Calm Hill My Random Thoughts

ခုတ်မယ်ထစ်မယ် ပါးပါလှီးမယ်

လူပျိုကြီးများမှာ နေရတာတစ်ကာ မျက်နှာငယ်လှသည်။ သူ့ခမျာတစ်ယောက်တည်း မချက်တတ်မပြုတ်တတ် အစားဆင်းရဲရှာတယ်ဟု လူအများအတင်း တုတ်တတ်ကြသည်။ အမျိုးသမီးများသာ ချက်တတ်သည်ဟု မည်သူပြောသနည်း။ အမျိုးသမီးများ ချက်တတ်ပါသည်ဆိုလည်း အလွန်ဆုံးမိသားစုတစ်စု စားရုံသာချက်ပြုတ်ကြရသည်။ အလှူတွင်အမျိုးသမီး အိုးသူကြီးများ တစ်ခါမှမမြင်ဖူးပါ။


အိမ်ထောင်သည်များမှာလည်း တစ်ခါတစ်ယံ ဇနီးသည်မှ ခြိမ်းခြောက်ခြင်းကို ခံရတတ်သည်။ အမျိုးသမီးများက စိတ်ဆိုးသည့်အခါတိုင်း ထမင်းဟင်းချက်မကွေးခြင်း ဟင်းကိုမကြိုက်သည်များကိုသာ တမင်သက်သက် ချက်ကွေးခြင်းများဖြင့် နိုင်ရာနည်းဖြင့် နှိပ်စက်တတ်ကြသည်။


အမျိုးသားများအတွက်ရည်သန်ကာ လူပျိုကြီး၏ ချက်နည်းပြုတ်နည်း သင်ခန်းစာများကို လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် စတင်ရေးသားနေပါသည်။ ပဏာမအနေဖြင့် ခုတ်နည်းထစ်နည်း ပါးပါးလှီးနည်းများကို စတင်ရေးသားနေပါပြီ။ မည်သူမဆို သွားရောက် ဖတ်ရှု့နိုင်ပါကြောင်း အသိပေးလိုက်ပါသည်။



http://www.lawka-ahla.com/news.php?item.790
http://www.lawka-ahla.com/news.php?item.792
http://www.lawka-ahla.com/news.php?item.793