Calm Hill My Random Thoughts

ဆန္ဒနဲ့ ဘဝ

စာမျက်နှာ(၁) မူလတန်းကျောင်းသား

ဆန္ဒ = ဘဝ = ကစားချိန်မှာကစားမယ် အိပ်ချိန်မှာဝင်အိပ်မယ် အပူအပင်ကင်းတဲ့ ကလေးလေးဘဝ

စာမျက်နှာ(၂) အလယ်တန်းကျောင်းသား

ဆန္ဒ = ပန်းချီဆွဲတတ်ချင်တယ် စန္ဒယားတီးတတ်ချင်တယ်

ဘဝ = စာကျက်ချိန်မှာစာကျက်ရမယ် အားတဲ့အချိန်မှာ ကစားစရာအဖော်မရှိ ဖတ်စရာစာအုပ်တွေပဲရှိတဲ့ အိမ်လေးတစ်လုံး

စာမျက်နှာ(၃) အထက်တန်းကျောင်းသား

ဆန္ဒ = အဖေ့လိုဖြစ်ချင်တယ် အနည်းဆုံး အဖေ့ထက်မညံ့ပဲ အများဆုံး အဖေ့ထက်တော်ရမယ်

ဘဝ = အဖေ့လိုဖြစ်ချင်တဲ့ ဆန္ဒကိုဖျက်သိမ်းတယ် မတူညီတဲ့ဘဝကနေလဲ မညံ့အောင်ကြိုးစားနိုင်သလို ပိုတော်အောင်လည်း နေနိုင်တာပါပဲ မကျန်တော့တဲ့ အချိန်တစ်ခုအတွင်းမှာ အဝေးကိုထွက်မသွားနိုင်တော့ဘူး

စာမျက်နှာ(၄) တက္ကသိုလ်ကျောင်းသားဘဝ

ဆန္ဒ = ရွေးချယ်လိုက်တဲ့ နယ်ပယ်တစ်ခုမှာ တန်းတူကလွဲပြီး ငါ့ထက်တော်တဲ့လူမရှိတဲ့ အခြေအနေအထိ ရောက်ရမယ်

ဘဝ = ဆန္ဒတစ်ခုအတွက် ငယ်ရွယ်အချိန်၊ လွတ်လပ်မှု့၊ ပျော်ရွှင်မှု့ အားလုံးစွန့်လွှတ်လိုက်ရတယ် ထိပ်ဆုံးတော့ မရောက်ပေမယ့် အလယ်အလတ်တော့ကျော်ခဲ့တယ်။

စာမျက်နှာ(၅) လက်ရှိဘဝ

ဆန္ဒ = ဆန္ဒတစ်ခုတည်းအတွက် အရာရာရင်းနှီးခဲ့တဲ့ အချိန်တွေကိုပြန်ရချင်တယ် ဘယ်အရာမှ မထူးချွန်ချင်တော့ဘူး ဆန္ဒတွေအများကြီးနဲ့ မျှတတဲ့ဘဝကိုပဲ ပြန်တည်ဆောက်ခွင့် ရချင်မိတယ်

ဘဝ = ပျော်ချင်ပေမယ့် ပျော်ခွင့်ရချင်မှရမယ် နေချင်ပေမယ့် သွားချင်သွားရမယ် ကံအတိုင်းပဲ အဆင်သင့်သလို ဖြတ်သန်းနေတဲ့ဘဝ

မေကျော် Tag လုပ်သဖြင့်ရေးပါသည်။