Calm Hill My Random Thoughts

Web Version မရေမရာ

အခုအချိန်အထိ တွင်တွင်ကျယ်ကျယ် သုံးနေပေမယ့် မသဲကွဲသေးတဲ့ အသုံးအနှုံးတွေ တွေ့နေရတယ်။ အတိအကျမေးရင် ဘယ်သူမှကွဲကွဲပြားပြား မဖြေတတ်ဘူး ကိုယ်ထင်ရာကိုယ်ပဲ ဘာသာပြန်ပြီး ပြောတာရှိတယ် လူအများပြောတာကို ကြားဖူးတာကို ပြန်ကိုးကားပြီး မသဲမကွဲဖြေရတာရှိတယ်။ အဲဒီ့အသုံးအနှုံးတွေကို ရေးဖို့အတွက် စာတွေဖတ်ရပြန်တယ် မတူညီတဲ့အမြင်ကို အရင်စုရတာ အပင်ပန်းဆုံးပဲ ကျယ်ကျယ်ပြန်ပြန် မဖတ်မိမှာလည်း စိုးရိမ်ရတယ် အသုံးမကျတွေပဲ မဖတ်မိအောင်လည်း သတိထားရတယ် မှန်ကန်မှု့ ဘယ်လောက်ရှိသလဲလည်း သုံးသပ်ရတယ်။ အခုတော့ Web Version မသဲမကွဲအကြောင်း တစ်နာရီလောက် မွှေ့နှောက်ဖတ်ထားသလောက် ရေးထားလိုက်တယ်။ အချိန်တစ်နာရီဆိုတာ ကျယ်ကျယ်ပြန်ပြန် မဖြစ်နိုင်ဘူးဆိုတာတော့ သေချာပါတယ် ဒါ့ကြောင့် အပေါ်ယံလို့ပဲကြိုပြောထားပါတယ် ဒါပေမယ့် ရေးရတာက တစ်နာရီမက အချိန်ကုန်ပါတယ်။

Web 1.0 From http://en.wikipedia.org/wiki/Web_1.0

Web 1.0 ဆိုတာကို ၁၉၉၁-၂ဝဝ၃ အထိ ကာလလို့ပြောထားသလို www ကိုပြင်ပကို စပြီးချပေးလိုက်ချိန် ၁၉၉၁ ခုနှစ်နှစ်အစကနေ bursting of the Dot-com bubble ၂ဝဝ၁ မတိုင်ခင်ကာလ အထိ ကြားကာလကို Version 1.0 လို့ခေါ်တယ်ပြောပြန်တယ်။ Terry Flew ရဲ့ New Media မှာ personal websites တွေ blogs ဖြစ်လာတယ် ဖတ်တဲ့လူလည်း ရေးနိုင်လာတယ် အပြန်အလှန်ဆက်သွယ်မှု့ရှိလာတယ် content management systems တွေသုံးလာတယ် အဲဒါကို Web 1.0 ကနေ Web 2.0 အပြောင်းအလဲလို့ဆိုတယ် Reed Hastings ကပြောသွားတာက Web 1.0 က dial-up ဖြစ်ပြီး Web 2.0 က Broadband ဆိုရမလိုဖြစ်နေတယ် Web 3.0 ဆိုတာက 10 megabits per second ဆိုပဲ။

ဖတ်ရတာသိပ် အဆင်မပြေလှဘူး သူပြောသလို ၁၉၉၁ မှာစထုတ်လို့ Version 1.0 ဆိုရင် အရင်က အဲဒီ့အချိန်က Version 1.0 လို့ပြောခဲ့တဲ့လူ ဘယ်သူရှိပါသလဲ အခု Version 2.0 ဆိုမှအရင်က Version 1.0 လို့အော်နေတယ်လို့ ပြောရင်ငြင်းရာ အချက်အလက် မရှိသေးဘူး။ Terry Flew ပြောတာက လက်ခံနိုင်စရာရှိတယ် လက်ရှိအနေအထားနဲ့ အရင်ကအနေအထားကြားထဲမှာ အပြောင်းအလဲဖြစ်နေတာတွေက သူပြောတဲ့အချက်တွေပါနေတယ်။ Reed Hastings အဖြေကတော့ အတော်ရယ်ရတယ်ပြောရမယ် သူကတော့ Streaming လုပ်တဲ့လူဆိုတော့ မြန်လေ Version မြင့်လေလို့ခံယူထားပုံရတယ်။ ဒါပေမယ့် မှားတယ်လို့တော့ ပြောလို့မရဘူး လက်ရှိ Web နည်းပညာတွေက အရင်က Dial-up နှုန်းနဲ့ဆိုရင် အလုပ်မဖြစ်နိုင်တဲ့အရာတွေ ရှိနေတယ်။

