လွန်ခဲ့တဲ့ နှစ်တွေနဲ့ယှဉ်လိုက်ရင် Linux သုံးတဲ့လူ အရေအတွက် တိုးလာတာမြင်ရပါတယ်။ အခုအချိန်မှာ Linux တွေဟာ အိမ်သုံးအဖြစ်တိုးလာခဲ့တယ် GUI Shell တွေဖြစ်တဲ့ Gnome နဲ့ KDE ဟာ လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်နဲ့ ဘယ်လိုမှနှိုင်းယှဉ်လို့ မဖြစ်နိုင်အောင် သုံးရလွယ်လာတာရယ် နေ့စဉ်သုံး Software တွေကလည်း Commercial Platform ပေါ်တွေနဲ့ ကွာဟမှုမရှိပဲ အတူတူဖြစ်လာတာက အဓိကအကြောင်းအရင်းလို့ ပြောလို့ရပါလိမ့်မယ် နောက်ပြီးတော့ လူသုံးအများဆုံး Linux ဟာ Android ဖြစ်လိမ့်မယ်။
ဒီနေရာမှာ ဘာဖြစ်လို့ Linux သုံးကြသလဲလို့ မေးလိုက်ရင် လူအတော်များများ ဘာဖြစ်လို့သုံးတယ်ဆိုတာ ဖြေကြရင် အမျိုးမျိုးကြားဖူးတယ်။ အများစုက လိုင်စင်ကြေးကြောင့်လို့ ပြောလေ့ရှိကြတယ် တကယ်တော့ အိမ်မှာသုံးဖို့အတွက် Operating System တွေရဲ့လိုင်စင်ကြေးဟာ သုံးတဲ့လူတွေ အခက်အခဲဖြစ်လောက်တဲ့ ပမာဏအဖြစ်ရှိလေ့မရှိပါဘူး ကိုယ့်နိုင်ငံမှာ Commercial Operating System ရောင်းမယ်ဆိုလည်း မဝယ်နိုင်တဲ့စျေးနဲ့ ရောင်းလိမ့်မယ်မဟုတ်ပါဘူး။ နောက်ပြီးတော့ လိုင်စင်ကြေး အလေ့အထကို ကြိုဆိုသင့်တယ် Software ဆိုတာ အလကားမရဘူးဆိုတဲ့ အသိဉာဏ်ရှိမှသာ နိုင်ငံထဲက Software လုပ်ငန်းတွေ အသက်ဆက်နိင်လိမ့်မယ်။
အခုအချိန်မှာ Software တွေဟာ Operating System အပေါ်မှီခိုတာ နည်းလာပါတယ် အိမ်သုံးကွန်ပျူတာတွေမှာ အသုံးအများဆုံး Software ဟာ Browser ဖြစ်ပါလိမ့်မယ်။ လူသုံးအများဆုံး Browser တွေဖြစ်တဲ့ FireFox, Chrome စတာတွေက Operating System မရွေးလုပ်တဲ့အတွက် Commercial Operating System မသုံးလည်းနေလို့ရလာပါတယ်။ ဒုတိယအသုံးအများဆုံးဖြစ်တဲ့ Office Application တွေမှာလည်း Microsoft Office နဲ့ OpenOffice ဟာကွာဟမှု အတော်နည်းသွားပါပြီ။ Microsoft Office 365 သုံးမယ်ဆိုရင် Linux ပေါ်ကလည်း Browser နဲ့သုံးလို့ရလို့ အတူတူပါပဲ။ အဲဒီတော့ Linux ဘာလို့သုံးသလဲမေးရင် ကိုယ်လုပ်တဲ့အလုပ်တွေ အတူတူပဲလုပ်လို့ရလို့ အသုံးတည့်လို့သုံးတယ်လို့ အသေအချာပြောပြနိုင်ရင် မမြင်ရတဲ့လိုင်စင်ကို ပြောနေတာထက် Enduser တွေကိုအဓိပ္ပာယ်ရှိရှိ ဆွဲဆောင်နိုင်လိမ့်မယ်။
