Monthly Archives: May 2009

အမည်သညာခေါ်စရာကား

Tag ဆိုတာကလည်း နင်းသွားပြန်ပြီ ဒီတစ်ခါ နင်းတာကတော့ နည်းနည်းပြင်းတယ်ဗျ ဘာလို့လဲဆိုတော့ နင်းတဲ့လူက ကိုဒီဘီဆိုတော့ လူဝိတ်ကမနည်းဘူး။ ရေးစရာက လူပျိုကြီးမှာက အင်တာနက်ပေါ်က နာမည်ဆိုတာက တစ်ခုပဲရှိတာကို သူများတွေလို ချဲ့ကားပြီးတော့ ရေးလို့ကလည်းမရဖြစ်နေတယ်။ ဒီတော့ ရေးခဲ့ဖူးတဲ့ ကလောင်နာမည်တွေ ရေးရမယ်ထင်တယ် အဲလေ ကလောင်မရှိတော့ဘူးဆိုတော့ ဘောပင်နာမည်ကိုပြောပါတယ်။

ကလောင်နာမည်ထဲမှာ Funakoshi ရဲ့ ကလောင်နာမည်ကို အရမ်းသဘောကျတယ် Shoto ဆိုပြီး ကလောင်နာမည်သုံးပြီး ရေးရာကနေ သူ့ရဲ့သင်တန်းကျောင်း နာမည်ကို တပည့်တွေက Shotokan လို့ပေးကြတယ်။ သူပြောတဲ့ Shoto ဆိုတာက ဗမာလိုပြန်ရင် ထင်းရှူးလှိုင်းလို့ခေါ်တာပေါ့။ ငယ်ငယ်ကတည်းက ထင်းရှူးတောထဲမှ နေဖူးတော့ ထင်းရှူးပင်ဆိုရင် အရမ်းသဘောကျတယ် လေတိုးလို့ မြည်တဲ့အသံလေးကို အရမ်းသဘောကျပါတယ်။ ဒါကြောင့် ထင်းရှူးသံစဥ် လို့ကလောင်နာမည် ပေးဖူးပါတယ်။ ဖိုးကျော့ကိုအားကျလို့ ငယ်ငယ်ကတည်းက တောထဲလိုက် နေတာလေးတွေကို ဝတ္ထုတိုလေးတွေ ရေးပြီးတော့ အဖေရုံးကထုတ်တဲ့ မဂ္ဂဇင်းကိုတိတ်တိတ်လေး ပို့လိုက်တာကို မပါပါဘူး။ ဘယ်ပါမလဲ အယ်ဒီတာတာဝန်က အဖေကိုယ်တိုင်ယူမှတော့ ကျွန်တော်ရေးမှန်း တန်းသိတာပေါ့။ အဖေက ကျွန်တော်စာရေးတာကို ဝါသနာပါမှန်းသိပေမယ့် စာရေးဆရာဖြစ်ချင်တယ်ဆိုတဲ့ အထိတော့ ဖြစ်စေချင်လို့ပါ။ ဒါနဲ့ပဲ ဝတ္ထုတိုရေးတဲ့ ဇာတ်လမ်းက တစ်ခန်းရပ်သွားပါတယ်။
Continue reading

Swordsmanship

ဂျပန်ကြီး ဓားကိုင်ပြီး ကစားပြီဆိုရင် လူတွေပြောတတ်တာက Kendo ဆိုပြီး အမြဲပြောတတ်ကြတယ်။ တော်တော် များများကတော့ မှန်မှာပါ ဒါပေမယ့် အခုခေတ် Kendo ကတော့ ဓားအစစ်ကိုကိုင်တာ ရှားပါတယ် မကိုင်ဘူးမပြောပါဘူး ဒါပေမယ့် တော်တော်ရှားပါတယ်။ တစ်ကယ်က ဂျပန်မှာက မေဂျီတော်လှန်ရေး မတိုင်ခင်က ကိုယ်ခံပညာတွေကို Koryu ( 古流 ) လို့ခေါ်တယ် နောက်ပိုင်းပေါ်လာတဲ့ ကိုယ်ခံပညာတွေကို Gendai Budo ( 現代武道 ) လို့ခေါ်ပါတယ်။ Gendai ထဲမှာက အခုခေတ် ခေတ်စားနေတဲ့ Karate, Judo, Aikido, Kendo, Iaido, Kyudo တွေကိုထည့်ထားတယ် တစ်ခါတစ်လေ Sumo ကိုတောင် Gendai ထဲမှာထည့်တတ်တယ်။ ဒါပေမယ့် Sumo ကတော့ ရှေးကတည်းက ကိုယ်ခံပညာမဟုတ်ပဲ အားကစားအဖြစ် သတ်မှတ်ထားတာဆိုတော့ ဘယ်ထဲထည့်ထည့် ပြဿနာမဟုတ်ပါဘူး။

