Calm Hill My Random Thoughts

Raspberry Pi Installation

ဝယ်ထားတဲ့ Raspberry Pi လေးကို ဝယ်ထားတဲ့နေ့က စမ်းကြည့်ချင်ပေမယ့် ပြဿနာက Monitor မရှိပါဘူး Raspberry Pi မှာက HDMI ပဲပါတယ် အိမ်မှာကမော်နီတာတွေက VGA တွေပဲရှိတယ် အဲဒါနဲ့ပဲ စမ်းချင်ပေမယ့် စမ်းလို့မရဘူးဖြစ်နေတယ်။ Raspberry Pi မှာက Internet ရှိရင် Network Cable တပ်ပြီးတော့ BerryBoot ကိုသုံးရင် Boot လုပ်ချိန်မှာ သုံးချင်တဲ့ OS ကိုရွေးပြီးတော့ Internet ကနေတဆင့် တစ်ခါတည်း Install လုပ်လို့ရပါတယ် ဒါပေမယ့် Monitor မရှိတော့ ဘယ်လိုမှလုပ်လို့မရတဲ့အတွက် Wheezy ကိုပဲရွေးလိုက်ပြီးတော့ ISO ကို Download လုပ် SDCard ထဲကို Image Writer Program တခုနဲ့ရေးလိုက်တယ် Raspberry လေးမှာ SDCard နဲ့ Network Cable လေးတပ်ပြီး Power အတွက် Micor USB လေးနဲ့ 5 Volt ပေးလိုက်တော့ ကောင်းကောင်းမွန်မွန် Boot လုပ်ပါတယ် Monitor မရှိတော့ ဘာမှလည်းမမြင်ရတဲ့အတွက် X Windows တော့ စမ်းလို့မရပါဘူး DHCP နဲ့ Assigned လုပ်သွားတဲ့ IP ကို Router ထဲကနေ ဝင်ကြည့်ပြီးတော့ SSH နဲ့ဝင်လိုက်တော့ ပထမဆုံးအကြိမ်မှာ Configure လုပ်ခိုင်းပါတယ် Timezone တွေ SDCard Size ချဲ့တာတွေ လွယ်လွယ်လုပ်လို့ရပါတယ်။

အိမ်က Router က ဧည့်ခန်းထဲရှိလေတော့ Network Cable ကို အိပ်ခန်းထဲအထိ ဆွဲလို့အဆင်မပြေတော့ Wireless တပ်လို့ရမလား ကြံရဖန်ရတယ် Raspberry မှာပါတဲ့ USB လေးတွေက Power Usage က အကန့်အသတ်ရှိပါတယ် ပိုသုံးရင် Fuse ကဖြတ်တဲ့အတွက် Power အရမ်းယူသုံးမယ့် Wireless Adapter ဆိုရင် သုံးလို့ရချင်မှရမယ်ဆိုပါတယ်။ အိမ်မှာလိုက်ရှာတော့ TP-Link WN727N လေးကို စမ်းတပ်ကြည့်တော့ Fuse ကတော့ ပြဿနာမလုပ်ပါဘူး။ Linux ဖြစ်တဲ့အတွက် Wireless Adapter တွေက ပြဿနာလုပ်တတ်တော့ ကိုယ့်ရဲ့ Chipset ကဘာသုံးထားသလဲ တပ်ထားတာသိသလား USB တွေကို lsusb နဲ့ကြည့်တော့ Ralink Technology, Corp. RT2870/RT3070 ဆိုပြီး Chipset သိတဲ့အတွက် အနည်းနဲ့အများတော့ အခြေအနေကောင်းတယ်ပြောရမယ်။ သက်ဆိုင်တဲ့ Module တွေ Install လုပ်ပြီးသားလား မသေချာတဲ့အတွက် lsmod နဲ့ ကြည့်လိုက်တော့ rt2x00lib တွေတွေ့တဲ့အတွက် ထပ်ထည့်စရာတော့မလိုက်တော့ဘူး Wifi ကို Setup ဆက်လုပ်လို့ရသွားတယ်။

Wifi ရသွားတော့ အတော်လေး အဆင်ပြေသွားတယ် စက်ကလေးကို အိမ်ခန်းထဲသယ်လာပြီးတော့ အမျိုးမျိုးလျှောက်ထည့်ကြည်တယ်။ Python ကတော့ Performance မဆိုးဘူးပြောရမယ် နည်းနည်းနှေးပေမယ့် လက်ခံလို့ရပါတယ်။ Apache Server တင်ကြည့်တယ် Performance ကလက်ခံလို့ရပါတယ်။ MySQL တင်ကြည့်လိုက်တာတော့ Processor နဲ့ Memory Limitation ကြောင့်အတော်ကိုနှေးပါတယ်။ အဲဒီတော့ Apache ပေါ်ကနေ CGI တစ်ခုနဲ့ Control လုပ်မယ်စဉ်းစားထားတာကို Database လိုအပ်ရင်တော့ MySQL နှေးတဲ့အတွက် Embed Database တစ်ခုခုပြောင်းသုံးရလိမ့်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ Raspberry Pi က အရွယ်အစားနဲ့ယှဉ်ကြည့်ရင် ထင်ထားတာထက် အလုပ်အတော်လုပ်နိုင်ပါတယ်။ Expansion Board မှာထားတာ မရသေးတဲ့အတွက် စမ်းလို့ရတဲ့ Software တွေပဲစမ်းလို့ရနေသေးတယ် နောက်နေ့မှ GPIO Output တွေအတွက် အသေးစိတ်စမ်းကြည့်ရဦးမယ်။