နောက်ထပ် အဖြေများတာက Open source ဖြစ်လို့ဆိုတာ ပြောလေ့ရှိကြတယ်။ Open source ဆိုတော့ ဘာထူးခြားလို့လဲ ထပ်မေးမယ်ဆိုရင် Source တွေရှိတော့ ပြင်လို့ရတယ်တို့ ကိုယ်ပိုင်ပြန်ပြင်လို့ရတယ်လို့ ပြောလေ့ရှိတာပါပဲ။ ဒီနေရာမှာ ပြင်သုံးဖို့လိုအပ်ချက် ဘယ်လောက်ရှိသလဲဆိုရင် ကိုယ့်သုံးခဲ့တဲ့ အချိန်တစ်လျှောက်မှာ Linux ပြင်သုံးဖို့တော့ မလိုအပ်ခဲ့ဖူးဘူး Customized Build လိုအပ်လို့ပဲ Build လုပ်ခဲ့ရတာလောက်ပဲ ရှိခဲ့ဖူးတယ် Build လုပ်ရတာကိုပဲ လွယ်အောင် Makefile တွေလုပ်ထားပေးပြီးသားပါ ဒါပေမယ့် လူတိုင်းလုပ်နိုင်တဲ့ အခြေအနေမဟုတ်ပါဘူး ပြင်ဖို့အတွက်ဆိုတာကတော့ ကျွမ်းကျင်မှုလိုအပ်ချက် အများကြီးလိုအပ်ပါလိမ့်မယ်။
Open source ဆိုတာ စိတ်ကြိုက်ပြင်ပြီး သုံးလို့ရတယ်ဆိုတာက တစ်ချိန်ကလူတွေ ပြောခဲ့ကြတဲ့ စကားလုံးတွေပါ မှန်လည်းမှန်ခဲ့ပါတယ် Open source ဆိုတဲ့စကားလုံး စသုံးခဲ့ကြတဲ့ ၁၉၈၀ ကျော်နှစ်တွေက ဒါတွေသုံးတဲ့လူတွေဟာ Enduser တွေမဟုတ်ကြပါဘူး တကယ်လည်းပြင်နိုင်ကြတဲ့ လူတွေပဲသုံးနိုင်ခဲ့ကြတာပါ။ Linux မှာ Yum လို APT လို Package Management Tools တွေနဲ့ သုံးရတာကိုပဲ ခက်ခဲနေသယောင် ထင်လာကြတဲ့ အခြေအနေမှာ ကိုယ်တိုင် Build လုပ် မှားတာတွေရင်ပြင် ပြန်ပြီးတော့ Contribute လုပ်တဲ့ Open source Philosophy နဲ့ အလုပ်လုပ်နေနိုင်တဲ့လူ သိပ်များများမရှိကြပါဘူး။
အခုအချိန် Linux မှာ Source Code Distribution နဲ့အလုပ်လုပ်တာ အင်မတန်နည်းပါတယ် Build လုပ်ထားပြီးသား Binary တွေပဲ အများဆုံးသုံးနေကြတာပါ အိမ်သုံးပဲဖြစ်ဖြစ် Server တွေသုံးနေတာဖြစ်ဖြစ် လက်ရှိအနေအထားမှာ Open and Close ဟာမထူးခြားတဲ့ အခြေအနေပါပဲ။ အဲဒီတော့ Linux သုံးရတာ Open source ဖြစ်လို့သုံးတယ်လို့ ပြောဖို့အတွက် အတော်ကိုသတိထားရတယ် အခုအချိန်မှာ Linux တွေကိုစမ်းသုံးတာထက် အလုပ်လုပ်ဖို့ သုံးလာရတော့ အမြန်ပြီးဖို့အရေးကြီးတယ် ဒီတော့ Build လုပ်ပြီးသားသုံးရတာပါပဲ ဒီလိုနဲ့ Linux မှာ Open source Philosophy ပျောက်သလို ဖြစ်နေတာကြာခဲ့ပါပြီ။
