Calm Hill My Random Thoughts

ညီမလေး

အရင်နှစ်ကလည်း ပြန်မလာနိုင်ခဲ့ဘူး ဒီနှစ်လည်း ပြန်မရောက်နိုင်ပြန်ဘူး ညီမလေးရေ။ အစ်ကိုမရှိပေမယ့် တစ်ခြားလူတွေ အစုံအနားမှာရှိကြမှာပါ။ မွေးနေ့အတွက်ဆိုပြီး လက်ဆောင်ဝယ်ပေးလေ့မရှိဘူး ဒါပေမယ့် ပြန်မလာနိုင်တဲ့ နှစ်တွေအတွက်ဆိုပြီး အမှတ်တရ ဝယ်ပေးလေ့ရှိတယ် အရင်နှစ်ကတော့ စောပြီးပို့လိုက်နိုင်တယ် ဒီနှစ်တော့ တစ်ပါတ်လောက်နောက်ကျမှ ရောက်မယ်ထင်တယ်။ ပြန်မရောက်လာလို့ စိတ်မကောင်းမဖြစ်ပါနဲ့ ဘယ်တုံးကမှလည်း အလိုမလိုက်ဘူး ခိုင်းထားတာ နည်းနည်းလေး လွဲတာနဲ့ ဆူမယ့်ပူမယ့် အစ်ကိုကြီး မလာနိုင်ဘူးလို့ပဲ မှတ်ထားလိုက်ပါ။ နောက်နှစ်လည်း အခြေအနေအရပေါ့ ပြန်ရောက်ဖို့တော့ ကြိုးစားပါဦးမယ်။