Tag ဆိုတာကလည်း နင်းသွားပြန်ပြီ ဒီတစ်ခါ နင်းတာကတော့ နည်းနည်းပြင်းတယ်ဗျ ဘာလို့လဲဆိုတော့ နင်းတဲ့လူက ကိုဒီဘီဆိုတော့ လူဝိတ်ကမနည်းဘူး။ ရေးစရာက လူပျိုကြီးမှာက အင်တာနက်ပေါ်က နာမည်ဆိုတာက တစ်ခုပဲရှိတာကို သူများတွေလို ချဲ့ကားပြီးတော့ ရေးလို့ကလည်းမရဖြစ်နေတယ်။ ဒီတော့ ရေးခဲ့ဖူးတဲ့ ကလောင်နာမည်တွေ ရေးရမယ်ထင်တယ် အဲလေ ကလောင်မရှိတော့ဘူးဆိုတော့ ဘောပင်နာမည်ကိုပြောပါတယ်။
ကလောင်နာမည်ထဲမှာ Funakoshi ရဲ့ ကလောင်နာမည်ကို အရမ်းသဘောကျတယ် Shoto ဆိုပြီး ကလောင်နာမည်သုံးပြီး ရေးရာကနေ သူ့ရဲ့သင်တန်းကျောင်း နာမည်ကို တပည့်တွေက Shotokan လို့ပေးကြတယ်။ သူပြောတဲ့ Shoto ဆိုတာက ဗမာလိုပြန်ရင် ထင်းရှူးလှိုင်းလို့ခေါ်တာပေါ့။ ငယ်ငယ်ကတည်းက ထင်းရှူးတောထဲမှ နေဖူးတော့ ထင်းရှူးပင်ဆိုရင် အရမ်းသဘောကျတယ် လေတိုးလို့ မြည်တဲ့အသံလေးကို အရမ်းသဘောကျပါတယ်။ ဒါကြောင့် ထင်းရှူးသံစဥ် လို့ကလောင်နာမည် ပေးဖူးပါတယ်။ ဖိုးကျော့ကိုအားကျလို့ ငယ်ငယ်ကတည်းက တောထဲလိုက် နေတာလေးတွေကို ဝတ္ထုတိုလေးတွေ ရေးပြီးတော့ အဖေရုံးကထုတ်တဲ့ မဂ္ဂဇင်းကိုတိတ်တိတ်လေး ပို့လိုက်တာကို မပါပါဘူး။ ဘယ်ပါမလဲ အယ်ဒီတာတာဝန်က အဖေကိုယ်တိုင်ယူမှတော့ ကျွန်တော်ရေးမှန်း တန်းသိတာပေါ့။ အဖေက ကျွန်တော်စာရေးတာကို ဝါသနာပါမှန်းသိပေမယ့် စာရေးဆရာဖြစ်ချင်တယ်ဆိုတဲ့ အထိတော့ ဖြစ်စေချင်လို့ပါ။ ဒါနဲ့ပဲ ဝတ္ထုတိုရေးတဲ့ ဇာတ်လမ်းက တစ်ခန်းရပ်သွားပါတယ်။
ကျောင်းတက်နေတော့ ရသစာပေဆိုတာကို ပြောရမယ်ဆိုရင် စိတ်ကိုမဝင်စားမိတော့ပါဘူး။ ဒါပေမယ့် စာရေးချင်တဲ့ ဝါသနာကလည်း ဖျောက်မရတော့ တတိယနှစ်မှာ သူငယ်ချင်းတွေစုပြီး ဂျာနယ်ထုတ်လိုက်တာ နည်းပညာဆောင်းပါး ဝင်ရေးပါတယ် Database ကိုကွမ်းကျင်တယ်ဆိုတော့ Normalization နဲ့သက်ဆိုင်တာတွေ စပြီးရေးပါတယ်။ ကလောင်နာမည်ကတော့ Ken ဆိုပြီးရေးပါတယ်။ နှစ်စောင်မြောက်မှာပဲ အနိစ္စသဘောနဲ့ ဂျာနယ်လေး ကိစ္စချောသွားရပါတယ်။ ပါမောက္ခချုပ်က ကျောင်းထဲမှာ ဂျာနယ်ထုတ်ရမလားဆိုပြီး နောက်မလုပ်တော့ပါဘူးဆိုပြီး ဝန်ခံကတိတွေကို ထိုးလိုက်ရတာက ဘယ်နှစ်ခါမှန်းကို မသိတော့ပါဘူး။
တတိယနှစ်မှာပဲ သူငယ်ချင်းတွေက ကဗျာစာအုပ်ထုပ်မယ် လုပ်ကြပြန်ရော လုပ်ပေါ့ဆိုပြီး Ken ဆိုတဲ့နာမည်နဲ့ပဲ ထပ်ရေးပါတယ်။ ဒီလိုနဲ့ ကွေလွင့်နေသော စက်တင်ဘာနေ့ရက်များကို ထုတ်လိုက်ကြပြန်ရော။ အဲဒီစာအုပ်ကတော့ ဆောင်းချမ်းမိုးလက်ထဲမှာတော့ ရှိနိုင်သေးတယ်။ ဂုဏ်ထူးတန်းရောက်တော့ ထုတ်တော့လည်း လူပျိုကြီးဝင်ရေးပြန်ရော ကလောင်နာမည်ကတော့ ဝသန် ဆိုပြီးပြောင်းလိုက်တယ်။ နောက်ပြီးတော့ လူသိမခံချင်တဲ့စာဆိုရင် အမည်မသိခေတ်စာဆို ဆိုပြီးတော့လည်း ကလောင်က ရှိသေးတယ်။ ဆောင်းချမ်းမိုးရဲ့ ဖိုင်နယ်အော်သံ လိုပဲ အမည်မသိခေတ်စာဆိုရင် ကောင်မလေးတွေက တွေ့ရင်ချောင်းရိုက်မယ် ဖြစ်နေကြတာပါ။
အင်တာနက်နာမည်ကတော့ အရင်ကတည်းက ဘယ်ဘလော့မှလည်း မရေးပါဘူး ဘယ်ဖိုရမ်မှလည်း မဝင်ဖြစ်ပါဘူး။ ဖြစ်ချင်တော့ MZ မှာဖတ်ကြည့်ရင်း စာရေးချင်စိတ်က ပြန်ပေါက်လာလို့ Database များပြန်ရေးဦးမယ်ဆိုပြီး ကလောင်နာမည် စဥ်းစားကြည့်တယ်လေ လှလှပပတွေလုပ်နေရင် လူတွေက ကိုယ်ရေးတာ ဘယ်လောက်ကောင်းကောင်း ဖတ်ကြတာမဟုတ်ဘူး ဒါနဲ့ သူများထက် ထူးခြားတဲ့နာမည်ကိုရွေးတယ်။ လူကလည်း အသက်က တစ်ဖြည်းဖြည်းနဲ့ ကြီးလာပြီဆိုတော့ လူပျိုကြီးဆိုပြီး စဥ်းစားလိုက်တယ်။ ဖိုရမ်မှာရေးရင်းနဲ့ လူတိုင်းက ဘလော့ဘယ်မလဲ ပြောပါဆိုပြီးမေးတယ် ဒါနဲ့ သူများလိုခေတ်မှီအောင်ဆိုပြီး ဘလော့တစ်ခုရေးလိုက်တယ်။ ဖိုရမ်က လူတွေမှတ်မိလွယ်အောင်ဆိုပြီး ဘလော့ကိုလည်း လူပျိုကြီးလို့ ပေးလိုက်ရာကနေ လူပျိုကြီးဆိုသော ဘလော့အမည်ဖြစ်လာတာပါပဲဗျာ။
အိမ်ထောင်ပြုရင် အကုန်ဖျက်သိမ်းမှာပေါ့နော် .. နှမြောစရာ။ အိမ်ထောင်မပြုနဲ့တော့
နာမည်လေး တလုံးကို ထိန်းသိမ်းနိုင်မှာပါလေ
ဒါမှ တို့လူပျိုကြီးကွ..အသက်ကလဲ တဖြေးဖြေးကြီးလာပြီဆိုတော့ …ဒန့်တန့်တန့်
ုိကိုကြီးဒီဘီပြောသလိုပဲပေါ့ဗျာ..
နာမည်လေးကို တစ်သက်လုံးထိန်းနိုင်ပါစေနော်…
ဂုဏ်သိက္ခာ တစ်ခုရဖို့ ဆိုတာ မလွယ်ဘူး။ ရထားတာကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ပိုခက်တယ်။ လူပျိုကြီးရေ ဆက်ထိန်းထားဗျို့…..
ပညတ်သွားရာ ဓါတ်သက်ပါတတ်တယ် ကိုလူပျိုရေ။
မိန်းမတစ်ယောက် မြန်မြန် ကောက်ယူလိုက်တော့။
ပြိးရင် လက္ဘက်ရေ တိုက်ပြိး "ကိုအိမ်ထောင်" လို့အမည်ပြောင်းပွဲလေးလုပ်။
မဟုတ်ရင် တစ်သက်လုံး လူပျိုကြိးဖြစ်သွားတယ်။
လူပျိုကြီး ဂယ်လုပ်မှာလား.. ပြောရှမ်းဘာ….။
I agree with all.
Plz keep your name.
နာမည်တလုံးရဖို့ လွယ်တာမဟုတ်တဲ့အတွက် ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ
လူပျိုကြီးကို ခြောက်သွေ့တဲ့ တစ်ကိုယ်ရည်ဘဝထဲမှာ အထီးကျန်စေချင်တဲ့လူတွေ လောကမှာ အများသားပါကလား…။
ဟိဟိ…………………။
ဟားဟား လူပျိုကြီးဆိုတာ ဂလိုကိုး ..
လူပျိုကြီးကိုအားကျပြီး ကျွန်တော်လည်း လူပျိုငယ် လုပ်တော့မယ် …
မိန်းမယူပြီးရင် အိမ်ထောင်သည်
ကလေးရရင် ကလေးအဖေ
စသဖြင့် အခြေအနေ အချိန်အခါအလိုက် နာမည်ပြောင်းဖို့ အစီအစဥ်ရှိပါသလား? း)
လူတွေ့လိုက်ရမှ ပိုမှတ်မိသွားတယ။် ဆက်လက်အရှည်တည်တံနိုင်ပါစေ။
လူပျိုကြီးကို တစ်ကိုယ်တည်း ဘဝမှာ နေစေချင်တဲ့ လူများကလည်း များသားပဲ။ အချိန်အခါလိုက်ပြီး ပြောင်းရအောင် ဒိုမိန်းတွေကို အိမ်ထောင်သည်တို့ ကလေးအဖေတို့ ဆိုတဲ့ နာမည်တွေ ကြိုယူထားရင် ကောင်းမလားလို့ စဥး်စားနေတယ်။
လက်စသပ်တော့ ဦးလူပျိုကြီးက မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ကိုး………………. မုန့်စားရင်းလှည်းစီးချင်နေတာကိုး….