Web 2.0 From http://en.wikipedia.org/wiki/Web_2.0

Web 2.0 ကို ၂ဝဝ၄ ခုနှစ်နောက်ပိုင်းလို့ ဆိုထားပြီးတော့ information sharing, interoperability, user-centered design and collaboration တွေကို www ပေါ်မှာ တည်ဆောက်ထားတဲ့ application လို့အဓိပ္ပာယ်ဖွင့်ထားတယ်။ ဥပမာတွေအနေနဲ့ hosted services, web applications, social-networking sites, video-sharing sites, wikis, blogs, mashups, and folksonomies လို့ပြောထားတယ်။ ရေးထားတာတွေ လက်ခံစရာကောင်းပါတယ် အချို့ပြောတဲ့ Wiki, blog ကိုလက်ညှိုးထိုးပြီး အဲဒါ 2.0 လို့ပြောတဲ့လူတွေကို Wiki, blog ဆိုတာ 2.0 ဟုတ်ပါတယ် ဒါပေမယ့် 2.0 ဆိုတာ Wiki, blog မဟုတ်ဘူးလို့ သူပြောတဲ့ အချက်အလက်မျိုး ကိုင်တွယ် ပြောနိုင်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကို တွေ့ရတယ် Web 2.0 ဆိုတဲ့အသုံးအနှုန်းဟာ ၂ဝဝ၄ မှာလုပ်ခဲ့တဲ့ O’Reilly Media ရဲ့ Conference နဲ့သက်ဆိုင်တယ် ဆိုတာတွေ့ရတယ်။ ဒီနေရာမှာ Web New Version ဆိုတာဟာ နည်းပညာစံသတ်မှတ်ချက်ကို ပြောင်းလဲတာမဟုတ်ပဲ software developers နဲ့ end-user ရဲ့ www ကိုသုံးချပုံ ပြောင်းလဲလာတယ်လို့ ဆိုလိုတယ်လို့ ပြောထားတာဟာ အပေါ်က Web 1.0 မှာမရေမရာပြောထားပုံနဲ့ ယှဥ်ကြည့်ရင် အများကြီးလက်ခံနိုင်ပါတယ်။

Technology overview ဆိုပြီး keyword search တွေ information တွေအလွယ်တကူ Link လုပ်နိုင်ပုံတွေ Web Technology ကိုတတ်သိတဲ့လူမဟုတ်ပဲ ဝင်ရောက်ရေးသားနိုင်မယ် ရေးတဲ့လူကိုယ်တိုင် ရေးထားတဲ့ အကြောင်းအရာတွေကို ဘာအကြောင်းအရာဆိုတာ Tags လုပ်နိုင်မယ် RSS ကိုသုံးထားတဲ့ User တွေကို Content အသစ်ရောက်နေပြီလို့ အကြောင်းကြားပေးနိုင်တဲ့ Signals ပုံစံတွေကို ဆွေးနွေးထားတယ်။ ဒီနေရာမှာ သူဆွေးနွေးထားတာကို လက်ခံပါတယ် ဒါပေမယ့် အဲဒါတွေက RSS ကလွဲရင် Technology မဟုတ်ပဲ Features တွေပဲဖြစ်နေလို့ သူခေါင်းစဥ်ခွဲထားတာကို သိပ်လက်သင့်မခံချင်ဘူး။

