Calm Hill My Random Thoughts

Beyond PageRank and Third Generation IR

ဂူဂဲတည်ထောင်ခဲ့တာ ၁၉၉၆ ဆိုတော့အခုအချိန်ဆို ၁၄ နှစ်ကြာခဲ့ပြီပေါ့။ ဘာများထူးခြားလာသလဲ လူအကြောင်းကို သူတို့ပိုနားလည်တယ် ဘယ်လိုဆိုရင် လူမြင်လို့ပိုကောင်းမလဲ သူတို့ပိုနားလည်တယ် အလကားပေးပေမယ့် အားမနာတမ်းကြော်ငြာမထည့်ဘူး စာသားကြော်ငြာထည့်ပေမယ့် အခြားလူတွေလို မျက်စေ့နောက်လောက်တဲ့ ပုံတွေနဲ့ကြော်ငြာများ မထည့်တာတစ်ခုနဲ့ပဲ သူ့ကိုသုံးလာခဲ့တာပဲ။ ပထမမျိုးဆက် Altavista ကို ဒုတိယမျိုးဆက် Yahoo ကျော်တက်လိုက်တယ် ဒုတိယမျိုးဆက်ပဲဆိုပေမယ့် Google က Rank နည်းပညာအသာနဲ့ Yahoo ကိုကျော်တက်ပြန်တယ်။ တတိယမျိုးဆက်တွေ လက်ထက်ဆိုရင်တော့ သူတို့လည်း ဂူဂဲကိုကျာ်တက်ကောင်းတက်မှာပဲပေါ့။





မူရင်းအသုံးပြုနေတဲ့ Page Rank တွက်ပုံကို အများကထောက်ခံသူ များမှသာ Rank မြင့်တယ်ဆိုတဲ့ ပေါ်လစီကိုယူသုံးခဲ့တယ် မြင့်တဲ့လူကညှန်းရင်ပိုမြင့်တယ်ဆိုတာလည်း ပါလာခဲ့ပြန်တယ်။ သမရိုးကျ Page တစ်ခုလုံးမှာပါတဲ့ စကားလုံးတွေ အဆင့်အတန်းတူတယ်ဆိုတာကို ပယ်ဖျက်ပြီး နေရာအလိုက် အရေးပါမှု့ကိုသတ်မှတ်ခဲ့တယ်။ ဒါတွေဟာ မှတ်သားလောက်အောင် အထင်ကြီးလောက်တဲ့ အကြောင်းအရာတွေပါ။ ၁၉၉၆ နှစ်များကလုပ်ခဲ့တဲ့အရာတွေ အခုတော့ဘာတွေထပ်တိုးသလဲဆို ဘာမှထပ်မတိုးလာဘူး။ သူ့မှာစီးပွားဖြစ်လာတာနဲ့အမျ ကြီးမားတဲ့ Computing Power ကိုပိုင်ဆိုင်လာတယ် ဒီတော့ ပိုကောင်းတဲ့နည်းပညာအစား Computing Power ကိုအသုံးချလိုက်တယ် Stem လုပ်တာဟာ မူရင်းထက်တန်ဖိုးကျတယ်ဆိုတာ လက်ခံပါတယ် ဒါပေမယ့် Stem ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာထက် Stem မလုပ်ပဲအကုန်ကောက်ထည့်လိုက်တာကို ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား မစဥ်းစားတတ်အောင်ပဲ။ ဒီလိုနည်းလမ်းတွေကိုပဲ အသုံးပြုတာများလာသလိုမြင်လာမိတယ်။ သို့ပေမယ့်လုပ်နိုင်တဲ့ Computing Power ပိုင်ဆိုင်နေတော့ လုပ်သမျဖြစ်လာတယ် ဒါပေမယ့်အထင်ကြီးလောက်တဲ့ နည်းလမ်းတစ်ခုလို့ မမြင်မိတာအမှန်ပဲ။

အရာအားလုံးအတွက် မသက်ဆိုင်တဲ့ လိုအပ်ချက်တွေဖြစ်လာတယ် သမရိုးကျမဟုတ်ပဲ လိုအပ်တာတွေရှိလာတယ် နမူနာအဖြစ်ဗမာလိုစမ်းသပ်လိုက်တယ် “ကွန်ပျူတာစာရေးခြင်း vs လက်ဖြင့်စာရေးခြင်း” ကို ဂူဂဲမှာရှာလိုက်တယ် ထွက်လာတဲ့အဖြေစာရင်းကို အစဥ်အတိုင်းအောက်မှာပြထားတယ်။ ( မှတ်ချက်။ ။ တစ်ရက်နှင့်တစ်ရက် အဖြေထွက်ပုံမတူနိုင်သလို အစဥ်အတိုင်းလည်း မတူနိုင်ပါ )

(၁) blog.nweyoe.net
(၂) blog.calmhill.info
(၃) nay-lin.blogspot.com
(၄) khinoomay77.blogspot.com
(၅) arrmanthit.blogspot.com

နွယ်ရိုးဘလော့က ဆိုရှယ်ရော၊ နည်းပညာရော၊ ရှမ်းနဲ့ပါတ်သက်တဲ့ ဗဟုသုတရော တင်လေ့ရှိတော့ ပရိတ်သတ် သုံးဘက်ရှိသလိုဖြစ်မယ် ဒါ့ကြောင့် ညှန်တဲ့လူများနိုင်သလို ညှန်တဲ့လူများကလည်း Page Rank မြင့်တဲ့ဝဘ်ဆိုက်လည်း ပါဝင်နိုင်ပါတယ်။ ကျွန်တော့််ဆိုက်ကတော့ ညှန်တဲ့လူနည်းနည်းပဲရှိပါတယ် ဒါပေမယ့် Page Rank မြင့်တဲ့ ဖိုရမ်လိုနေရာတွေကနေ ညှန်နေတယ် နောက်ပြီးတော့ ရှာတဲ့စာသားက Anchor အရ အခြားဝဘ်ဆိုက်တွေမှာထက် မြင့်နေတော့ ဒုတိယလိုက်တာ သဘာဝကျပါတယ်။ ကိုနေလင်းဘလော့ကတော့ သိပ်မခင်တော့သွားကြည့်ရတယ် သူကလည်း ဗဟုသုတရစရာနဲ့ ဆိုရှယ်အတွက် ရေးတဲ့လူဆိုတော့ ပရိတ်သတ် နှစ်ဘက်နဲ့ ဆိုတော့ ညှန်တာခံရတာများပုံရပါတယ်။ အဘွားခင်ဦးမေရဲ့ ဝဘ်ဆိုက်တော့ စတုတ္ထနေရာမှာပြေးနေပါတယ် ဒီနေရာမှာစဥ်းစားမယ်ဆိုရင် အဘွားဘလော့ကို ညှန်တဲ့လူက အပေါ်သုံးခုထက် အဆမတန