တကယ်တမ်း Open source ဖြစ်လို့ Open source Philosophy ကိုသဘောကျလို့ဆိုရင်တော့ အချိန်ရရင် Linux From Scratch လိုတွေ Gentoo လို Linux တွေကို စမ်းကြည့်မှပဲ ဘယ်လိုတည်ဆောက်ထားတယ် သုံးတဲ့စက်အပေါ်မူတည်ပြီးတော့ အနိမ့်ဆုံးအဆင့်အနေနဲ့ ဘယ်လိုအဆင့်ဆင့် Build လုပ်ရတယ် နားလည်လိမ့်မယ်။ Linux မဟုတ်ပေမယ့် Open source အငွေ့အသက် ပျောက်ပျက်မသွားတာ FreeBSD ဖြစ်လိမ့်မယ် Binary လည်း Distribution ရှိတယ် လိုအပ်လာလို့ Patch ဘာကြောင့်လုပ်ရသလဲ အသေချာပြောပြတယ် Patched လုပ်ပြီးသားအတွက် Binary မရှိရင် ကိုယ်တိုင်ပဲ Build လုပ်ယူရတယ် အရာအားလုံး Transparent ဖြစ်နေဆဲပါပဲ။
Developer တစ်ယောက်အတွက် Open source Language တွေအများကြီးရှိပါတယ် PHP, Python, Ruby စသည်ဖြင့်ပေါ့လေ။ ဥပမာအနေနဲ့ Python Developer တစ်ယောက်ကို Python ကိုဘာလို့သုံးသလဲမေးရင် Open source ဖြစ်လို့သုံးတယ်လို့ ဘယ်သူမှဖြေမယ်မဟုတ်ပါဘူး သူ့မှာရနိုင်တဲ့ Features တွေ Tools တွေအလွယ်တကူရနိုင်တယ် Deployment လွယ်ကူတယ် စသည်ဖြင့်ပေါ့လေ ဘယ်လိုအဆင်ပြေသလဲပဲ ပြောကြရမှာပါပဲ Python ကို Open source ဖြစ်လို့ပြင်သုံးလို့ရလို့ဆိုရင်တော့ တစ်ထောင်မှာ တစ်ယောက်လိုအပ်မှာ မဟုတ်တဲ့အခြေအနေမှပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကိုယ်တိုင်သုံးတာပဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းကို Linux သုံးဖို့တိုက်တွန်းချင်ရင်ပဲဖြစ်ဖြစ် သူတို့အလုပ်အတွက် ဘယ်လိုအသုံးကျတယ်ဆိုတာ အသေအချာပြောပြီးပဲ တိုက်တွန်းစေချင်တာပါ Richard Stallman တို့ခေတ်က Open source စကားလုံးတွေ ပြောချင်ရင်တော့ အခုအချိန်မှာလူနားလည်ဖို့ အတော်ခက်လိမ့်မယ် အများသုံးစေချင်ရင်တော့ သုံးမယ့်လူရဲ့ အလုပ်တွေနဲ့ဘယ်လို အဆင်ပြေမယ့်အကြောင်း ကိုယ်ဘယ်လိုအဆင်ပြေသလဲ ပြောပြနိုင်မှပဲ အသင့်လျော်ဆုံး အကြံပေးတာ ဖြစ်ပါလိမ့်မယ်။

လင်းနက် ဘာလို့သုံးသင့်တာလဲ မေးရင် သုံးရလွယ်တယ်လို့ ကျွန်တော် ဖြေပါမယ်။ ကွန်ပျူတာ သုံးတဲ့သူကို အဆင့် ၃ ခု ခွဲလိုက်ရင် အောက်ဆုံးအဆင့်မှာ ရှိသူက ဝင်းဒိုးကို မသုံးသင့်ပါဘူး။ များသောအားဖြင့် မိတ်ဆွေ၊ ဆွေမျိုးတွေမှာ တွေ့ရတာက update တွေ ပုံမှန် မလုပ်တာ၊ တွေ့သမျှ လိုက်နှိပ်ပြီး စက်ထဲ ဗိုင်းရပ်တွေ ဝင်နေတာ၊ ဗိုင်းရပ်မဝင်တောင် startup မှာ ဆော့ဝဲစုံ ဘင်ခရာတီးပြီး တက်လာတာ။ ဘာမှန်း မသိတာတွေနဲ့ စက်အကောင်းစားက စက်အစုတ်လေးထက်စာရင် နှေးကုန်တာ အများကြီးပါ။ browser ဆိုလဲ toolbars အစုံနဲ့ လှေခါးထစ် စိုက်ခင်း စိုက်လို့ ရပါတယ်။