ဘယ်လိုအလုပ်လုပ်သလဲဆိုပြီးတော့မှ လက်ရှိအသုံးပြုနေတဲ့ Technologies တွေဖြစ်တဲ့ Ajax, Adobe Flash, Adobe Flex, XML, JSon စသည်ဖြင့်တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီ့ Technologies တွေကို Client ဘက်မှာအသုံးပြုတယ်လိုဆိုပြီး Server Site မှာတော့ ယခင်နည်းပညာ အဟောင်းများဖြစ်တဲ့ CGI, Database စသည်ဖြင့်ပဲ မပြောင်းလဲပဲ အသုံးပြုနေတာကို တင်ပြထားပါတယ်။ ဒီနေရာမှာ ပြန်သုံးသပ်မယ်ဆိုရင်လည်း CGI, Database နဲ့ Dynamic Website တွေ ရေးနေခဲ့တာ အရင်ကတည်းကပါ အခုမှမဟုတ်ပါဘူး Web 2.0 လို့စပြီးအော်ချိန်ကနေ အခုအချိန်အထိ အပြောင်းအလဲဟာ Web Application တွေဟာ အရင်လို Thin Client နည်းသွားပြီး အပေါ်မှာပြထားတဲ့ Technologies တွေနဲ့ Rich Client ကိုဖန်တီးထားတာပဲ ပိုလာတာကို မြင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် Web 2.0 ဆိုတာဘာလဲ စဥ်းစားတဲ့နေရာမှာ မြင်သာတဲ့ Rich Client ကိုသာလက်ညှိုးထိုးပြီး အဲဒါတွေက Web 2.0 လို့ပြောကြတဲ့လူတွေ ရှိလာတာပါ။

Web 1.0 vs. Web 2.0 From http://blog.vovici.com/blog/bid/18085/Web-1-0-vs-Web-2-0

Jeffrey Henning ကတော့ Web 1.0 နဲ့ Web 2.0 ကိုအောက်မှာဖော်ပြထားတဲ့ ဇယားတစ်ခုနဲ့ တင်ပြထားပြန်ပါတယ်။

Web 1.0        Web 2.0
One-Way     Two-Way
Authoritarian   Democratic
Passive     Active
Static      Dynamic
Closed      Collaborative
One-Way နဲ့ Two-Way ဆိုတာမှာ အရင်က Personal Website တွေ Coporate Website တွေမှာဆိုရင် ဖတ်လို့ပဲရတာများပါတယ် အနည်းဆုံး Feedback ပြန်ပေးချင်ရင် အီးမေးနဲ့ပဲလုပ်ရတာ များပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘလော့ဖြစ်ဖြစ် Social Network ဖြစ်ဖြစ် Website တော်တော်များများမှာ Feedback လုပ်လို့ လွယ်ပါတယ် အနည်းဆုံးတော့ Comment ရေးလို့ရတယ် ဒါလည်း မြင်သာတဲ့ အနေအထားတစ်ခုပါပဲ။ Authoritarian နဲ့ Democratic ဆိုတာကတော့ အရင်ကတော့ Web မှာ Publish လုပ်ဖို့အတွက်လည်း သက်ဆိုင်ရာ Website ကခွင့်ပြုမှသာ ဖြစ်နိုင်ပါတယ် သာမန်လူတွေ အနေနဲ့က နည်းပညာချို့တဲ့မှု့တွေကြောင့် ကိုယ်တိုင် Website လုပ်ဖို့ အနည်းနဲ့အများ အခက်အခဲရှိပါတယ် အခုဆိုရင်တော့ Blog တစ်ခုလုပ်ဖို့ မခဲယဥ်းတာကြောင့် ကိုယ်တိုင် လုပ်ရပိုလွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည်နိုင်မှု့တော့ လျော့ကျပါတယ် ရေးထားတဲ့ အကြောင်းအရာ မှန်ကန်တယ်လို့ ယုံကြည်နိုင်ဖို့ အတော်လေးဆုံးဖြတ်ရမယ်။

