Calm Hill My Random Thoughts

Oracle Unveils Exadata Version 2 Launched

ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ဆက်စပ်တဲ့သတင်းလေးတွေ နားစွင့်နေတတ်တော့ မနေ့ကသတင်းတစ်ခုရတယ် စက်တင်ဘာ ၁၅ ရက်နေ့ကပဲ Oracle Unveils Exadata Version 2 ကိုထုတ်တယ်လို့ ကြေငြာသွားတယ်။ အရင် Version 1 တုံးကတော့ အဓိကအနေနဲ့ Data Warehouse အတွက်သုံးဖို့ထုတ်ထားတာ Database Server 8 လုံးရယ် Exadata Server 14 လုံးရယ်နဲ့ Xeon တွေသုံးထားတာ Hardware တွေက HP ကနေထုတ်တယ်။ OS ကတော့ Oracle Linux ရယ် Database ကတော့ Oracle Database Server ကိုသုံးခဲ့တယ်။ ဒီတစ်ခါတော့ သူမှာ Sun ကလက်ဆုတ်လက်ကိုင် ဖြစ်သွားပြီဆိုတော့ Sun Hardware တွေပဲသုံးတယ် ဒါပေမယ့် Processor ကတော့ Intel ပဲဖြစ်နေသေးတယ်။ ဒီတစ်ခါတော့ Processor တွေက Quad-Core Nehalem တွေသုံးတယ် DDR3 Memory တွေသုံးထားတယ်။ Ultrasparc ကိုလာလတ့သော အနာဂါတ်မှာတော့ သုံးမယ်ပြောတာတွေ့တယ်။ နောက်ပြီးတော့ Solaris ကိုလည်းမသုံးပြန်ဘူး အရင်လိုပဲ Oracle Linux။ ဒီတစ်ခါတော့ Model လေးမျိုးနဲ့ထုတ်တယ်။

(1) Full rack (8 database servers and 14 storage servers)
(2) Jalf-rack (4 database servers and 7 storage servers)
(3) Quarter-rack (2 database servers and 3 storage servers)
(4) A basic system (1 database server and 1 storage server)

ထူးခြားတာက OLTP အတွက်ရည်ရွယ်ပြီး Disk Access နည်းအောင် Main Memory နဲ့ Disk ကြားမှာ FlashFire လို့နာမည်ပေးထားတဲ့ Flash Memory တွေထည့်ထားတယ်။ ပမာဏကတော့ Storage Server တစ်ခုကို Flash Memory 96GB ထည့်ထားတယ်ဆိုတော့ Servers အရေအတွက်နဲ့ မြောက်ကြည့်ရမယ်ထင်တယ်။ Storage ကတော့ Rack တစ်ခုကို 100 TB of SAS disk ဒါမှမဟုတ် 336 TB of SATA disk လို့ပြောထားပါတယ်။ စျေးနှုန်းကတော့ Full rack ဆိုရင် Hardware ဖိုးသက်သက် US$1.15 Million ကျသင့်ပါတယ်။ Database Server and Exadata Storage Software ဖိုးတွေမပါသေးပါဘူး။ Exadata Storage Software မပါပဲနဲ့လည်း သူ့ရဲ့ Storage Server တွေကအလုပ်မလုပ်ပါဘူး။

ကိုယ့်ဟာကိုယ် ထင်ရာမြင်ရာ ပြောရမယ်ဆိုရင် Database Server ဘက်မှာ Exadata ကိုသုံးဖို့ရယ် Flash ကို Support လုပ်ပြီးသုံးဖို့ရယ်တော့ တိုးတက်မှု့ပါတယ်လို့ပြောတယ် ဒါပေမယ့် အနည်းငယ်ပဲဖြစ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ Disk -> Flash -> Memory ဆိုပြီး Hierarchy က Storage Server ဘက်မှာပဲရှိနေတာကိုး။ Exadata Storage Software ဘက်မှာတော့ တော့်တော့်ကို ကြီးမားတဲ့ တိုးတက်မှု့တွေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့နည်းပညာက OLTP အတွက်မြန်လာမှာတော့ သေချာတယ်။ အဲဒီလိုမျိုးနဲ့ နည်းနည်းဆင်တူတဲ့ Research ကိုလုပ်နေလို့ စမ်းသပ်မှု့လည်းလုပ်ဖူးတယ် ဒါကြောင့် သေချာပေါက်မြန်တယ်လို့ ပြောနိုင်တယ်။ Flash မသုံးပဲ Main Memory ကို Dedicated ပိုင်းထားပြီး Data warehouse ထဲကို Insert နဲ့ပဲ OLTP Operation ဆန်ဆန် Loading လုပ်တာ မူရင်းထက် အဆ ၁၅ဝ လောက်ပိုမြန်တယ်။ Flash ဖြစ်တဲ့အတွက် Main Memory ထက်နည်းနည်းတော့နှေးမယ် ဒါပေမယ့် Storage အတွက်သီးသန့်လုပ်တဲ့ Hardware တွေသုံးထားတဲ့အတွက် ဘယ်လောက်ပိုမြန်မယ်တော့ မှန်းလို့မရဘူး။

မနေ့ကမှထွက်တာဆိုတော့ ဘယ်လောက်ပိုကောင်းသလဲ Exadata ရဲ့ Reliability အခြေအနေတွေကတော့ ဘာမှစမ်းသပ်ထားတာ မထွက်လာသေးဘူး။ တစ်ခုတော့ရှိပါတယ် ယှဥ်တယ်ဆိုတာကလည်း တူညီတယ်လို့ ယူဆရမှပဲ ယှဥ်ကြည့်လို့ရတဲ့အမျိုးဖြစ်လေတော့ သူ့လိုပစ္စည်းကလည်း ယှဥ်စရာရှားတော့ နှို်းယှဥ်ချက်မျိုးတော့ လွယ်လွယ်နဲ့ ထွက်မလာပါဘူး။ ပြည့်ပြည့်စုံစုံသိချင်ရင်တော့ Reference ကိုသာဖတ်ကြပါတော့ဗျာ။

Reference
[1] http://www.oracle.com/database/exadata.html
[2] http://www.oracle.com/us/corporate/press/033684
[3] http://www.computerworld.com/s/article/9138098/Oracle_Sun_launch_high_end_OLTP_server?taxonomyId=18&pageNumber=1
[4] http://news.zdnet.co.uk/hardware/0,1000000091,39493743,00.htm
[5] http://videos.zdnet.co.uk/260566466.htm
[6] http://idcdocserv.com/HI214522
[7] http://www.networkworld.com/news/2008/092408-ellison-pitches-high-speed-data-warehouse.html?page=1
[8] http://www.channelregister.co.uk/2009/09/15/oracle_sun_exadata_v2/
[9] http://www.google.com/hostednews/ap/article/ALeqM5ieSyj-5XSahxWmmYoM-2cKYjAfRwD9AO2LA00