Calm Hill My Random Thoughts

Presstagram

အားတဲ့အချိန်ပိုပိုနည်းလာတယ် တခါတခါမအားရင် အတော်နဲ့ဘလော့ကို ပြန်မရောက်ဖြစ်တော့ဘူး ဘယ်လောက် မအားမအား အမြဲရောက်တာက Social Networks တွေပဲ အဲဒီတော့ မအားတဲ့အခါလည်း ဘလော့လေးကို Update ဖြစ်နေအောင်ကြံရတယ် Facebook Activity ကျတော့ များလွန်းတော့ Blog မှာဆိုရင် မျက်စေ့နောက်လောက်အောင် ဖြစ်လိမ့်မယ် အဲဒါနဲ့ Instagram ကို Blog မှာ Integrate လုပ်ဖို့ကြံစည်ရတယ်။ Plugin တွေလိုက်ရှာတော့ အများအားဖြင့်က Feeds တွေပဲပြပေးတဲ့ Widget တွေပဲများတယ်။

ကိုယ်လိုချင်တာနဲ့ အနီးစပ်ဆုံးအနေနဲ့ တစ်ခုတော့တွေ့တယ် Instagram Post တစ်ခုတက်လာရင် Blog မှာလည်း Post တစ်ခု အလိုလျောက်တင်ပေးတယ် ဒါပေမယ့် ကိုယ်ကလည်း ဒီအတိုင်းလည်း မလိုချင်ပြန် Instagram ဘက်ကထည့်ထားတဲ့ Hash Tags လိုဟာတွေကိုလည်း Wordpress ထဲမှာ စနစ်တကျနဲ့လိုချင်သေးတာရယ် တစ်ရက်မှတစ်ခါပဲစုပြီး Schedule လုပ်ပြီးတင်ပေးမယ့် Daily Post တို့ကျတော့ အလကားမရဘူး ရောင်းတာဖြစ်နေတယ်။ တစ်ခြားထပ်ရှာလည်း ကောင်းကောင်းမွန်မွန်မတွေ့တာနဲ့ ကိုယ်လိုချင်တဲ့ Features လေးတွေပဲသတ်မှတ်ပြီး အလုပ်လုပ်ရင်ပြီးရော အမြန်ရေးရတယ်။

Instagram ရဲ့စည်းကမ်းအရ ကိုယ်သုံးမယ့် App မှာ Instagram ဆိုတဲ့ စကားလုံးကို မသုံးရဘူးဆိုတော့ ကိုယ့်ဟာကိုယ်ပဲ Presstagram ဆိုပြီး Press နဲ့ gram ကိုစုပေါင်းစပ်ပေါင်းလုပ်ထည့်ပြီး နာမည်ပေးလိုက်တယ်။ Instagram API မှာ Callback URL ဟာ Register လုပ်ထားတဲ့ URL ပဲသုံးလို့ရတော့ Plugin Installed လုပ်ထားတဲ့ Site တွေနဲ့ Authentication မှာတိုက်ရိုက်သုံးလို့မရတော့ နည်းနည်းတော့ အခက်အခဲရှိတယ် ကိုယ့်ရဲ့ Server ကိုလည်းအမြဲမပေးချင်တာနဲ့ Redirect လုပ်ပေးမယ့်ကြားထဲက Server ကို Google App Engine နဲ့ Appspot မှာသုံးထားလိုက်တယ် Authentication တစ်ခုပဲဆိုတော့ Loading လည်း သိပ်မရှိတဲ့အတွက် အလကားရတာလည်း မလောက်စရာတော့ မရှိဘူးထင်တာပဲ။

http://wordpress.org/plugins/presstagram/

စိတ်ဝင်စားလို့ အသုံးတည့်ရင်သုံးလို့ရပါတယ် တကယ်ကတော့ ထပ်ထည့်စရာတွေ အများကြီးကျန်သေးတယ် စဥ်းစားလို့ရသလောက်ဆို Daily Post တွေကို Published Time Schedule လုပ်တာတွေရယ် Widget တွေထည့်ပေးရဦးမယ် Admin Menu ထဲမှာထည့်စရာတေွ အတော်များများကျန်သေးတယ် အခုကတော့ အလုပ်လုပ်တယ်ဆိုရုံပဲရသေးတယ် အားသလောက်ဆက်ရေးပြီး Version နောက်တစ်ခုမှပဲထည့်ရတော့မယ် ရေးလိုက်မိပြီးမှမပြီးနိုင်ဆုံးနိုင် တကယ်ကဝယ်လိုက်ရင် ၂၀−၂၅ နဲ့ အခုအချိန်ဆိုငြိမ်းချမ်းနေပြီ ရေးလက်စဖြစ်နေမှတော့ ကောင်းကောင်းမွန်မွန် သုံးလို့ရတဲ့အခြေအနေအထိတော့ ဆက်ရေးရဦးမှာပါ။