Calm Hill My Random Thoughts

ကျောင်းတော်ကြီးသို့အလွမ်း (၁၂)

မန္တလေးပြန်ရောက်ပြီး ၃ ရက်မြောက်မှာပဲ ခရီးစထွက်ဖြစ်တယ် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဆိုပြီး ခြေဦးတည့်ရာ လျှောက်သွားလိုက်တာ ရက်အတော်ကြာမှပဲ အိမ်ပြန်ရောက်တော့တယ်။ တီချယ်ကြီးနဲ့ မတွေ့ရသေးတော့ ကျောင်းကိုသွားဦးမယ်ဆိုပြီး စီစဉ်ရပြန်တယ် ဒီတစ်ခါတော့ ညီမလေးရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရတော့ တီချယ်ကြီးရှိမရှိ သူ့ကိုဖုန်းဆက်မေးပြီး ရှိတယ်ဆိုတဲ့နေ့ ကျောင်းကိုထပ်သွားဖြစ်တယ်။

ကျောင်းရောက်တော့ ပါမောက္ခချုပ်ရုံးခန်းကိုပဲ အရင်ဆုံးသွားရတယ် ပထမတစ်ခေါက်လာတုံးက ဘယ်သူတုံးဘယ်ကလို့ ပြောလိုက်ရမတုံးမေးတဲ့ တီချယ်ကြီးရုံးခန်းက စာရေးမကြီးကလည်း မှတ်မိသွားပါပြီ ကိုယ့်မြင်တော့ တီချယ်ရှိတယ်တဲ့ ဝင်သာသွားတော့ဆိုတာနဲ့ တီချယ်ကြီးကိုဝင်နှုတ်ဆက်တော့ တီချယ်ကြီးလည်း အသက်ကြီးတာနည်းနည်း သိသာသွားပေမယ် အရင်လိုသွက်သွက်လက်လက်ပဲ ကိုယ့်မြင်တော့ ချက်ချင်းမှတ်မိပါတယ်။

မတွေ့တာကြာတဲ့ တပည့်ကိုတွေ့လို့ ဝမ်းသာတယ်ဆိုပြီး အတော်ကြာကြာ စကားပြောဖြစ်တယ်။ တီချယ်အစည်းအဝေးသွားနေတော့ မလာဖြစ်တာလို့ပြောတော့ မနေ့ကပဲနေပြည်တော်ကနေ သင်ရိုးတွေပြင်ဖို့ အစည်းအဝေးလုပ်ပြီး ပြန်လာတယ်လို့ပြောတယ်။ ကိုယ်သင်ချင်တဲ့ စာအုပ်တွေကို ဘာအတွက်သင်ချင်တယ် ငြင်းရလွန်းလို့ မောလာတယ်ကွယ်ပြောပြီး တီချယ်ကြီးလည်း ရယ်နေတယ်။

ကလေးတွေကို Language Independent အနေနဲ့ Concept အတွက် အရင်ဆုံးသင်တယ် အရင်ကတော့ Dry Run အနေနဲ့ Execute လုပ်လို့မရတဲ့ Pseudo တွေနဲ့သင်တယ် အဲဒါကို ကလေးတွေကလည်း သုံးလို့မရတာဘာဖြစ်လို့ သင်သလဲပြောတာများတော့ တစ်ချို့ဆရာတွေက ဖြုတ်လိုက်ချင်တယ် တစ်ချို့ကတော့ Concept တစ်ခုမှ မသင်ခဲ့ရင်သင်လို့ မဖြစ်နိုင်တဲ့အတွက် ဖြတ်လို့မရပါဘူးဆိုပြီး ငြင်းကြရတယ်ပြောရင်း လက်ရှိသင်နေတဲ့ ပြဌာန်းစာအုပ် အသစ်တွေကိုပြရင်း ဘယ်လိုမြင်လဲမေးတော့ စကားအတော်ကြာအောင် ပြောဖြစ်သေးတယ်။

