Calm Hill My Random Thoughts

သင်္ချာတော်တဲ့ကလေး

တစ်ခါက မူလတန်းကျောင်း တစ်ကျောင်းမှာ ကလေးတွေကို သင်္ချာစိတ်တွက်ပြိုင်ပွဲ လုပ်ကြတာပေါ့။ ပြိုင်ပွဲလုပ်ပုံကရှင်းရှင်းလင်းလင်းပါ အရှေ့ကဆရာမက ဂဏန်းသုံးလေးလုံးကို ရွတ်ပြလိုက်ရင် ကျောင်းသားကအဲဒါကို စိတ်နဲ့ပေါင်းပြီးပြန်ဖြေရတာပေါ့။ ကလေးတွေက ငယ်သေးတော့ ဂဏန်းသုံးလုံးနဲ့အထက်မှာ အတော်နဲ့မပေါင်းနိုင်ပဲ အတော်ကြာမှသာဖြေနိုင်ကြတယ်။ အဲဒီ့မှာ စိတ်တွက် တော်တဲ့ကလေးတစ်ယောက်တော့ တွေ့ရပါတယ်။ ဆရာမ။ ။ ၃ နဲ့ ၄ ပေါင်းရင် ဘယ်လောက်ရပါသလဲ။ ကျောင်းသား။ ။ ၇ ပါခင်ဗျ။ ဆရာမ။ ။ ၅ ရယ် ၄ ရယ် ၆ ရယ် ပေါင်းရင်ရောကွယ်။ ကျောင်းသား။ ။ ၁၅ ပါခင်ဗျ။ ဆရာမ။ ။ ၆ ရယ် ၇ ရယ် ၈ ရယ် ၉ ရယ်ဆိုရင်ရောကွယ်။ ကျောင်းသား။ ။ ၃ဝ ပါခင်ဗျ။ ဆရာမ။ ။ နောက်ဆုံး မေးခွန်းမေးမယ် သားရယ် ၁ ရယ် ၂ ရယ် ၃ ရယ်ဆိုရင် ဘယ်လောက်ရသလဲကွယ်။ ကျောင်းသား။ ။ ၂၀ ပါခင်ဗျ။ ဆရာမ။ ။ သြော်… သင်းကဒါ့ကြောင့်ကိုး။