Calm Hill My Random Thoughts

Oracle, Sun, IBM, Microsoft, Java, Solaris and MySQL ?

ဒီတစ်ရက်နှစ်ရက်အတွင်း ကွန်ပျူတာလောကကို အပြင်းအထန် လှုပ်ခတ်သွားတာကတော့ Oracle က Sun Microsystem ကို ခန့်မှန်းခြေဒေါ်လာ 7.4 ဘီလီယမ် နဲ့ ဝယ်ယူတော့မယ် ဆိုတဲ့သတင်းပါပဲ။ အင်အားကြီး နည်းပညာ ကုမ္ပဏီနှစ်ခု တစ်ပေါင်းတည်း ဖြစ်သွားတော့မယ်ဆိုတာ သေချာသလောက်ရှိသွားပါပြီ။ စဥ်းစားစရာတွေကတော့ အများကြီးပါပဲ မကြာသေးခင်နှစ်တွေ အတွင်း Oracle ဟာ နည်းပညာကုမ္ပဏီတွေကို ဝယ်ယူနေတာပါ။ ဥပမာပြောရရင် ၂၀၀၄ခုနှစ်မှာ PeopleSoft ၊ ၂၀၀၅ ခုနှစ်မှာ Siebel ၊ ၂၀၀၈ ခုနှစ်မှာ BEA ကိုဝယ်ခဲ့ပါတယ်။ ဒီတစ်ခါထူးခြားတာက Sun Microsystem မှာက Oracle စိတ်ဝင်စားစရာက Java & MySQL ကိုလား ဒါမှမဟုတ် Server စျေးကွက်ကိုလား။

ပြောရမယ်ဆိုရင်တော့ Oracle က Java ကိုအများကြီး Support လုပ်ထားတာ ကြာပါပြီ တစ်ချိန်မှာ Java ကိုသူမွေးစားရဖို့က သေချာသလောက် ဖြစ်နေပါပြီ ဒါကြောင့်ပဲ အပိုင်ဝယ်လိုက်တာလား။ ဒါဆိုရင်တော့ Oracle ဟာ Microsoft ကိုပထမဆုံးအကြိမ် ထိပ်တိုက်ယှဥ်ပြိုင်ရတာပဲ။ Oracle ဟာဘယ်တုံးကမှ Microsoft ကိုပြိုင်စရာလို့ မသတ်မှတ်ဘူး။ Microsoft ကသာ Oracle ကိုနောက်ကနေ လိုက်ယှဥ်ပြိုင်ရပါတယ်။ .Net Framework ကို SQL Server မှာ Integrate လုပ်လိုက်တာဟာ Microsoft က Oracle ထက်ပထမဆုံးအကြိမ် Supportable မှာကျော်တက်နိုင်ခဲ့တာပဲ ဒါပေမယ့် ကျန်တဲ့အပိုင်းတွေကတော့ ရှုံးနေဆဲပါပဲ။ ဒီအတွက်ကြောင့်ပဲ Oracle ဟာ Middle Ware အတွက်ရည်ရွယ်ပြီး Java အတွက် Sun ကိုဝယ်ဖို့ကြံတာလဲ အကြောင်အရင်း တစ်ခုဖြစ်နိုင်ပါတယ်။

