Calm Hill My Random Thoughts

Domain Transfer

Blog Address ကို .info ကနေ .com ကိုပြောင်းထားပါတယ် အရင်တုံးက calmhill.com က အဖွဲ့အစည်းတစ်ခုက ယူထားတဲ့အတွက် ယူလို့မရခဲ့တာပါ အရင်တစ်ပါတ်ကမှ တိုက်တိုက်ဆိုင်ဆိုင် calmhill.com လို့ဝင်လိုက်မိတော့ Register လုပ်ထားတာ မတွေ့တော့တာနဲ့ ဘာရယ်မဟုတ်ဘူး ယူထားလိုက်တယ်။ Google Analytic မှာ Keywords တွေကြည့်လိုက်ရင်လည်း လူအတော်များများက info နဲ့က Common Domain မဟုတ်လို့လားမသိဘူး မမှတ်မိကြဘူး “calmhill.com လူပျိုကြီး” လို့ဆိုပြီး Keyword နှစ်ခုကိုတွဲရှာတာ အတော်များများတွေ့တော့ .com ကဖတ်တဲ့လူတွေ ပိုမှတ်မိလွယ်တော့ ပိုအဆင်ပြေပါတယ်။ အရင် Address လည်းမဖျက်ပါဘူး ယူထားပါတယ် အဲဒီတော့ .info နဲ့လာလည်း .com ဘက်ကို Redirect လုပ်ပေးထားပါတယ် URL Scheme လည်း အတူတူဖြစ်တဲ့အတွက် info Domain နဲ့ URL တွေလည်း အရင်အတိုင်းပဲ အလုပ်လုပ်ပါတယ်။ အခုကမှ Domain ကိုပြောင်းလိုက်တော့ Google Result တွေကတော့ .info domain နဲ့ Result တွေပဲ Rank ကမြင့်နေဦးမှာပါ ဒါပေမယ့် Redirect လုပ်ထားတဲ့အတွက် အခက်အခဲရှိမှာမဟုတ်ပါဘူး။