Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း ( ရ )

အခန်း(၆)

ဘိုးဘိုးကြီးနှင့် ကိုယ်ရေးအရာရှိ အတင်းတုတ်နေစဥ် မင်းသမီး ထဘီခါးတောင်းကျိုက်ဖြင့် နတ်နန်းနားသို့ ပြေးလာသည်။ နောက်မှ သစ်ခွခြံစောင့် နတ်မှ ကွဲမရှိသဖြင့် ကုလားထိုင်ကို ကွဲစစ်စစ်ဖြစ်သည်ဟု စာကိုဆွဲပြီး ကိုယ်တိုင်ပဲ ကုလားထိုင်ကို မ၍ပြေးလိုက်လာသည်။

ဘိုးဘိုး။ ။ ဟဲ့ဟဲ့… ဟိုကပြေးလာတာ ဘယ်သူလဲဟဲ့ ငါ့မျက်စေ့က မှုန်တယ်သိပ်မသဲကွဲဘူး ကြည့်စမ်းပါဟဲ့။
ကိုယ်ရေးအရာရှိ။ ။ ဟာ… ဒါငမြတ်ကြီး ကောင်မလေးပဲဗျ ငမြတ်ကြီးမပါပဲ တစ်ယောက်တည်း ပြေးလာတာ တစ်ခုခုတော့ တစ်ခုခုပဲ။ နောက်မှာလဲ ကျွန်တော်တို့လို ယူနီဖောင်းနဲ့ သစ်ခွခြံကကောင်လည်း ကုလားထိုင်မပြီး ပြေးလိုက်လာပါလား။ ဒီအကောင်း ငမြတ်ကြီး ကောင်မလေးကို လိုက်ဖမ်းနေတာပဲဗျ။
ဘိုးဘိုး။ ။ ဒီလိုလုပ်လို့ဘယ်ရမလဲ ခြံစောင့်ကများလူပါးဝလို့ အဲလေ နတ်ပါးဝလို့ ငါ့ကျောင်းသူတွေကို လိုက်ဆွဲစရာလား ဆွဲချင်းဆွဲရင် ငါပဲဆွဲမယ်။
ကိုယ်ရေးအရာရှိ။ ။ အဲဒီတာဝန်ကို ကျွန်တော့်ကို လှဲပါဘိုးဘိုးရယ်။ ဘိုးဘိုးအသက်ကြီးပြီ ဒါတွေ စိတ်မဝင်စားပါနဲ့တော့။
ဘိုးဘိုး။ ။ ဟဲ့… ခြံစောင့် နင်ငါ့နယ်ထဲ ကုလားထိုင်မပြီး ဘာကြောင့်ဝင်လာတာလဲ။
သစ်ခွခြံစောင့်နတ်။ ။ ဘာလဲကုလားထိုင် ဒါစီးတော်ကွဲဗျ မမြင်ဘူးလား စာဆွဲထားတယ်။ သူလည်းခြံစောင့်ပဲဟာ ကြီးကြီးကျယ်ကျယ်လာလုပ်နေတယ်။ ကျုပ်လူ့ဘဝတုံးက ကောင်မလေးကို ပြန်ခေါ်နေတာဗျ။
ဘိုးဘိုး။ ။ ဘာပြောတယ် ဒါကကွဲဟုတ်လား စောစောက ဒီကုလားထိုင်က ရှေမန်းမေပါဟ ဘယ်နှယ်ကွဲဖြစ်သွားတာလဲ။ စာတမ်းပြောင်းလိုက်တာနဲ့ ကွဲဖြစ်ကရောလား။ ဘာခြံစောင့်လည်း ငါက ကက်ဘိနက်က တိုက်ရိုက်ခန့်တဲ့ တက္ကသိုလ်လုံခြုံရေး တာဝန်ကို ယူထားတာ နင့်ကို လွတ်ရာဝင်နေတဲ့ ရိုးရိုး ခြံစောင့်မဟုတ်ဘူး။ လာခဲ့ ငါ့နယ်ထဲရောက်မှတော့ ဒို့ဖိုက်တင်ပလေးမှ ရမယ်။
သစ်ခွခြံစောင့်နတ်။ ။ လာလေ့ရော ဒါက သဇင်လက်သီး။
ဘိုးဘိုးကြီး။ ။ သဇင်လက်သီးလောက်တော့ Assembly လက်ဝါးနဲ့ ပြန်ချတယ်ဟေ့။
သစ်ခွခြံစောင့်နတ်။ ။ ရော့ ဗင်ဒါပန်း လက်နက်ပုန်း။
ဘိုးဘိုးကြီး။ ။ ဘယ်ရမလဲ ခြံစောင့်ရယ် C++ က ++ နှစ်ခုကို လက်နက်ပုန်းအဖြစ် ပြန်ပြစ်လိုက်မယ် ရှောင်နိုင်ရင် ရှောင်ပေတော့။
သစ်ခွခြံစောင့်နတ်။ ။ လာပြီဆင်စွယ်ဂမုန်းဓားသိုင်း။
ဘိုးဘိုးကြီး။ ။ Calculus ထဲက Integration သင်္ကေတကို ဓားကောက်လုပ်ပြီး ပြန်တိုက်မယ် သေပေတော့။
သစ်ခွခြံစောင့်နတ်။ ။ ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ ကတ်တလီယာ အတွင်းအားသိုင်းကို သုံးပြီ ဘိုးဘိုးကြီး ဖွတ်ဖွတ်ကြေပေတော့။
ဘိုးဘိုးကြီး။ ။ ဒါနောက်ဆုံးအဆင့် ဇီးရိုး ဝမ်း အတွင်းအားသိုင်းကို ကွန်ပျူတာ သိုင်းကျမ်း နောက်ဆုံးအဆင့်နဲ့ ဆော်ပြီဟေ့။

