုပ်ပေးလိုက်ရတာတွေ နောက်ဆုံးစျာပနမှာ ဝတ်သွားရတာက အဲဒီ့အင်္ကျီဆိုတာတွေပေါ့။ သူသေသွားတော့ ဂန္ဒီက အာရှရဲ့မျော်လင့်ထားတဲ့ အနာဂတ်ခေါင်းဆောင်တစ်ယောက် ကွေလွင့်သွားပြီလို့ ညည်းခဲ့တဲ့ အကြောင်းတွေပြောတော့ သူတို့တော်တော်စိတ်ဝင်စားတယ်။ မင်းကဘာလို့ ဒို့နိုင်ငံက ခေါင်းဆောင်တွေအကြောင်းသိတာလဲတဲ့။ ဒါနဲ့ပြောရတယ် ဒို့က အခြေခံပညာရေးမှာ သင်ခဲ့တုံးက သမိုင်းကို အစပိုင်းမှာ လူငယ်တွေစိတ်ဝင်စားမယ့် လူတစ်ယောက်ချင်းအကြောင်းနဲ့ စသင်တယ် ဒီတော့ နိုင်ငံပေါင်းစ