Calm Hill My Random Thoughts

စနစ်တကျခိုးကြမယ်

ပုံမှန်ကတော့ ကျွန်တော် တစ်ခြားတစ်နေရာမှာေ ရးထားတဲ့စာကို ကျွန်တော်ဘလော့မှာ ပြန်လာတင်လေ့မရှိပါဘူး တစ်နေရာမှာတစ်ခါပဲရေးပါတယ်။ အခုနောက်တော့ ကိုယ်ဘာရေးခဲ့မှန်းလည်း မမှတ်မိသလိုဖြစ်တာရယ် ပျောက်ကုန်တာရယ်ကြောင့် ရှည်ရှည်လျားလျားရေးထားတဲ့ စာတွေကိုတော့ ဘလော့ဘက်မှာ Backup အနေနဲ့ ပြန်တင်ထားပါဦးမယ်။


http://www.mysteryzillion.org/forums/showthread.php?t=6477


စနစ်တကျခိုးကြမယ်

လိုချင်တဲ့ဆော့ဝဲရှာမရတာ တစ်ခြားဆော့ဝဲလိုချင်တာတွေကိုဒေါင်းလုပ် လုပ်မရတွေ အဲဒါတွေမေးတာ များနေတာတွေ့နေပါတယ်။ ဒီတော့ ဘယ်လိုရှာရမယ်ဆိုတာ အကြံပြုကြည့်ပါတယ် ခက်ခဲတဲ့အလုပ်တွေလည်းမဟုတ်ပါဘူးလေ လူတိုင်းလုပ်နိုင်ပါတယ်။ Google မှာဘယ်လိုရှာတယ်ဆိုတာ အနည်းအကျဥ်းတောသိရမယ်ပေါ့ ဆော့ဝဲခရက်ရှာတဲ့လူဆိုမှတော့ ဒါတွေလောက်တော့ လုပ်တတ်ကြပါတယ် ရှာတာလည်း ရှုပ်ရှုပ်ထွေးထွေး AND OR တွေနဲ့မဟုတ်ပဲ Keywords ပဲရိုက်ထည့်လိုက်ပြီး ရှာတတ်ရင်ပဲအလုပ်ဖြစ်ပါတယ်။

(၁) ကိုယ်ရှာချင်တဲ့ ဆော့ဝဲအကြောင်းကို အသေအချာသိအောင် လေ့လာပါ ဘာလုပ်ဖို့သုံးတာလဲ ဘယ်ကုမ္ပဏီကထုတ်တာလဲ ဗားရှင်းဘယ်လောက်လဲ မူရင်းကုမ္ပဏီရဲ့ ဝဘ်ဆိုက်လိပ်စာက ဘယ်မှာလဲ အဲဒါတွေကိုလေ့လာပါ။ ဆော့ဝဲအားလုံး ပိုက်ဆံပေးရတယ်လို့ မထင်ပါနဲ့ အလကားပေးသုံးတဲ့ ဟာတွေလည်းရှိပါတယ်။ Driver လိုချင်ရင်တော့ ထုတ်လုပ်သူရဲ့ မူရင်းဝဘ်ဆိုက်ကိုသာသွားပါ မရမရှိရပါသည်။ ဒါ့ကြောင့် ဘာပဲလိုချင်လိုချင် မူရင်းကုမ္ပဏီဝဘ်ဆိုက်မှာ အသေအချာဖတ်ပါ စာဖတ်မပျင်းပါနဲ့။