သူတို့ကို လင်းနက် သုံးဖို့ သင်ပေးရ ပိုလွယ်ပြီး ပြဿနာလဲ တော်တော် ကင်းပါတယ်။ (ကိုယ်တွေ့ပါ)
ခက်ခဲတာက အလယ်အလတ်တန်း ကွန်ပျူတာ အသုံးပြုသူတွေ။ ဘူးဆို ဖရုံမသီးဘူး။ Microsoft Office မရဘူး။ Photoshop မရဘူးသာ အော်နေတာ။ တကယ်တန်း စာစီစာရိုက်ဆိုလဲ notepad နဲ့တင် ပြီးတဲ့ကိစ္စမျိုး လုပ်ကြတာ။ Photoshop ဆို မဖွင့်တာတောင် ကြာပေါ့။ ဝင်းဒိုးဆော့ဝဲက ပိုကောင်းတယ် အော်နေကြပေမဲ့ တကယ်တမ်းက ဘာမှ အသုံးချတာ မဟုတ်ပါဘူး။ အများဆုံး သုံးကြတာကတော့ ဂိမ်းနဲ့ မီဒီယာပေါ့။ ပြီးတော့ အဲဒီသူတွေ လင်းနက်သုံးရင် ပိုဆိုးတာက ပြဿနာ တသီတသန်း။ စက်ချင်းတူတောင် ကျွန်တော့် ဦးလေးမှာ မဖြစ်တဲ့ ပြဿနာ သူ့မှာ ဖြစ်နေတယ်တဲ့။ သေချာမေးလိုက်ရင် ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ သူမှားလုပ်ထားတာ ရှောင်ပြောတယ်။ အဲလို လူမျိုးကတော့ လင်းနက် သုံးဖို့ မတိုက်တွန်းပါဘူး။ ဝင်းဒိုးနဲ့ အဆင်ပြေရင်လဲ ပြီးတာပါပဲ။ ပြဿနာဖြစ်ရင်တော့ ကျွန်တော်တို့လဲ မသုံးတာမျိုးဆို (IDM crack ပြဿနာမျိုး) ခေါင်းရှောင်နေမိမှာပါပဲ။
အားလုံးက ကောင်းကွက်၊ ဆိုးကွက် ၂ ခု လုံး ရှိပါတယ်။ ကျွန်တော့်အမြင် လင်းနက်က ပိုသုံးရလွယ်သလားလို့။ ကျွန်တော်တော့ ၂ ခုလုံး သုံးပါတယ်။
အင်း သုံးလို့လွယ်လို့ သုံးခိုင်းတယ်ဆိုတာလည်း ကောင်းတဲ့အဖြေဖြစ်သလို သင့်လျော်တဲ့ အကြံပေးချက်ပဲ။ အဲဒါကျတော့ Linux သုံးတယ်လို့ ပြောရမယ်ဆိုတာထက် Windows, Mac, Gnome, KDE, XFCE စသည်ဖြင့် သုံးတယ်လို့ပဲ ပြောရတော့မယ် ဘယ်ဟာပိုလွယ်လဲဆိုတာက သုံးတဲ့လူတွေ အပေါ်မူတည်မယ်။ ထည့်ချင်ရာထည့် လျှောက်ထည့်လို့ စက်ထဲမှာ မလိုတာတွေဝင်သွား အဲဒါကျတော့ သုံးရလွယ်တာ မလွယ်တာနဲ့ မဆိုင်ဘူးထင်တယ် ကိုယ့်ကိုလာပြီး ထပ်ဒုက္ခပေးနိုင်ခြေ နည်းတယ်လို့ ဆိုလိုမယ်ထင်တယ်။
ဒါလည်း ဟုတ်တော့ဟုတ်ပါတယ် သူငယ်ချင်းတွေ ဆွေမျိုးတွေက ပြင်မရတဲ့ စက်အစုတ်တွေသယ်လာ စက်လိုက်ဝယ်ပေး ပြောတဲ့လူကရှိတယ် ကိုယ်လိုက်ဝယ်လို့ပျက်ရင် ကိုယ့်အပြစ်လိုလို ဖြစ်တတ်သေးတယ် အဲဒါတွေစိတ်ညစ်ရတာလည်း ဒုက္ခတစ်မျိုးပဲ။
I use it for stability, security and customiziblity(eye candy stuffs neither Win nor OSX can provide, compiz, endless themes), also multiple dektops are out of the box in Linux.
