Calm Hill My Random Thoughts

How to Build a Working Digital Computer

From: http://www.evilmadscientist.com/2013/paperclip/

Evil Mad Scientist ကနေ Edward Alcosser, James P. Phillips, Allen M.Wolk တိုရေးတဲ့ How to Build a Working Digital Computer ဆိုတဲ့ စာအုပ်တစ်အုပ် ရှာလို့တွေ့တယ်။ ဖတ်ကြည့်တာအတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ် Archive တွေထဲကရှာလို့တွေ့တော့ ခိုးတယ်လို့လည်းမဖြစ်တဲ့အတွက် စိတ်ဖြောင့်လက်ဖြောင့် ဖတ်လို့ရပါတယ်။ အတော်လေးတော့ ဟောင်းနေပါပြီ ၁၉၆၇ ခုနှစ်မှာ ပုံနှိပ်တယ်ဆိုတော့ ကွန်ပျူတာအတွက်တော့ အတော်ကိုစောသေးတဲ့ ကာလတစ်ခုလို့ပြောရမယ်။

Chapter အနေနဲ့ ၇ ခန်းခွဲထားတယ် Chapter 1 မှာ Digital Computer အကြောင်း Introduction ပါတယ်။ Chapter 2 မှာက Number System တွေအကြောင်း အသေအချာပါတယ် Encoding and Decoding, Encoder and Decoder တွေကို Paper Clips တွေနဲ့ Switch တွေလုပ်ရတာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ Chapter 3 မှာက Digital Logic တွေအကြောင်း Turth Table ကနေ De Morgan’s Law အထိပါတယ်။ Digital Logic တွေကို Switch On/Off တွေနဲ့ Example တွေကို ပိုပြီးတော့ သဘောကျတယ်။

Chapter 4 မှာက Arithmetic အကြောင်း Basic ALU တစ်ခုကို DPDT နဲ့ SPST switch တွေသုံးပြီးလုပ်ပြထားတယ်။ Chapter 5 က Storage အကြောင်း Magnetic core memory နဲ့ Drum Memory ကို လုပ်ပြထားတယ် စိတ်ဝင်စားရင် ကောင်းပါတယ် ဒါပေမယ့် ဘယ်လိုမှမရှိတော့တဲ့ Example တွေဖြစ်သွားတော့ သိပ်ပြီးတော့လည်း အသုံးမတည့်ဘူးပြောရင်လည်းရပါတယ်။ Chapter 6 ရဲ့ Control အခန်းကတော့ စိတ်ဝင်စားစရာကောင်းပါတယ် ဘယ်လောက်ပဲခေတ်မှီလာတယ်ပြောပြော Processor ရဲ့ Instruction တွေအခြေခံ အလုပ်လုပ်တဲ့ပုံက အတူတူပါပဲ။

Chapter 6 ပြီးရင် Computer တစ်လုံးရပြီဖြစ်တဲ့အတွက် Program စပြီးတော့ ရေးလို့ရပြီ Chapter 7 အတွက်က Control မှာသတ်မှတ်ထားတဲ့ Instruction တွေနဲ့ Arithmetic Processing တွေ Storage တွေကို Access လုပ်ပြတယ် High level language တွေရဲ့ခေတ်မဟုတ်သေးတော့ Programming Language တွေရဲ့ Concept တွေတော့မပါလာသေးဘူး Low Level Language အနေနဲ့ပဲ တိုက်ရိုက်ခိုင်းပါတယ်။ နမူနာပြထားတဲ့ Algorithm တွေဟာ စိတ်ဝင်စားစရာကောင်းပါတယ်။

တစ်ခါက The Elements of Computing Systems (Nand to Tetris) ဆိုတဲ့စာအုပ်အကြောင်း ရေးခဲ့ဖူးတယ် ပြန်ယှဉ်ကြည့်မယ်ဆိုရင် Nand to Tetris ဟာ How to Build a Working Digital Computer ကို ခေတ်မှီအောင် ဖြည့်စွက်ထားတယ်လို့ ယူဆလို့ရပါတယ်။ Nand to Tetris မှာ Operating System, Programming Language ဆိုပြီးတော့ ဖြည့်စွက်ပြီးတော့ပါလာတယ် Physical Hardware တည်ဆောက်ရတာ တကယ်တော့ မလွယ်ပါဘူး အဲဒီ့အတွက် Nand to Tetris မှာသုံးတဲ့ Simulator တွေက Concept ပဲလေ့လာဖို့အတွက်ဆို ပိုပြီးတော့ထိရောက်တယ်။ ဒါပေမယ့် Hardware Specic သမားအတွက်ဆိုရင်တော့ How to Build a Working Digital Computer ရဲ့ Paper Clip Circuit တွေဟာ တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျောင်းသားဘဝ လေ့လာနေတဲ့အချိန် အချိန်လည်းရှိတဲ့အရွယ်ဆို ဖတ်လို့ကောင်းတဲ့ စာအုပ်ပါပဲ။

Ebook http://archive.org/details/howtobuildaworkingdigitalcomputer_jun67

Reference http://www.evilmadscientist.com/2013/paperclip/