Calm Hill My Random Thoughts

ခုတလော … . (Tag လုပ်ပါသဖြင့် ရေးသည်)

လာပြန်ပြီခင်ဗျ တဂ်ဆိုရင်ကို မျက်ခုံးလှုပ်နေတာပါ မအားတာကလည်း တစ်ကြောင်း။ သို့သော်လည်း ဒီတစ်ခါက Template နဲ့လာတဲ့ Tag ခင်ဗျ သူကအဆင့်မြင့်တယ် ဆာဗေးများ ကောက်နေသလား ထင်ရတယ်။



တွေးနေမိတာက … . အနာဂတ်

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက … . ငပေါကြီး

ကျန်းမာရေး … . တစ်နေ့ရှေတစ်နေ့ငွေပါပဲလေ

ဖတ်ဖြစ်တဲ့ စာအုပ် … . အသက်အရွယ်နဲ့ လိုက်အောင် “မောင်ခွေးဖို့ ကဗျာများ”

ရောက်နေဖြစ်တာက … . ပစ္စုပ္ပန်

ရေးဖြစ်နေတာက … . ခဲတံနဲ့များပါတယ် ဘောပင်နဲ့သိပ်မရေးဖြစ်ဘူး

နားထောင်ဖြစ်နေတာ … . အခုတစ်လောတော့ သူများအတင်းပြောတာ နားထောင်နေရတယ်

ရွတ်မိနေတဲ့ကဗျာ … . ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်

ဖြစ်ချင်နေတာက … . နှစ်ရက်ပဲ ရုံးဖွင့် ငါးရက် အလုပ်ပိတ် ခွင့်ယူ လစာမလျော့

စားဖြစ်နေတာက… . ပန်းကန်နဲ့စားတယ် ကုလားဆိုင်ဆိုရင်တော့ တစ်ခါတစ်လေ ငှက်ပျောဖက်နဲ့ပေါ့

သနားနေမိတာက … . ငါတော်တော် သနားစရာကောင်းပါလား

လွမ်းနေမိတာက … . မွေးမြေရပ်ကို အမြန်ရထားဆိုက်ရောက်ချိန်

မေ့လျော့နေတာ … . မေ့နေပါတယ်ဆို ဘယ်မှတ်မိပါ့မလဲ

တမ်းတနေမိတာ … . အမေချက်ကွေးတဲ့ထမင်းနဲ့ဟင်း

ကြိတ်ပြီး ချီးကျူးနေမိတာ … . ကြိတ်ပြီးတော့ချီးကျူးပါတယ်ဆို ချရေးလို့ ဘယ်ဖြစ်မလဲ

ကြိတ်ပြီး အထင်သေးနေမိတာ … . ငါတော်တော်ည့သေးပါလားနော်

ဆန္ဒမရှိတဲ့နေရာ … . ဆန္ဒမရှိမှတော့ အသက်မရှိတော့ပါဘူးလေ အနည်းဆုံးတော့ အသက်ရှင်ဖို့ ဆန္ဒရှိရမယ်

ဆန္ဒရှိနေတဲ့ ကိစ္စ … . လုပ်ချင်တာတွေ မကုန်သ၍တော့ အသက်ဆက်ရှင်ချင်တယ်

ချစ်နေတာက … . မိမိကိုယ်သာ အချစ်ဆုံးဆိုတာ အမှန်ဆုံးပဲ

စိတ်ပျက်နေမိတာက … . အချိန်ဆွဲတတ်တဲ့အကျင့်

စွဲလန်းနေတာက … . စွဲလန်းနေရင် သံသရာရှည်တယ် ဘာတစ်ခုမှ မစွဲလန်းအောင်နေသည်

လိုအပ်နေတာက … . . အချိန်

တောင်းတနေမိတဲ့ဆု … . စိတ်ဖိစီးမှု့တွေ လျော့ချင်တယ်

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက … . တစ်ခါမှ အော်ဖူးပါဘူး

ဝန်ခံချင်တာ … .ရေးထားတာတွေကို ချင့်ချိန်ပြီးယုံပါ