အိပ်ရာထ မျက်နှာသစ် အစာစား စက်ဘီးပျောက်

အိပ်ယာဘယ်လိုထတာလဲဆိုတာကို ရေးပါတဲ့ ပေါက်ပေါက်ရှာရှာ တက်(ဂ်) သွားတယ် မနေ့မနက်ကရေးမယ်ဆိုပေမယ့် မအားလို့ရယ် ငိုချင်နေတာရယ်ကြောင့် အခုမှပဲ ရေးထားလိုက်တယ်။ ရေးမယ်ဆိုတဲ့ညကလည်း အိပ်လိုက်တာက မနက် ၄း၃ဝ မှအိပ်လိုက်တယ်လေ။

သောကြာနေ့ နံနက် ၈း၃ဝ “အုဝဲ အုဝဲ …… အုဝဲ”။ ခလေးငိုသံကြားတယ် အိမ်မက်ထဲမှာ ဘယ်ကလေးက ငိုနေတာပါလိမ့်။ လူပျိုကြီးလည်း အိမ်ထောင်မကျသေးပါဘူး ကလေးကဘယ်ကရောက်ပါလိမ့်ပေါ့။ မဟုတ်သေးဘူးဟ ဖုန်းလာနေတာပဲ ဖုန်းသံကို ကလေးငိုသံပြောင်းထားတာ မေ့နေတာ။ အိပ်ရေးမဝရတဲ့အထဲ ဘယ်သူဆက်ပါလိမ့် ဆိုကောက်ကိုင်လိုက်တယ် ဖုန်းနံပါတ်ကြည်လိုက်တော့လည်း ဘယ်သူမှန်းမသိဘူး။ “ဟယ်လို ဘယ်သူလဲမသိဘူးခင်ဗျာ”။

Caller: “Hey, you! What are you talking? I cannot understand. I’m your Prof. I calling using the phone from my office.”
Me: “Oh! Sorry Sir, I think, it was one of my friend calling”
Caller: “Hey! It’s fine, I’m also one of your friend. Come to the Lab by 9:00 AM. I forgot to check your report. Please come to me and explain again.”
Me: “Ah! Sir, I think, I reported and explained you about at least 2 hours.”
Caller: “Sorry boy, I’m very busy in yesterday and now I cannot recall anythings about your report!”
Me: “Ok Sir! I will come by 9:00 AM”

ဒါနဲ့ ရှစ်နာရီခွဲနေတော့ အိပ်ယာအလူးအလဲထ ရေချိုးခန်းထဲမဝင်ခင် ရေနွေးအိုးကိုတည်ပါတယ်။ မတ်ခွက်ထဲကို ကော်ဖီတစ်ထုပ် ဖောက်ထည့် ဇွန်းပါအဆင်သင့်တပ်ထား ပြီးတော့မှ ရေချိုးခန်းထဲအမြန်ဝင်။ မျက်နှာသစ် သွားတိုက် ရေချိုးအပြီး အပြင်ပြန်ထွက်တော့ ရေနွေးကဆူနေတာနဲ့ အကိုက်ပဲ။ ဒါနဲ့ကော်ဖီခွက်ထဲ ရေနွေးထည့်ပြီးတော့ အခန်းထဲအမြန်ပြန်ပြီး အဝတ်အစားလဲ။ ဒီလိုပဲ မုန်နဲ့ ကော်ဖီကို ပြင်ရင်ဆင်ရင်းပဲ စျေးထဲကနွားကြီး ငှက်ပျောသီးဆွဲပြေးရင်း စားသလိုပဲ စားလိုက်ရပါတယ်။ ပြီးပြီဟေ့ဆိုပြီး အိမ်အပြင်ထွက်လိုက်မှပဲ ရင်ဆို့သွားပါတော့တယ် ညကရပ်ထားပြီးသောခတ်ထားတဲ့ ကျွန်တော့်် စက်ဘီးက သော့အပျက်ပဲကျွန်တော့်တယ် စက်ဘီးမရှိတော့ဘူး။ ဒီလိုနဲ့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ နောက်ဆုံးတော့ Bus နဲ့ပဲကျောင်းကို သွားလိုက်ရပါတယ်ဗျာ။ မနေ့ညကလည်း အိမ်ကိုကားမမှီတော့တာနဲ့ စက်ဘီးမရှိတော့ အဝေးကြီး လမ်းလျောက်ပြန်လိုက်ရတယ်။ ပြောရင်းနဲ့ကို ငိုချင်လာပြီ အဟင့် အဟင့် ရှတ်…။