ဘယ်စာအုပ်တွေ အကြံပေးချင်သလဲ တီချယ်ကြီးမေးတော့ စာသင်တဲ့အကြောင်းတွေ အတော်ကြာအောင် ပြောဖြစ်ကြတယ်။ ကျောင်းသားတွေကို ဘာသာရပ်တွေမှာ Assignment တွေကို အသေအချာတော့ လုပ်ခိုင်းဖို့လိုမယ်လို့ အကြံပေးဖြစ်သေးတယ်။ အခုလည်း Assignment အတော်များများ လုပ်ခိုင်းတယ်တဲ့ အခက်အခဲရှိတာ တစ်ချို့ဘာသာတွေက Lecturer ရဲ့ ability အပေါ်မှာ မူတည်တယ်တဲ့ ဥပမာဆိုရင် Operating System ဘာသာလို Assignment တွေက Lecturer တိုင်းကို Supervise လုပ်ခိုင်းလို့ မလွယ်လှဘူးတဲ့ အဲဒါတွေ ကျက်စာဖြစ်နေတာ တီချယ်ပြင်ချင်ပေမယ့် လက်ရှိအခြေအနေက Lecturer တွေကို အရင်ဆုံး Train လုပ်ရဦးမယ်တဲ့။ ဘာပဲဖြစ်ဖြစ် အဲလို အစီအစဉ်တွေသိရတော့ ဝမ်းသာမိပါတယ်။

စာသင်တဲ့ အကြောင်းတွေ ပြောနေရင်းနဲ့ Concept ကိုဘယ်လိုသင်သလဲ နမူနာအနေနဲ့ Open Courseware ထဲက Lecture တွေစက်ထဲမှာရှိသေးတာ သတိရတာနဲ့ အသုံးဝင်ရင်ကျွန်တော် ကူးထားပေးခဲ့မယ်ဆိုပြီး အကုန်လုံးကူးထည့်ပေးခဲ့တယ်။ အဲဒါနဲ့ ကူးပေးနေရင်းနဲ့ စက်ထဲမှာပါတဲ့ Calibre နဲ့သိမ်းထားတဲ့ Library ကို တီချယ်ကြီးက အတော်လေးသဘောကျတယ် Web ကနေ Access လုပ်လို့ရတာမြင်တော့ ကလေးတွေကို Access လုပ်ခွင့်ပေးလို့ ဖြစ်နိုင်မလားဆိုတာနဲ့ ဖြစ်နိုင်ပါတယ်ဆိုပြီး Server ပေါ်မှာ Setup လုပ်ထားပေးခဲ့တယ်။

ဖိုင်တွေကူးနေရင်းနဲ့ ပြီးခါနီးမှာမီးပျက်သွားတယ်။ အဲဒါနဲ့ မီးကတော့ အရင်လိုပဲနော်လို့ နောက်လိုက်တော့ တီချယ်ကြီးက ဘယ်နှယ့်အရင်လိုရမလဲတဲ့ အစကတည်းက ထရန်စဖော်မာလောင်သွားလို့ မီးကလာကိုမလာတာတဲ့ စောစောကကလေးတွေ စက်ခန်းအချိန်ရှိလို့ မီးစက်နှိုးထားတာ အခုထမင်းစားချိန်ကိုတော့ မီးစက်ခဏနားရတာလို့ ရှင်းပြတယ်။ အဲလိုနေတုံး စီမံကစာရေးမကြီးက ဝင်လာတဲ့အတွက် တီချယ်ကြီးက အလုပ်လုပ်စရာရှိလို့ ခဏသွားစကားပြောနေတယ် စပ်စုတာမဟုတ်ပေမယ့် တစ်ခန်းထဲဖြစ်နေတော့ နားစွန်နားဖျားကြားတာက လျှပ်စစ်ရုံးကိုဖုန်းထပ်ဆက် အမြန်လာပြင်ပါလို့ပြောဆိုတာရယ် သူတို့အမြန်ဆိုတာက အရင်တစ်ခါပျက်တုံးက မနက်ဖန်လာမယ်ဆိုတာ ၃ ပါတ်နေမှ ရောက်လာတယ်ဆိုတာရယ် ကြားလိုက်မိသေးတယ်။

ဖိုင်တွေလည်း ကူးလို့ပြီးသွားတော့ တီချယ်လည်း အလုပ်တွေရှုပ်နေတာ ကျွန်တော်နှောက်ယှက်သလို ဖြစ်နေပြီလို ပြန်တော့မယ်လို့ ခွင့်တောင်းတော့ ရပါတယ်ကွယ်တဲ့ မင်းလည်းမြင်တဲ့အတိုင်းပဲ အားတာကတော့ မအားဘူးကွယ် ဒါပေမယ့် အလုပ်တွေရှုပ်တာထက် အရှုပ်တွေလုပ်ရတာပါတဲ့ ဒါကမီးပျက်တာ နောက်တစ်ခါ အင်တာနက်ပျက်လို့ ဆက်သွယ်ရေးနဲ့ စကားများရနဲ့ ငါလုပ်ရမယ်အလုပ်ကျတော့ ဖြောင့်အောင် မလုပ်ရပါဘူး ကွယ်လို့ပြောတော့ ဆရာတပည့်နှစ်ယောက် စကားကိုသဘောကျပြီး ရယ်နေကြတယ်။