MySQL ကတော့ Oracle အတွက် အရေးစိုက်စရာ မဟုတ်ပေမယ့် ဘယ်လိုကိုင်တွယ်မယ်ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ Open Source ဆိုတာ Oracle အတွက် နားခံသာမယ့် စကားလုံးတော့ မဟုတ်တာသေချာပါတယ်။ ဒါပေမယ့် Oracle ပိုင်တဲ့ Open Source တွေလဲရှိတာပဲ ဥပမာပြောရရင်တော့ Berkeley DB ဟာ Open Source ဖြစ်ပေမယ့် Oracle ဆက်ပြီး ထိမ်းပေးထားပါတယ်။ MySQL ကိုတော့ ချမ်းသာပေးမလား ဘာလုပ်မယ်တော့ ပြောလို့မရနိုင်သေးဘူး။ Oracle အနေနဲ့ MySQL ကိုတော့ ပြိုင်ဖက်လို့ကို သဘောမထားတာပါ နောက်ပြီးတော့ MySQL ဆီကနေ Oracle ကူးယူရမယ်ဆိုတဲ့ နည်းပညာလည်း ရှာမတွေ့ပါ။ ဒါပေမယ့် တစ်ခြားဘက်ကနေ စဥ်းစားမယ်ဆိုရင် MySQL မရှိရင် အခုလက်လက်ရှိ MySQL သုံးနေတဲ့လူတွေ ဘာသုံးမလဲ။ MySQL မရှိလို့ Oracle ကိုတော့ ဘယ်သူမှ ဝယ်မသုံးတာ သေချာတယ်။ PostgreSQL ကိုပဲလှည်မလား မထူးပါဘူးဆိုပြီး ပေါချောင်ကောင်း Microsoft SQL Server ကိုပဲသုံးမလား။ MySQL Community Server အတွက်အစားထိုးဖို့ကတော့ PostgreSQL အဖြစ်နိုင်ဆုံးဖြစ်ပေမယ့်။ MySQL Enterprise သုံးနေတဲ့လူတွေ အတွက်ကတော့ Oracle အစား Microsoft SQL Server ကိုသုံးဖို့က ၈၀% သေချာပါတယ်။ ဒါတွေကို ထောက်ခြင်းအားဖြင့် Oracle အနေနဲ့ MySQL ကိုရှင်သန်ခွင့်ပေးမယ်လို့ ခန့်မှန်းရပါတယ်။ ဟုတ်မဟုတ်ကတော့ Oracle မှတပါး အခြားသူမသိနိုင်ပါ။

နောက်ထပ်အရေးကြီးတဲ့ စျေးကွက်ကတော့ High End Server စျေးကွက်ပါပဲ။ ဒီလောကမှ ကြီးစိုးထားနိုင်တဲ့ ကုမ္ပဏီသိပ်မများပါဘူး IBM, HP, Dell, Sun လေးခုလောက်ပဲရှိမယ်။ ဒါပေမယ့် Complete Data Centre စျေးကွက်မှာတော့ ကိုယ်ပိုင် Product အပြည့်ရှိတာက IBM တစ်ခုပဲရှိပါတယ်။ ကျန်တဲ့ ၃ ခုက ကိုယ်ပိုင် Hardware Technology & Software Technology ရှိကြပေမယ့် Database Technology တစ်ခုမှမရှိပါဘူး။ IBM မှာတော့ အပြည့်အစုံရှိပါတယ်။ Oracle အနေနဲ့ Sun ကိုပိုင်သွားတာဟာ ကိုယ်ပိုင် Branded နဲ့ Complete Data Centre ထုတ်ရောင်းနိုင်တဲ့ ကုမ္ပဏီတစ်ခုတိုးလာတာပါ။ Oracle Database + Sun Hardware + Solaris ဆိုတာဟာ တော်တော်ကြောက်စရာကောင်းတဲ့ နည်းပညာပေါင်းစည်းမှု့ပါပဲ။ IBM အတွက်တော့ အင်မတန်ကြီးတဲ့ ပြိုင်ဘက်တစ်ယောက်တိုးတာပါပဲ။ Sun ကို IBM ဝယ်ဖို့ကြိုးစားပေမယ့် မရလိုက်တာ အင်မတန် ကံဆိုးတယ်ပဲ ပြောရမလား။

ဒီအခြေအနေမှာ ဘယ်သူတွေ အကျိုးရှိလို့ ဘယ်သူတွေ အကျိုးယုတ်သွားသလဲ တော်တော်လေးစဥ်းစားရမယ်ထင်တယ်။ Oracle, Sun, IBM, Microsoft, Java, Solaris, MySQL ဘယ်အပေါ်မူတည်ပြီး သုံးသပ်ရမလဲ တော်တော်ခက်မယ်။

(Who wins, who loses in an Oracle-Sun deal? ကိုမှီငြမ်း၍ မိမိအမြင်ကို ထင်ရာမြင်ရာရေးသည်)