Passive နဲ့ Active ဆိုတာကိုတော့ သူတို့အနေနဲ့ ဖတ်ရုံသက်သက်နဲ့ Interactive လုပ်လို့ရမရလို့ ပြောထားတယ်။ အရင်က Website တွေမှာက ဖတ်ဖို့များတယ်ဆိုတာ လက်သင့်ခံပါတယ် ဒါပေမယ့် သူဥပမာပြောထားတဲ့ အွန်လိုင်းက အရောင်းအဝယ်လုပ်တဲ့ Active ကိစ္စကတော့ အရင်လည်းရှိတာပါပဲ ဒါတွေကတော့ သိပ်ပြီးသိသာထင်ရှားတဲ့ အပြောင်းအလဲတော့ မဟုတ်ဘူးလို့ ယူဆပါတယ်။ Static နဲ့ Dynamic မှာလည်း ဒီလိုပဲသုံးသပ်ပါတယ် ၂ဝဝဝ ခုနှစ်များက Website များဟာ Static များတယ်လို့ဆိုပေမယ့် အရာအားလုံး Static မဟုတ်ပါဘူး အခုခေတ်လည်း Personal Page တွေရဲ့ခေတ်က ကုန်ဆုံးမသွားသေးပါဘူး အနည်းနဲ့အများရှိနေကြပါတယ် ဒါ့ကြောင့် ဘယ်လောက်အတိုင်းအတာအထိ Dynamic ဖြစ်တယ်ဆိုတာကို ပြောနိုင်မယ်ဆိုရင်တော့ လက်ခံကောင်းလက်ခံနိုင်ပါမယ်။ Closed နဲ့ Collaborative ဆိုတာကတော့ လက်သင့်ခံနိုင်ပါတယ် ဖတ်တဲ့လူတွေ ပါဝင်နိုင်မှု့ လွယ်မလွယ်ဆိုတဲ့နေရာမှာ Wiki လိုလူတိုင်း ပါဝင်ခွင့်ရတဲ့ နေရာမျိုးက သက်သေထူပါတယ် ဒါပေမယ့် Wiki မှာတောင် အချို့အကြောင်းအရာတွေက လူတိုင်းကိုပြင်ခွင့်မပေးပဲ Closed အဖြစ်ရှိနေတာတွေက Collaborative အားလုံးလုပ်ဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြနေပါတယ်။

လူတစ်ယောက်ချင်း အမြင်အဖြစ်နဲ့ ထပ်ပြီးဖတ်ချင်ရင် Joe Drumgoole ရေးတဲ့ Web 2.0 vs Web 1.0 ကိုလည်း http://joedrumgoole.com/blog/2006/05/29/web-20-vs-web-10/

မှာဖတ်လို့ရပါတယ် သိပ်ကွာခြားမှု့မရှိလှပါဘူး။

Web 1.0 vs Web 2.0, the Difference From http://www.sizlopedia.com/2007/08/18/web-10-vs-web-20-the-visual-difference/

အများအနေနဲ့မြင်သာမယ့် Diagram အဖြစ် Web 1.0 and Web 2.0 ကို Saad Hamid ကတော့ အောက်မှာပြထားတဲ့ ပုံနဲ့ တင်ပြထားပါသေးတယ်။

Key Differences between Web 1.0 and Web 2.0 From http://www.uic.edu/htbin/cgiwrap/bin/ojs/index.php/fm/article/view/2125/1972