စကားဆက်ပြောနေရင်းနဲ့ မီးပျက်တော့ ပျက်တဲ့အတိုင်းလည်း ထားလို့မဖြစ်ပြန်ဘူးတဲ့ COE ပြောပြီး မီးပျက်လို့ စက်ဖွင့်လို့မရဘူး ပြောကြတော့မှာတဲ့ အဲဒါနဲ့ကျောင်းထဲကကားတွေရဲ့ ဆီခွဲတမ်းထဲကနေ မီးစက်နှိုးထားရတယ်တဲ့။ ဒီလိုပဲရှိတာနဲ့ ရနိုင်သလောက်နဲ့ ကိုယ်လုပ်လို့ရတဲ့ လုပ်ပိုင်ခွင့်ထဲကနေ အကောင်းဆုံးဖြစ်အောင် ဖြစ်အောင်လုပ်ယူရတာလို့ ပြောရင်းနဲ့ အခုအချိန်မှာ ကျောင်းတွေကို အပြောင်းအလဲလုပ်ဖို့ အပြင်ကနေဝေဖန်နေကြတာ အကြံပေးနေတာတွေအကြောင်း ရောက်သွားတယ်။

အခုအချိန်ကျတော့ ပညာရေးစနစ်အရမ်း ပျက်သွားတဲ့အချိန်ရောက်တော့ ဒို့တစ်တွေက တရားခံစာရင်းထဲထည့်ခံရ အပြောခံရနဲ့ပေါ့ကွယ်တဲ့ ဒါပေမယ့် တကယ်တမ်းကျတော့ ပြင်လို့ကပြောဖို့က လွယ်တယ်ဆိုပေမယ့် တကယ်ပြင်ဆိုတော့ ကောင်းစေချင်လို့ ပြင်တယ်ဆိုပေမယ့် လူတိုင်းလက်ခံနိုင်တယ် မဟုတ်ဘူးကွယ်တဲ့ နောက်ပြီးတော့ ပြောင်းချင်တိုင်းပြောင်းဖို့ Resource လည်း လုံလောက်အောင်မရှိဘူးဆိုတာ လုပ်နေတဲ့လူမှပဲ နားလည်တယ်ဆိုတော့ တစ်ခါတစ်ခါတော့ လေနဲ့ပြောနေတဲ့လူတွေကို လာခဲ့ဆိုပြီး တစ်လတန်သည် နှစ်လတန်သည် အစမ်းလာလုပ်ခိုင်း ကြည့်ချင်တယ်ဆို ပြောတာကြားမိတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။

နာရီကြည့်လိုက်တော့ ၁ နာရီလည်း ခွဲခါနီးနေတော့ တီချယ်လည်း ကျွန်တော်နှောက်ယှက်တာနဲ့ နေ့လည်စာမစားရသေးဘူးလို့ ပြန်ပါဦးမယ်လို့ ခွင့်တောင်းတော့ မင်းဘယ်နေ့ပြန်မလဲတဲ့ မပြန်သေးလို့ အချိန်ရရင် ကျောင်းသားတွေအတွက် Seminar လုပ်ပေးသွားပါလားတဲ့။ အနည်းဆုံးတော့ စတက်တဲ့ကလေးတွေ ဘယ်လိုအလုပ်တွေ လုပ်လို့ရတယ်စသည်ဖြင့် သိချင်တာတွေရှိသလို စိတ်ဝင်စားကြမှာပေါ့တဲ့ နောက်ပြီးတော့ ကျောင်းသားဟောင်းလည်း ဖြစ်နေတော့ ပိုကောင်းတာပေါ့ဆိုတော့ ကျွန်တော်လည်း ဘာမှအလုပ်မရှိပါဘူးလို့ ပြောလို့ရပါတယ် ဒါပေမယ့် ဘာပြောရမလဲစီစဉ်ဖို့ တစ်ရက်နှစ်ရက်တော့ အချိန်လိုမယ်ထင်တယ် တီချယ်လို့ တနင်္လာနေ့ဆိုရင် အဆင်ပြေမလားမေးတော့ ရတယ်ဆိုတာနဲ့ နှုတ်ဆက်ပြီး ပြန်လာခဲ့တော့တယ်။