Calm Hill My Random Thoughts

Canonical Color Theory, Illusions and Application Areas

တစ်ခါတစ်ခါမှာတော့ Medical Science နဲ့ Social Science ဆန်တဲ့ Information Science ဟာ တစ်ခါတစ်လေတော့ ဆက်စပ်နေပြန်တယ်။ ဒါလည်းမထူးတော့ မထူးဆန်းပါဘူးလေ ပန်းချီကျောင်းမှာ ခန္တာဗေဒသင်ရတာပဲဟာ။ အရောင်အကြောင်းပြောမှတော့ မျက်စေ့အကြောင်းရယ် Canonical Color Theory ဆိုတာရယ်ကတော့ ဘယ်ပြေးလွတ်ပါ့မလဲ။ မျက်စေ့ဆိုတာကလည်း ကွန်ပျူတာလိုကြည့်ရင် Input ရယ် Output ရယ်နှစ်ခုပဲပါတယ်။ Input မှာက အရောင် သုံးမျိုးပဲလက်ခံတယ် အဲဒါတွေကို Canonical မှာက Cone လို့ခေါ်တယ် လွယ်လွယ်ပြောရရင် RGB သုံးခုပါပဲ။ Output ကလည်း သုံးခုထွက်တယ် အဲဒါကိုကျတော့ Channel လို့ခေါ်ပြန်ရော Channel တစ်ခုက အဖြူအမဲ ခွဲပေးတယ် အဖြူအမဲက RG အပေါ်မှာမူတည်ပြီးခွဲတာပဲ။ ကျန်တဲ့ Channel နှစ်ခုကတော့ Input သုံးခုရဲ့ခြားနားခြင်းတွေနဲ့ ကြားကအရောင်တွေခွဲပေးရတာပဲ။ အဲဒါတွေ အသေးစိတ်ရေးရင် ရှုပ်ကုန်မယ်။

ပြဿနာက Input ကန့်သတ်ချက်ရယ် အရောင်ခွဲတဲ့ Channel အခက်အခဲရယ်ကြောင့် အမြင်နဲ့အပြင်က ခြားနားမှု့တွေ ဖြစ်လာပြန်ရော ဒါကိုတော့ Illusion လို့ခေါ်ပြန်ရော။ Illusion ကိုဘာကြောင့် လေ့လာပြန်သလဲမေးစရာ ဖြစ်ပြန်တယ်။ အဖြေကတော့ ဝေ့ဝိုက်ဖြေနေရင် ရှုပ်ပါတယ် တစ်ခွန်းထဲပြောရင်တော့ ဘယ်လို အခြေအနေမှာ ဘယ်လိုအရောင်တွေ ပေါင်းလိုက်ရင် ဖွဲစည်းပုံမှားရင် Illusion ဖြစ်တတ်တယ် သိရင် Illusion မဖြစ်အောင် ရှောင်နိုင်ဖို့လေ့လာတာပါ။ Illusion ဆိုတာကို ပြောရရင် အောက်မှ ပြထားတဲ့ ပုံမှာ ငြိမ်သက်နေတဲ့ ပုံကိုဘာလို့ လှုပ်ရှားနေတယ်လို့ ထင်ရသလဲ။

rotsnake

Illusion ပုံတွေထပ်ပြီး ကြည့်ချင်ရင်တော့ Michael Bach ရဲ့ Optical Illusions and Visual Phenomena ကိုသွားကြည့်ပါ။ အလှကြည့်တာဆိုရင်တော့ ကြည့်ရတာလွယ်ပါလိမ့်မယ်။ ဘာ့ကြောင့်ဆိုတာကို သိချင်ရင်တော့ ရှင်းလင်းချက်ကို အသေအချာ ဖတ်ရပါလိမ့်မယ် အသေအချာ သုတေသန လုပ်ထားတဲ့ အရာတွေ ဖြစ်လို့ ဖတ်ရတာ ခက်ကောင်းခက်နေပါလိမ့်မယ်။

ဒါတွေကို ဘယ်နေရာမှာသုံးသလဲ Web Design လုပ်ရင် သုံးဖို့ ဆောင်ရန်ရှောင်ရန်တွေ သိဖို့သင်တယ်ဆိုရင် အမြင်ကျဥ်းရာကျတယ် ဘာကြောင့်လဲဆိုတော့ တစ်ချို့ဆောင်းပါးတွေက ၁၉၅ဝ လောက်ကတည်းက ရေးထားတာတွေပါတယ် အဲဒီ့ခေတ်က ဘယ်မလဲ Web Site ဒီတော့ အရောင်နဲ့ ပါတ်သက်သမျ အမြင်နဲ့ ပါတ်သက်မျနေရာတွေမှာ သုံးတတ်မယ်ဆိုရင် အသုံးတည့်ပါတယ်။ မသုံးတတ်ရင်တော့ ဘယ်လောက်သင်ခဲ့သင်ခဲ့ ထူးမလာပါဘူး။

ကွန်ပျူတာနဲ့ မသက်ဆိုင်တဲ့ အတတ်ပညာတစ်ခုကို ကြည့်လိုက်ဦးမယ် သူလည်း အရောင်ပေါင်းစပ်မှု့ကို သုံးပြီးတော့ အမြင်အာရုံနဲ့ ဆွဲဆောင်မှု့ကနေ စတင်ထားတယ်။ သူ့မှာတော့ အရောင်ကန့်သတ်ချက်ရှိတယ် အဖြူ၊ အနီ၊ အစိမ်း၊ အဝါ ဆိုပြီးပဲ သုံးခွင့်ရှိတယ် ကျန်တဲ့အရောင်တွေက ပါကောင်းပါမယ် ဒါပေမယ့် အင်မတန်ရှားပါတယ်။ အရောင်လေးခုကိုပဲသုံးပြီးတော့ ဘယ်လိုအသုံးချတယ်ဆိုတာ နမူနာကြည့်လိုက်ပါဦး။



ဟင်းချက်တတ်ဖို့ ဟင်းအလှဆင်တတ်ဖို့ ဒါမျိုးတွေ တက္ကသိုလ်မှာ သင်စရာလိုသလားလို့ မေးရင်တော့ မလိုပါဘူးလေ ဒါပေမယ့် ဟင်းအလှဆင်တာကိုလည်း Canonical Color Theory အနေနဲ့ကြည့်ရင် ဒါမျိုးကြည့်လို့ရတယ်လို့ ဆိုလိုတာပါ။ ဘာပဲဖြစ်ဖြစ် သုံးစရာနေရာက ပေါများပါတယ် အသုံးချတတ်ဖို့သာ ခက်ခဲနေတာပါ။