First Monday မှာ Graham Cormode နဲ့ Balachander Krishnamurthy ရေးထားတဲ့ Key Differences between Web 1.0 and Web 2.0 ကတော့ Website တွေရဲ့ ကွာခြားချက်ကို Survey လုပ်ပြီး စနစ်တကျရေးထားပါတယ် Qualitative Data တွေကို Survey လုပ်ထားတာ ဖြစ်တဲ့အတွက် သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာများကိုတော့ မူရင်းမှာပဲ အသေးစိတ် ဖတ်လို့ရပါမယ်။ အဓိကတင်ပြထားတာက Traffic and Technology ကိုအဓိကတင်ပြထားပြီး စိတ်ဝင်စားစရာအဖြစ် တင်ပြထားပါတယ်။ သူတင်ပြထားတဲ့ Web 1.0 and Web 2.0 မှာသုံးစွဲတဲ့ Traffic ပမာဏကွာတယ်ဆိုတာ လက်ခံနိုင်ပါတယ် တစ်ခါတည်း အကုန်လုံးဆွဲချတယ် နောက်တော့ Ajex လိုတစ်ပိုင်းချင်းစီဆွဲယူတယ် အစက Information တွေက Text နဲ့ပဲရှိတယ် နောက်တော့ ရုပ်ရှင်တွေလို Information တွေပါလာတယ် ဒါတွေမှာ Technology ကိုမူတည်ပြီး Traffic လည်းကွဲပြားလာတယ်။ ဒီဆောင်းပါးကိုတော့ မူရင်းမှာအသေးစိတ် ဖတ်မှပဲ သူတို့လုပ်ထားတဲ့ Survey နဲ့ တင်ပြချက်တွေကို အသေးစိတ်ဖတ်နိုင်ပါမယ် အသေးစိတ်ဖတ်သင့်တဲ့ ဆောင်းပါးတစ်ခုပါ။ တင်ပြထားတဲ့ Survey အဖြေတွေအရ အပေါ်ကဘလော့တွေမှာ ရေးထားသလိုမဟုတ်ပဲ မှန်ကန်ကြောင်းလည်း အခိုင်အမာသက်သေခံနိုင်ပါတယ်။ ဒီနေရာမှာ Authoritarian နဲ့ Democratic ရဲ့အကျိုးအပြစ်ကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ် Blog or Wiki မှာရေးထားတယ် ယုံကြည်ရမလား ကိုယ်တိုင်ဆုံးဖြတ်ရမယ် Journal မှာပါဝင်ဖို့ နားလည်တဲ့ Technical ဘုတ်အဖွဲ့ပါဝင်တာကြောင့် ဆောင်းပါးရဲ့ မှန်ကန်ကြောင်း အကျိုးရှိကြောင်း အတည်ပြုချက်လိုတယ် ဒါ့ကြောင့်ပိုပြီးယုံကြည်ရတယ်။

What Is Web 2.0 From http://oreilly.com/pub/a/web2/archive/what-is-web-20.html?page=1

Web 2.0 ဆိုတဲ့အခေါ်အဝေါ်ဟာ Oreilly ကစခဲ့တယ်ဆိုတော့ Oreilly မှာပြောခဲ့တယ်ဆိုတာကိုလည်း တစ်ခေါက်ဖတ်ရပြန်တယ် Oreilly မှာလည်း Web 1.0 and Web 2.0 ကိုအောက်မှာပြထားတဲ့ နှိုင်းယှဥ်ချက်နဲ့ ပြထားပြန်ပါတယ်။

Web 1.0                Web 2.0
DoubleClick         Google AdSense
Ofoto               Flickr
Akamai              BitTorrent
mp3.com

Napster Britannica Online Wikipedia personal websites blogging evite upcoming.org

and EVDB domain name speculation search engine optimization page views cost per click screen scraping web services publishing participation content management system wikis directories(taxonomy) tagging(folksonomy) stickiness syndication

