Calm Hill My Random Thoughts

Free Rice

အင်တာနက်လှိုင်းစီးရင် ရောက်ရာပေါက်ရာကနေ Free Rice ကိုရောက်ဖြစ်တယ်။ UN World Food Program ရယ် Harvard University က Berkman Center for Internet & Society တို့ပေါင်းပြီး လုပ်ထားတဲ့ Web Site တစ်ခုပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကို သဘောကျမိတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ထားတာရယ် လူအမျိုးမျိုးကို စိတ်ဝင်စားအောင်လုပ်ထားတာရယ် သိပ်ကောင်းပါတယ်။



FreeRice has two goals:
1. Provide education to everyone for free.
2. Help end world hunger by providing rice to hungry people for free.


လူစိတ်ဝင်စားမယ့် လေ့လာရေးခေါင်းစဥ်ကလေးတွေနဲ့ မေးခွန်းလေးတွေပါတယ်။ ခေါင်းစဥ်တွေကတော့ Art, Chemistry, Math, Geography, Language စတာတွေပါပါတယ်။ Art မှာဆိုရင် နာမည်ကြီး ပန်းချီကားတွေ အကြောင်း မေးခွန်းတွေပါပါတယ်။ Geography မှာဆိုလည်း မြေပုံပေါ်ကနေ နိုင်ငံနာမည်မေးတာမျိုးလေးတွေ ပါတတ်ပါတယ်။ Language မှာတော့ English, French, German, Italian, Spanish စတာတွေပါပါတယ်။ ကိုယ်ကတော့ English ပဲဖတ်တတ်တော့ Vocabulary ဝင်ဖြေကြည့်တယ် တစ်ချို့စကားလုံးတွေ တော်တော်ခက်ပါတယ် ဘာပဲဖြစ်ဖြစ် Vocabulary တော်တော်လေး တိုးတက်ပါတယ်။

အဓိကကတော့ မေးခွန်းတစ်ခုဖြေလို့ အဖြေမှန်ရင် ဆန်ဆယ်စေ့ လှူတာနဲ့ညီမျပါတယ်တဲ့။ တစ်ကယ်ကတော့ ကိုယ်ဖြေတာမှန်လို့ ၁ဝ စေ့လှူတာတော့ မဟုတ်ပါဘူးလေ။ WFP မှာက အလှူရှင်တွေရှိပါတယ် သူတို့လှူတဲ့အလှူမှာမှ ကိုယ်ကဝင်ပြီး ကိုယ်စားပြုတာပါ။ အဖြေမှန်တာနဲ့ အောက်မှာ သက်ဆိုင်ရာအလှူရှင် အဖွဲ့အစည်းရဲ့ နာမည်ကို ကြော်ငြာတက်ပါတယ်။ တစ်ခါတည်း ဗဟုသုတလည်းရပါတယ် သက်ဆိုင်ရာအလှူရှင်အဖွဲ့အစည်ကိုလည်း ကြော်ငြာပေးသလို ဖြစ်တာကြောင့် ကိုယ်တစ်ကယ်လှူတာမဟုတ်ခဲ့ပေမယ့် အလှူကိုအားပေးတဲ့ အနေနဲ့ ပါဝင်တာကြောင့် စိတ်ထားတတ်မယ်ဆိုရင် ကုသိုလ်လည်းဖြစ်ပါတယ်။