ဗမာပြည်မှာ ပြပွဲတွေလုပ်ရင် ငှက်ကြီးတောင်နဲ့ ငှက်ပျောတုံးကို ခုတ်ပြတတ်တယ် တစ်ခါတစ်လေ ငှက်ပျောတုံးပေါ်မှာ ရေအိုးတွေဘာတွေတောင် တင်ထားပြတတ်တယ်။ ဂျပန်တွေကတော့ မြက်ဖျာကို ဝါးလုံးမှာပတ်ပြီးတော့ ခုတ်ပြပါတယ်။ ဝါးလုံးက ၄၅ ဒီဂရီမကျရင် ဒီအတိုင်းခုတ်ရင်တောင် ခုန်သွားတတ်ပါတယ်။ ပြောရမယ်ဆိုရင် မြက်ဖျာဆိုတာက ပျော့တယ် ဝါးလုံးကမာတယ် ဒါကိုပြတ်အောင် ခုတ်ရတာက ငှက်ပျောတုံး ခပ်လေးလေးကို တစ်သတ်မှတ်တည်း ခုတ်ရတာထက် ပိုပြီးတော့ခက်ပါတယ်။ ဒါတွေကတော့ Koryu ကအတတ်ပညာတွေပါ ရှေးကဆိုရင် လူကိုပြတ်အောင် ဘယ်လိုခုတ်မယ်ဆိုတဲ့ အတတ်ပညာတွေကိုပါ လေ့ကျင့်ပါတယ်။ လေ့ကျင့်တာက သင်္ချိုင်းမှာ လူသေတွေကို စင်ပေါ်တင်ပြီး အရင်ဆုံး အခုတ်ကျင့်ရာကနေ စတယ်လို့ ကြားဖူးပါတယ်။ အခုခေတ်တော့ မရှိတော့ပါဘူး။ Youtube ကနေ တွေ့လို့ သဘောကျလို့ တင်ထားတာပါ။ အောက်ဆုံးတစ်ခုက ဂင်းနစ်စံချိန်ချိုးတာဆိုပဲဗျ။











ကျွန်တော်ဖြတ်သန်းခဲ့သော မန္တလေး လက်ဘက်ရည်ဆိုင် ယဥ်ကျေးမှု့

လက်ဘက်ရည်ဆိုင်ဆိုတာ ကျွန်တော့်ဦးလေးတွေ ခေတ်ကတော့ လူကြီးတွေဆုံးမတဲ့ မသွားသင့် မထိုင်သင့်တဲ့ နေရာပေါ့ဗျာ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းလေးတစ်ခုတောင် မှတ်မိပါသေးတယ် ကလေးက ၉ တန်းအရွယ် အိမ်ကမနိုင်လို့ ဦးလေးဆီပို့လိုက်ရတယ် ဘာလို့လဲဆိုတော့ သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တယ် လမ်းထိပ်မှာ ဂစ်တာတီးတယ်တဲ့။ အခုခေတ်တော့ လက်ဘက်ရည်ဆိုင်ထိုင်တာများ အဆန်းမှတ်လို့ လမ်းထိပ်ဂစ်တာတီးတာများ စကားထဲထည့်ပြောမနေပါဘူး။ ဘယ်ပြောမလဲ အဲဒီခေတ်က အပြောခံခဲ့ရတဲ့လူငယ်တွေက အခုခေတ် ကိုယ့်အဖေအရွယ် ဦးလေးအရွယ်တွေကိုးဗျ။ သူတို့အသားလွတ် အကန့်အသတ်ခံခဲ့ ရတဲ့ကိစ္စတွေကို လွတ်လပ်ခွင့်ပေးတဲ့သဘောပါ။ အချိန်နဲ့သွား အချိန်နဲ့ပြန်လို့ပဲ တစ်ချို့အိမ်တွေက ပြောတာပဲရှိပါတယ်။
Continue reading