Calm Hill My Random Thoughts

Technical Blog

အခုနောက်ပိုင်း ကျွန်တော့်ဘလော့ကို လာတဲ့လူတွေက လူအမျိုးမျိုးဖြစ်နေတာ တွေ့ရပါတယ်။ တစ်ချို့က Computer Technical Background ဖြစ်နေပြီး တစ်ချို့ကတော့ မဟုတ်ဘူးဖြစ်နေပါတယ်။ တစ်ခါတစ်လေ ကျွန်တော် Technical ရေးထားချင်ပေမယ့် လာတဲ့လူတွေအမျိုးမျိုး ဖြစ်နေလို့ နည်းနည်း အဆင်မပြေဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်ရဲ့ ဘော်တာတော်တော်များများကလည်း ပြောကြပါတယ် မနေ့ကကိုပြောသွားပါတယ် ပြောသွားတဲ့လူက ကိုသာသာပါ ခင်ဗျားကိုယ့်ဘလော့ကို ကောင်းကောင်းမွန်မွန် Technical လေးဘာလေးရေးပါတဲ့။ ရောရေးထားပြန်ရင်လည်း ဖတ်ရခက်နေမှာပါ ဒါကြောင့်အခုတော့ Hosting လည်းပြောင်းပြီးသွားပြီဆိုတော့ Sub Domain ထပ်ခွဲလိုက်ပါတယ်။ Technical Post တွေကို http://technotes.lupyogyi.info မှာပဲတင်ပါတော့မယ်။ ဘလော့ဆိုပေမယ့် ကျွန်တော့်ရဲ့မှတ်စု သဘောမျိုးဖြစ်နေမှာဖြစ်လို့ ဖတ်လို့ ကောင်းချင်မှကောင်းမှာပါ။ အခုတော့ဝင်မကြည့်ပါနဲ့ဦး ဘာမှမလုပ်ရသေးပါဘူး။ Folder က ဗလာသက်သက်ဖြစ်နေပါတယ်။ ဒီဘက် ဘလော့ကတော့ ထုံးစံအတိုင်း ကျွန်တော်ရေးချင်တဲ့ ရောက်တတ်ရာရာတွေပဲ ရေးနေမှာပါ။