(၂) မူရင်းဝဘ်ဆိုက်က ဒေါင်းလုပ်လုပ်ခွင့်ပေးတယ်ဆိုရင် အဲဒီ့ကနေပဲ ဒေါင်းလုပ်လုပ်လိုက်ပါ။ မူရင်းဝဘ်ဆိုက်က မရမှသာ အခြားသော ဝဘ်ဆိုက်တွေကနေ ဒေါင်းလုပ်လုပ်ပါ။ ဘာလို့လဲဆိုတော့ ပြုပြင်ပြီးသားဆိုရင် စိတ်မချရပါဘူး ဆော့ဝဲနဲ့တစ်ပါတည်း အခြားအရာတွေ ပါမလာဘူးလို့ မပြောနိုင်ပါဘူး Installer နဲ့ရောထည့်ပေးလိုက်တဲ့ ဗိုင်းရပ်တွေ ထရိုဂျန်တွေဟာ Antivirus တိုင်းမိမယ်လို့မမျော်လင့်ပါနဲ့။ တစ်ခြားဆိုက်ဆိုရင် ဘယ်လိုရှာမလဲဆိုတော့ တော်တော်များများက Pirate Software တွေကို တင်လေ့ရှိတာက rapidshare, mediafire, megaupload, torrent တွေနဲ့တင်ထားတာများပါတယ်။ ကိုယ်ရှာချင်တဲ့ ဆော့ဝဲနာမည်ရယ် အဆစ်အနေနဲ့ ကိုယ်အဆင်ပြေမယ့် rapidshare, mediafire အဲဒီ့လို စကားလုံးပါ Keyword အဖြစ်ထည့်ရှာလိုက်ရင် တွေ့ပါတယ်။ အဲဒီ့လို အလုပ်ရှုပ်မခံချင်လည်း rapidshare, mediafire စတာတွေကို ရှာပေးတဲ့ Search Engine လိုဟာတွေရှိပါတယ် အဲဒါတွေနဲ့ရှာကြည့်ပေါ့။ အဲဒီ့လိုဆိုက်တွေရဲ့လိပ်စာကိုလည်း လွယ်ပါတယ် Google မှာ rapidshare search engine တို့ ဘာတို့ရိုက်ရှာလိုက် တွေ့ပါတယ် ပေါမှပေါ။ torrent ကတော့ ဗမာပြည်ကနေ ဒေါင်းလို့မရတော့ ဗမာပြည်ကဆိုရင်တော့ မကြိုးစားပါနဲ့။

(၃) ဆော့ဝဲတော်တော်များများက အစမ်းသုံးကာလတော့ ပေးတတ်ပါတယ်။ ပြီးရင်ကိုယ့်စက်မှာ Install လုပ်ကြည့်ပါ။ အဲဒီ့နေရာမှာလည်း Next ကိုပဲရမ်းမနှိပ်ပါနဲ့ စာတွေကိုဖတ်ပြီး မှတ်ထားပါဦး Dialog Box ပွင့်လာတိုင်း ဿEnter ရမ်းနှိပ်တာ Ok, Cancel ရမ်းနှိပ်တာ မလုပ်ပါနဲ့ဘာမေးတာလဲ အသေအချာဖတ်ပါ ပြီးမှာသာ သင့်လျော်ရာကိုရွေးပါ။ ပြီးရင် Full Version သုံးဖို့အတွက် ဘာလိုအပ်သလဲကြည့်ပါ တစ်ချို့က Serial Key တောင်းတတ်ပါတယ် တစ်ချို့ကတော့ Online Registration လုပ်ခိုင်းတတ်ပါတယ်။

(၄) Serial Key လိုအပ်တယ်ဆိုရင် ထပ်ရှာပါ ဘယ်လိုရှာမလဲဆိုတော့ Google ကိုပဲမေးလိုက်ပါ ဒီတစ်ခါတော့ ကိုယ်လိုချင်တဲ့ ဆော့ဝဲနာမည်အပြင် အခြားအရေးကြီးတဲ့ Keyword အနေနဲ့ Serial တို့ Product Key တို့အဲဒါမျိုးတွေ ထည့်ပေးပါ။ ဒီနေရာမှာတော့ ရှာတတ်ရင်ပိုအဆင်ပြေပါတယ် Google ဆိုရင် + ဆိုရင် မပါမဖြစ်စကားလုံးပေါ့ အဲဒါမျိုးကို ဆော့ဝဲနာမည်ရှေ့တို့ +Serial ဆို့အဲဒါမျိုး ထည့်