Calm Hill My Random Thoughts

တယ်လီဖုန်းကိုအခွံသွပ်ကြသူများ

မနေ့ကဖတ်မိတဲ့ ဆောင်းပါးတစ်ခုမှာ တယ်လီဖုန်း ကာဗာဈေးကွက်ဟာ တစ်ဖြည်းဖြည်း ကြီးလာတဲ့အကြောင်း ရေးထားတာ သတိထားလိုက်မိတယ်။ တကယ်တော့ဖုန်းအခွံဆိုတာ ကိုယ်နဲ့မအပ်စပ်သလိုပဲ ရင်တုံးကသုံးတဲ့ ဖုန်းလေးတစ်လုံး မောင်ပြုံးက မှတ်မှတ်ရရ အဲဒီ့ဖုန်းအတွက် အခွံတစ်ခုလက်ဆောင် ပေးထားဘူးတယ် ဖုန်းသာပျက်သွားတယ် ဖုန်းကလေးအဲဒီ့အခွံထဲ တစ်ခါမှမဝင်ဖူးလိုက်ဘူး။ အခုအချိန်မှာ အတွေ့အများဆုံးက အိုင်ဖုန်းအခွံတွေပါပဲ ပုံစံအမျိုးမျိုး ပစ္စည်းအစုံစုံနဲ့ လုပ်ထားတယ်။ ဖုန်းကိုဘာလို့ အခွံသွပ်သလဲစဉ်းစားရင် လှလို့တော့မဟုတ်တာ သေချာပါတယ် အခွံစွပ်လိုက်မှတော့ ဖုန်းကိုတောင် မမြင်ရတော့တာ ဘယ်လိုလုပ်လှပါတော့မလဲ။ လူအတော်များများကတော့ အပွန်းအပဲ့မဖြစ်အောင် အခွံစွပ်ထားတယ်လို့ပဲ ဖြေကြမယ်ထင်တယ်။

အသေချာစဉ်းစားမယ်ဆိုရင် အခွံစွပ်ထားလို့ အစဉ်းအရာမထင် အပွန်းအပဲ့မရှိပဲရှိနေလည်း ဖုန်းကတော့ ပျက်သွားမှာပါပဲ အဲဒီ့အချိန်ရောက်မှ ပျက်သွားသည့်တိုင် ကိုယ့်လက်နဲ့မထိလိုက်မိဘူးလို့ သတိရောထားမိပါရဲ့လားမသိ။ အပွန်းအပဲ့ဆိုတာက ကိုယ်သာဂရုတစိုက် ကိုင်မယ်ဆိုရင် အပွန်းအပဲမရှိနိုင်ပါဘူး အခွံတတ်ထားပြီး ပရမ်းပတာကိုင်မယ်လို့ သဘောထားရင်တော့ မပြောတတ်ဘူးပေါ့။ မတော်တဆဆိုတာက ရှိနိုင်တာပါပဲ အခွံတပ်ထားလို့ လွတ်ကျခံနိုင်တယ်ယူဆရင် လွှတ်ချကြည့်ပါဆို ဘယ်သူမှမလုပ်ရဲပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ သံချပ်ကာ ဝတ်ထားတဲ့ ဖုန်းတစ်လုံးကိုတော့ လက်ထဲမှာ ကိုင်မထားချင်တာ အမှန်ပါပဲ။