Calm Hill My Random Thoughts

အတုမြင်အတတ်သင်

သူများတွေကတော့ ​ပြောပါတယ် မိန်းကလေးတွေနဲ့ ပြိုင်ပြီးရန်မဖြစ်နဲ့တဲ့ မရပါဘူး အကျင့်ကိုကပါနေတယ် ယောက်ျားသော မိန်းမသော နားမလည်ဘူး တစ်ခွန်း​ပြောရင် တစ်ခွန်းပြန်ကိုပြောရမှ အတုမြင်အတတ်သင်ပါလေ ငယ်ကတည်းက အဖေကဒီလိုပဲ ရန်ဖြစ်တာပဲ။ တစ်ခါက တောင်ကြီးကနေ မန္တလေးကို ပြန်လာတာ အောင်ပန်းမှာ ကျွန်တော်က ငှက်ပျောသီးစားချင်တယ်​ပြောလို့ ငှက်ပျော်သီးသည်ဆီကနေ ငှက်ပျောတစ်ဖီးဝယ်ပါတယ် တစ်ဖီးကို ၁၅ ကျပ်တဲ့ အဲဒါကို ၁၀ ထားဆိုပြီးဆစ်ပါတယ် ဈေးသည်ကယူသွားဆိုပြီး အိတ်ထဲထည့်ပြီးမှ ၁၀ နဲ့ပေးလိုက်ရလို့ ပလတ်စတစ်ဖိုး ၂ ကျပ်ပေးပါတောင်းပါရော အဲဒါနဲ့ အလကားပေးရတဲ့ အိတ်ကိုဘာလို၌ ၂ ကျပ်ပေးရမလဲဆိုပြီး အဖေနဲ့စကားများပါရော ဟိုကလည်း ယောက်ျားကြီးဖြစ်ပြီး စေးလိုက်တာတဲ့ အဖေကလည်း ခင်ဗျားကလည်း အစကတည်းက မလျော့နိုင်ရင် ဘာလို့လိမ်သလဲဆိုပြီး ဖြစ်ကြတာ ကားထွက်မယ်လို့ ကားသမားအတင်း လာခေါ်မှရပ်ပါတယ် ၂ ကျပ်ဖိုး ဇာတ်လမ်းရှုပ်သွားတာနဲ့ ကျွန်တော်လည်း ငှက်ပျောသီးငတ်ပါရောဗျာ။ ဒီမနက်ကတော့ Bus ကားဂိတ်မှာ ကားခနည်းနေတာနဲ့ ကားခဖြည့်တယ်ပေါ့လေ။ ကိုယ့်ရှေ့မှာလည်း ကလေးတစ်သိုက် ကားခဖြည့်နေပြီးတော့ အမျိုးသမီးကြီးတစ်ယောက် တန်းစီနေပါတယ် တန်းစီတဲ့ဘေးဘက်နားမှာကတော့ မိဘတွေကရပ်စောင့်နေပါတယ် ဒါနဲ့ကိုယ်လည်း မိန်းမကြီးနောက်ကနေ တန်းစီဖို့လိုင်းလေး တားထားတဲ့အနားက ဝင်တန်းစီပေါ့လေ ဘေးဘီကိုကြည့်မိတော့ ကလေးမိဘတွေနားက ​ပြောင်ပြောင်လက်လက် ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ့်တွေကိုမျက်စောင်းတွေ ထိုးနေတာတော့ သတိထားမိတယ်။ ရှေ့ဆုံးကကလေးတွေ ကဒ်ြဖည့်အပြီးမှာ အဲဒီ့အမျိုးသမီးက အတင်းရှေ့ကိုဝင်တန်းပါတယ် ကျွန်တော့်အရှေ့က တန်းနေတဲ့ တရုတ်မကြီးက အဝင်မခံပါဘူး တွန်းဖယ်လွှတ်ပါတယ်။ အဲဒါကို တရုတ်မကြီးကိုမနိုင်တော့ ကိုယ့်လာရန်ထောင်ပါတယ်။ အဲတော့မှ သဘောပေါက်ပါတယ် သူကကလေးအမေတွေ စောင့်နေတာကို တန်းစီတယ်မှတ်လို့ အဲဒီ့နောက်က ဝင်ပြီးတန်းစီနေတာပါ။ တကယ်ဆိုကိုယ်လည်း သူလာ​ပြောရင် ကိုယ့်အရှေ့က ဝင်စီခိုင်းပါတယ် အခုတော့ အသားလွတ်လာ ရန်​ထောင်လေတော့ ဖယ်ပေးချင်စိတ်လည်းမရှိ မင်းမျက်စေ့စစ်သင့်တယ် ဒီမှာတန်းစီတဲ့လိုင်း မမြင်ဘူးလားလို့ ​ပြောလိုက်ပါတယ် အဲဒါလည်း ရှစ်တွေကိုးတွေနဲ့ပါ ဆဲဆိုလာလေတော့ ကိုယ်လည်း ပြိုင်တော့မဆဲပါဘူးလေ ပညာမတတ်တဲ့ အမျိုးသမီး ဘယ်လိုစနစ်တကျ တန်းစီရမှန်းမသိပါလား လာပါခင်ဗျားအရင်သွား ရှေ့ကတန်းစီလို့ သာသာနဲ့နာနာ နှက်လိုက်တာ ကဒ်မဖြည့်ပဲ ချာကနဲလှည့်ထွက်သွားပါတော့တယ်။ အနောက်က တန်းစီနေတဲ့ လူများကလည်း ဩဘာပေးကြပါတယ်။ အနောက်က တန်းစီနေတဲ့ တရုတ်မလေးက ကောင်းတယ်လို့ထောက်ခံတာ ကျေးဇူးပဲညီမလေးလို့ ​ပြောလိုက်တာ မျက်စောင်းထိုးသွားပါတယ် သတိထားကြည့်လိုက်တော့ ယောက်ျားစိတ်ပေါက်နေတဲ့ ညီမလေးဖြစ်နေသကိုး အသာလေး မသိချင်ယောင်ဆောင်ြပီးတော့ ကဒ်ြဖည့်ပြီးထွက်လာခဲ့ရတယ်။ တနင်္လာဆိုတော့ အာကီဒိုသင်တန်းက သွားရသေးတယ် ဒု​တ်တွေဓားတွေထည့်ထားတဲ့ အိတ်အရှည်ကြီးကလည်း ရုံးသွားရင်းယူသွားပါတယ်။ ရထားကြပ်တော့ အဲဒီ့လက်နက်အိတ်ကြီးက လူကြားထဲအတော်လေး မျက်စောင်းထိုးခံရတယ်။ ဘေးနားက မိန်းမကြီးကို အိတ်နဲ့ခေါင်းခေါက်မိသလိုဖြစ်သွားလို့ ရယ်သလိုမောသလိုနဲ့ ဟဲဟဲ ဆောရီးလို့လုပ်ထားရတယ်။ ဂျူရောင်းအိ(စ်) မှာရထား​ပြောင်းမယ်လုပ်တော့ အထဲကကိုယ်မထွက်ရသေးခင် အပြင်မှာတက်ဖို့လူတွေက တပ်တောင်တာဗိုလ်ထုနဲ့ တံခါးပေါက်အပြည့် နေရာယူပြီးတော့ အထဲဝင်ဖို့ဟန်ခင်းနေပြီ အလယ်မှာတစ်ယောက်စာတောင် နေရာချန်မထားဘူး။ လူကလည်းမနက်ကတည်းက ရန်ြဖစ်လာတာ စိတ်ကပေါက်နေတော့ ဒုတ်တွေထည့်ထားတဲ့ အိတ်ကိုလူရှေ့မှာကန့်လန့်ြဖတ် ကိုင်လိုက်တယ် ပိတ်နေတဲ့လူတွေကို မရှိသလိုသဘောထားပြီး တိုးထွက်လိုက်တယ် လူတွေများဒုတ်နဲ့ ထိုးမိမှာကြောက်တော့ ဘေးကိုရှဲကနဲ့အလုအယက် ရှောင်သွားမှပဲ ထွက်စရာလမ်းလေး ပွင့်သွားတော့တယ်။ အနောက်ကလိုက်လာတဲ့ တစ်ယောက်က ဂွဒ်ဂျော့(ဘ်) ဆိုပြီး​ပြောလို့ ကျေးဇူးပဲအစ်မ လုပ်လိုက်ပြီးမှ စောစောက ယောက်ျားလျာလားလို့ လှည့်ကြည့်ရသေးတယ် အိတ်နဲ့ခေါင်းခေါက်မိတဲ့ အဒေါ်ကြီးဖြစ်နေတယ်။ အစ်မခေါ်လိုက်မိလို့ထင်တယ် ဘွားတော်ကြီး တဟဲဟဲနဲ့ သဘောတွေ ကျနေလေရဲ့။ စလုံးကတရုတ်မတွေ တတ်လည်းတတ်နိုင်တယ် စောစောကပဲ ဒီအိတ်ကြီးပါလို့ မျက်စောင်းတစ်ခဲခဲနဲ့ အခုတော့ ဒီအိတ်ပါလို့တဲ့ ကောင်းတယ်ြဖစ်ရပြန်တယ် ဘယ်လိုကိုနားလည်ရမှန်းမသိဘူး။