A choice of DE, even it means for the sake of it(KDE, Gnome(for me I m die hard Gnome 2x fan-never like Gnome3, Unity, still reluctant about Mate / Cinnamon), for lightweight DE there are also a lot such as XFCE and LXDE which I really like after Gnome 2x. I do use and like both APT/Yum or deb/rpm, but finds apt is faster handling.
It provides me as learning platform, I do minimal programming except a bit of python, occasionally compiling C when learning about security(well ok compiling exploit codes,
whether they do work or not, it is really fun).
Also Linux is indispensable as I found out doing serious study about TCP/IP and all these network stacks.Wine is also enjoyable to use even testing random Windows binaries, again just for fun.On a serious side I try to run/configure and set up CMS like drupal and running sites, learn about security things such as iptables, SELinux and traffic analysis.
I am also into Virtualization and again Linux provides an excellent platform for learning. A lot of proprirateory bare metal hypervisior seems to use/based or Linux kernel or more specific RHEL variants. Lately I was trying Parallel Baremetal hypervisor and sure enough, and the familiar anaconda installer of RH comes up. I think same with. Citrix, Xen or KVM that they all use Linux kernel.
I am technically inclined user and I do feel such great feeling when old timers talk about their golden days and joys of using systems such as Atari, Comoredore or Amiga. I felt te same way since I familiar and seriously using Linux, actually I started out with Windows 3.11 and never felt that excitement or joy.
Testing out different Distros is also fun, sometime really interesting things comes up apart from usual updates. I still had a lot to learn or enjoy, have not really dig into Gentoo/Arch, but looking forward into it. LFS is not yet in the near future as they say it is only for ‘Terminably Insane’, just need to find more spare time. BSD, Solaris and QNX are on my radar as well, so far only tested in VM, if I have a spare machine I really want to spin them on real hardware.
I can continue on but it is quite long already that I love Linux and family for all those technical reasons, it never fails to provide features as much as I could have wanted the same time being a great educational platform.
For end-users, in my opinion it could be great system, but when something wrong, and they need to dive into command line, that is where a distaste start and going back where they used before or giving up. But I never quite understand how Apple made it with Unix/BSD core and people are wanting more and more. Is it high quality hardware or Apple’s magic I wonder, because to me it is BSD variant with high quality hardware, and some x-factor? I can swing around in OSX terminal as I do in Linux, the technical satisfaction about the same, but I do not want to pay the premium price while I can have the almost same thing with Linux.
I do agree that underlying OS are not important anymore (for normal users Browser is all they need), but I think we need or always in need of a proper workstation and systems like Linux for any serious kind of work or study. Also CS students should use as much as *nix because in my humble opinion no other system provides or facilitates the necessity, greatness and utilization of serious computing tools than any given mainstream *nix. Maybe if and when they see, our government can be utilized all these opensource systems in their proper IT infrastructure. I am not really into philosophical/ideological side arguments of opensource programs and Oses but I do strongly believe that it had technological, financial or a business edge when squeeze into last drops.
Also educational sector being no doubt will benefit from it. At least it can sharpen the technical skills in any fields, be it mathematics, natural sciences or engineering and of course computing.
All the way from primary to tertiary, there’s always something for any group. Eg. KDE educaional packages to a statistics package like R.
အင်း ရေးထားတာက အရှည်ကြီးပဲ အခုလို ကိုယ်တိုင် ဘာလို့သုံးသလဲ ရည်ရွယ်ချက်ရှိရင် ကောင်းပါတယ် မလိုအပ်တဲ့ အကြောင်းအရာတွေ ပြောပြီးတော့ လူသုံးဖို့တိုက်တွန်းနေတာ မြင်မြင်နေရလို့ အပေါ်ကစာက ရေးထားတာ