ဘိုးဘိုးကြီး၏ နောက်ဆုံးသိုင်းတွင် သစ်ခွခြံစောင့်နတ်ကြီး လူကြမ်းဖြစ်၍ အရှုံးပေးလိုက်ရသည်။ မင်းသားကလည်း ဘယ်ကရောက်မှန်းမသိပဲ ပြန်ရောက်လာသည်။

မင်းသား။ ။ အချစ်ဘာမှ မဖြစ်ဘူးနော် ကိုယ်စိတ်ပူလိုက်ရတာ။
မင်းသမီး။ ။ ဘာမှ မဖြစ်ဘူး မောင်။ ဟိုအဘိုးကြီးကယ်လိုက်တာ သစ်ခွခြံစောင့်လည်း ပြန်ပြေးပြီ။
ဘိုးဘိုးကြီး။ ။ အခုမှ ငမြတ်ကြီးတို့က အဖြစ်သဲနေတာ ဟိုဟာမကလည်း ငါ့ကို အဘိုးကြီးတဲ့။ အခုမှကြည့်မိတယ် ကောင်မလေးက ငါ့လူ့ဘဝက ရည်းစားနဲ့တူနေတာပဲ။ ဟဲ့ကိုယ်ရေးအရာရှိ နင်ငမြတ်ကြီးကို ဖမ်းထားစမ်း ငါကိုကောင်မလေးကို ပြန်ဖမ်းမယ်။
မင်းသား။ ။ ဟမ်… ဒီဘက်မှာလည်း ဖမ်းကြဦးမယ်တဲ့ အချစ်ရေ ဒို့ဆက်ပြေးကြဦးစို့။

မင်းသားက မင်းသမီးကို လက်ဆွဲပြေးသည်။ ဘိုးဘိုးကြီးနှင့် အပါးတော်မြဲက နောက်မှပြေးလိုက်ရင်း တစ်ခန်းရပ် ပြဇာတ်ကြီး ပြီးဆုံးလိုက်ပါသည်။

စာကွင်း။

မင်းသားက မင်းသမီးကို လက်ဆွဲပြေးပါဟု မှာထားသော်လည်း ခါးဖက်ပြေးပါ