13 thoughts on “အိပ်ရာထ မျက်နှာသစ် အစာစား စက်ဘီးပျောက်

  1. kom

    တို့လဲငိုသွားတယ။် အိမ်အောက်မှ သော့ခတ်ထားတဲ့စက်ဘီးကလေး ဘီးတလုံး ပျောက်သွားတာ မြင်ယောင်လာမိလို့။

    Reply
  2. Lu Pyo Gyi

    kom => တော်သေးတာပေါ့ ဘီးက တစ်လုံးတည်ပျောက်တာ ဆပ်ကပ်ထဲကလို ထောင်စီးရင်ရသေးတယ်။ ကျွန်တော့််မှာက သော့ပဲကျန်ခဲ့တယ်ဗျ။ သံကြိုးကို လူကြုံမှ အိမ်ပြန်ပို့မယ် ခွေးချည်လို့ရတာပေါ့ဗျာ။ :D

    Reply
  3. ငယ်

    ပာိပာိ၊ ပေါက်ပေါက်ရှာရှာ တဂ်တာ ကိုပဲ ရေးပေးတာ ကျေးဇူးတင်ပါတယ်ရှင်၊

    Reply
  4. ညခင်း

    အဲဒါမို့လို့ အသံကြားလိုက်တယ်….အူဝဲ အူဝဲ နဲ့ လူပျိုကြီးငိုသံပဲ
    ဟီးးး နောက်တာနော်။
    ညခင်း ကိုတက်စ်တယ်။ ဘီလိုရေးရမှန်းမသိလို့ သူများတွေကို လိုက်လိုက်ချောင်းနေတာ။

    Reply
  5. ထင်လင်းအောင်

    tag လေးဖတ်သွားတယ်….ကိုးနတ်ရှင် ပျက်နေလို့
    ကျနော်လည်း မလာနိုင်မသွားနိုင်ဖြစ်နေတာ..

    Reply
  6. sin dan lar

    မုန့်စား၊ ကော်ဖီသောက်တာကို ဥပမာအလင်္ကာအပေးကောင်းချက်၊ ရက်စက်တယ်..။
    မြန်မာစာ ဂန်ဒူး ထွက်ခဲ့သလား…ငှင်

    Reply
  7. Lu Pyo Gyi

    ဖြစ်ရမယ် ဒေါ်ဆင်တို့ကတော့ ပြောလိုက်ရင် အလန့်တကြား ဒါမျိုး ဥပမာ အလင်္ကာကို မကြားဘူးသေးဘူး ထင်တယ်။ ဗမာစာ Vocabulary မပိန့်ရှုံအောင် သတိထားနော်။ :D

    Reply
  8. July dream

    ကျန်းမာရေးကောင်းအောင် လမ်းများများ လျောက်စေချင်လို့ စေတနာ ဗလပွနဲ့ စက်ဘီး ခိုးသွားပေးတာ ထင်ပါတယ်။ ကျေးဇူးတင်လိုက်ပါဗျာ။

    Reply
  9. ထင်လင်းအောင်

    tag လေးဖတ်သွားတယ်….ကိုးနတ်ရှင် ပျက်နေလို့
    ကျနော်လည်း မလာနိုင်မသွားနိုင်ဖြစ်နေတာ..

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>