Monthly Archives: September 2011

Open Vim

Linux သုံးနေရင်တော့ အနည်းနဲ့အများကတော့ Terminal ကနေသုံးနေရတာပါပဲ အများအားဖြင့် ဆာဗာတွေကို Manage လုပ်နေရရင်တော့ Terminal ကမသုံးမဖြစ်ပါပဲ။ အဲဒီ့နေရာမှာ အမြဲပြဿနာဖြစ်နေရတာက Editor ပါ။ Vi သုံးရတာက နည်းနည်းခက်ပါတယ် Command တွေမမှတ်မိရင် အမြဲပြဿနာတက်ပါတယ်။ အဲဒီတော့ Vi ကိုလေ့ကျင့်ခန်းဆင်းချင်ရင် ကျူတိုရီရယ်တွေပါပါတယ် တစ်ခါတည်း Simulated Vi ပါလာတဲ့အတွက် လေ့ကျင့်ရတာ ပိုအဆင်ပြေပါတယ်။ Vi လေ့ကျင့်ခန်း ဆင်းချင်တဲ့လူတွေအတွက် Open Vim မှာလေ့ကျင့်ခန်း ဆင်းလို့ရပါတယ် စမ်းကြည့်မိတော့ အတော်လေးသဘောကျမိတယ်။ ကိုယ်တွေခေတ်က ဒါမျိုးသာတွေ့ခဲ့ရင် Vi ကနေမထွက်တတ်လို့ ကွန်ပျူတာကို မီးပိတ်စရာလို့ခဲ့မယ်မထင်ဘူး။

http://www.openvim.com/index.html

တစ်ခွက်တစ်ဖလား

တကယ်တော့ ပြန်မယ်ဆိုတာ နှစ်အတော်ကြာခဲ့ပြီ ပြန်မယ်ဆိုတော့ မပြန်ဖြစ် အမေနဲ့ညီမရောက်နေတော့ နောက်နှစ်မှပဲ ပြန်မလားဆိုတော့ အလုပ်ကပေါ်တော့ သွားဆိုတော့ ဆိုင်းမဆင့်ဗုံမဆင့်ပဲ ရန်ကုန်ဆိုတဲ့ အရပ်ကိုရောက်ရပြန်တယ်။ ကွန်ပျူတာတစ်လုံး အဝတ်အစားအိတ်နဲ့ ရန်ကုန်မှာယောင်ချာချာပေါ့ အလုပ်လုပ်ရမယ့်နေရာ တန်းသွားလိုက်ရတယ်။ ကိုပီဇီကမေးတယ် ခင်ဗျားဘုရားသွားမလားဆိုပဲ ဘာဘုရားလဲမေးမိတယ် နောက်မှဪ ရွှေတိဂုံပြောတာပဲလို့ သဘောပေါက်တယ် အရင်ကရန်ကုန်ရောက် သို့သော်လည်း ဘယ်တုံးကမှ ဘုရားမရောက်ခဲ့။ ဓာတ်ပုံရိုက်မယ်ဆိုပြီး ရိုက်တတ်တာ မရိုက်တတ်တာ လူမသိဘူးလေ ကင်မရာအိတ်လည်း လူမြင်ကောင်းအောင် ဆွဲထွက်ခဲ့တယ်။ ဘုရားပေါ်ရောက်တော့ တောင်ကြည့်မြောက်ကြည့် ဟိုရိုက်ဒီရိုက်ပေါ့ ကြာသာပတေးဒေါင့်ရောက်တော့ ဘုရားကိုရေလုလောင်းနေတာ မြင်မိလို့ ဓာတ်ပုံရိုက်မယ်ဆိုအသွား အစောင့်တစ်ယောက်က တစ်ခွက်တစ်ဖလားမော့နေတာ မြင်မိလို့ဓာတ်ပုံနဲ့တကွ လက်ပူးလက်ကြပ်ဖမ်းရိုက်ခဲ့တယ်။