Oreilly ရဲ့ဆောင်းပါးမှာတော့ The Web As Platform, Harnessing Collective Intelligence, Data is the Next Intel Inside, End of the Software Release Cycle, Lightweight Programming Models, Software Above the Level of a Single Device, Rich User Experiences ဆိုပြီးတော့ အခန်းခွဲပြီးတော့ တင်ပြထားပါတယ်။ အပေါ်မှာတင်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ကွဲပြားစွာထပ်ပါလာတာက Data is the Next Intel Inside လို့ပြောရပါမယ် Web 1.0 ခေတ်ကဆိုရင် Data အတော်များများဟာ Static Page အတွင်းမှာသာရှိနေပြီးတော့ Web 2.0 ခေတ်မှာ Data တွေဟာ Web Component အပြင်မှာရှိလာကြောင်း တွေ့ရပါတယ် ဥပမာအားဖြင့် XML or External Database ထဲမှာပဲ ထိမ်းသိမ်းတာများလာကြောင်း တွေ့ရပါတယ်။ End of the Software Release Cycle မှာလည်း သာမန် Software Release မှာလို Acceptance မှာ Test Team ထက်ပိုပြီး User တွေကို ပိုမိုပါဝင်ခွင့် ပေးလာတာကို တင်ပြထားတာ တွေ့ရပါတယ်။ Software Above the Level of a Single Device မှာတော့ Web 2.0 မှာ PC ဆိုတာထက် ပိုမိုပြီးတော့ အခြားသော Platform များအထိ ပါဝင်သွားတယ်ဆိုတာကို ဦးစားပေး တင်ပြထားတာကို မြင်နိုင်ပါတယ်။

သုံးသပ်ချက်

အပေါ်မှာ တင်ပြသွားတဲ့ လူတစ်ယောက်ချင်းရဲ့ အမြင်တွေရယ် ဆောင်းပါးတွေရယ်ကို စုပေါင်းကြည့်မယ် အမျိုးအစား ခွဲကြည့်မယ်ဆိုရင် Web Site တွေရဲ့ Content ပြောင်းလဲမှု့၊ User တွေရဲ့ အခန်းကဏ္ဍ၊ Technological Support ဆိုပြီးခွဲခြားနိုင်ပါတယ်။

Web Site တွေရဲ့ Content ပြောင်းလဲမှု့မှာဆိုရင် ယခင်ကလို Content နဲ့ Web Component တွေခွဲခြားထားနိုင်တယ် Content တွေကို Data တွေအနေနဲ့ သီးသန့်ထုတ်ထားနိုင်တယ် ဒါ့ကြောင့် Content အပြောင်းအလဲဟာ အခြားသောအကြောင်းအရာတွေကို ထိခိုက်မှု့လျော့သွားတယ်။ Content ဆိုရာမှာ အရင်ကဆိုရင် သာမန် User တိုင်း ပြုပြင်နိုင်ခွင့်နည်းပါတယ် Wiki လို Blog လိုအကြောင်းအရာများက ယခင်ထက် သာမန် User တွေကိုတင်ပြခွင့်တွေ ပိုမိုလာခဲ့တယ်။

User တွေရဲ့ အခန်းကဏ္ဍမှာဆိုရင် ယခင်ကလို နည်းပညာတတ်ကျွမ်းမှ ဒါမှမဟုတ် အယ်ဒီတာအဖွဲ့ အတည်ပြုမှတင်ပြခွင့်ထက် မိမိကိုယ်တိုင် တင်ပြခွင့်ကို ပြောင်းလဲလာတဲ့ နည်းပညာက အကူအညီပေးခဲ့တယ်။ အကျိုးအမြတ်အဖြစ် လွတ်လပ်စွာတင်ပြခွင့် ရရှိလာတယ်။ ဆိုးကျိုးလည်းရှိတာပါပဲ တင်ပြချက်တွေမှာ အမှားတွေ အများကြီးပါလာတယ် ဒါ့ကြောင့် ယုံကြည်သင့်မယုံကြည်သင့် ခွဲခြားနိုင်ဖို့စွမ်းအားရှိဖို့ အင်မတန်လိုအပ်တယ်။ Technical User တွေပဲပြောပြော Developer တွေပဲပြောပြော သူတို့ရဲ့ ကဏ္ဍကတော့ အရင်အတိုင်းပဲ သာမန် User တွေ Web မှာ လွယ်လွယ်ကူကူ ရေးသားလို့ရတယ်ဆိုတာ သာမန် User တွေ Web နည်းပညာကို တတ်ကျွမ်းလာတယ်လို့ မဆိုလိုဘူး မတတ်လည်းရေးလို့ရအောင် အလွယ်တကူရှိတဲ့ Software တွေနဲ့ ထောက်ပံ့ပေးထားတာသာဖြစ်တယ်။ ဒီလို Software တွေအတွက် Technical User တွေကတော့ အရေးပါတဲ့ ကဏ္ဍကနေ ရှိနေမှာပါပဲ။

Technological Support မှာ သာမန် User တွေအတွက် Support နဲ့ Technical User တွေအတွက် Support ဆိုပြီးခွဲခြားမြင်နိုင်ပါသေးတယ်။ သာမန် User တွေအနေနဲ့ Web မှာပါဝင်ရေးသားနိုင်အောင် Blog လို Wiki လိုဆော့ဝဲတွေက အထောက်အကူပြုပေးနိုင်တယ် အဖွဲအစည်းအတွေအတွက်လည်း အမျိုးမျိုးသော Content Management System တွေကလည်း အကူအညီပေးနိုင်ပါတယ်။ ဥပမာ- Blogger, Wordpress, Wiki, Joomla, … စသည်ဖြင့်ပေါ့လေ ဒီလိုဆော့ဝဲတွေဟာ သာမန် User တွေအတွက် Content ပဲစိုက်ထုတ်ရုံနဲ့ Web မှာတင်ပြနိုင်အောင် လုပ်ပေးနိုင်ကြပါတယ်။

Technical User တွေကတော့ သာမန် User တွေကို အထောက်အကူပြုတဲ့ Software များကို ဖန်တီးဖို့အတွက် အခြားသော နည်းပညာများကို အသုံးပြုနိုင်ပါတယ် ဒီနေရာမှာ Rich Client တွေဖန်တီးဖို့ JavaScript, Web Page ရဲ့ တစ်စိတ်တစ်ဒေသကို ပြုပြင်ပေးနိုင်တဲ့ Ajex, Publish Subscribe အတွက် RSS စသည်ဖြင့်ပေါ့လေ အသစ်အသစ်နဲ့ ထွက်လာတဲ့ Web Technology တွေက Technical User တွေကိုဖန်တီးခွင့်ပေးမယ့် Technological Support တွေအဖြစ် ရှု့မြင်နိုင်ပါတယ်။

နိဂုံး

မရေမရာဖြစ်နေတဲ့ Web 2.0 ကို လှည့်လည်ဖတ်ရှု့လိုက်တော့ တစ်ယောက်တစ်ပေါက် ပြောနေတဲ့ Ajex ဆိုတာ Web 2.0 ဆိုတာမျိုး၊ Blog ဆိုတာ Web 2.0 ဆိုတာတွေ၊ Wiki ဆိုတာ Web 2.0 စသည်ဖြင့်ပေါ့လေ ပြောနေတာတွေဟာ အင်မတန် ဘောင်ကျဥ်းတယ်ဆိုတာ သိသာလာပါတယ်။ အားလုံးခြုံငုံလိုက်ရင်တော့ Content ကို Contribute လုပ်တဲ့ User တွေတိုးလာတယ် အရင်လိုလာကြည့်ရုံမဟုတ်ဘူး အကြောင်းကြားပေးတဲ့ ပုံစံတွေဖြစ်လာမယ် ဒီလိုဖြစ်ဖို့အတွက် ဖန်တီးရတဲ့ နည်းပညာအသစ်တွေ ပေါ်လာတယ် ဒါတွေအားလုံးပေါင်းက Tim Berners-Lee စခဲ့တဲ့ WWW ထက်ပိုလာတယ် ဒီကွဲပြားခြားနားချက်ကို Web 2.0 လို့ခေါ်ထားတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ Web 3.0 ဖြစ်လာမလဲမေးရင်တော့ အခုထိ Web 2.0 ကိုတောင် တိတိကျကျ သတ်မှတ်ချက် မရှိသေးတော့ Web 3.0 ဆိုတာလည်း နောင်တစ်ချိန်တော့ ဒီလိုပဲ အပြောင်းအလဲ ပမာဏနဲ့ မသေမချာပြောနေရင်း ပြောင်းသွားဦးမှာပါပဲ။