Calm Hill My Random Thoughts

Safari User CSS Extension

Mac ပေါ်မှာ မြန်မာလိုက OS ကနေ Detect လုပ်တော့ မြန်မာလိုဆိုရင် System Fonts တွေအစားထိုးပေးတယ် Default ပါလာတဲ့ Fonts တွေကို Disable လုပ်ထားရင်လည်း Unicode Fonts တွေထည့်ရင် အဲဒီ့ရနိုင်တဲ့ Fonts ကိုအစားထိုးပေးတယ် တကယ်ကတော့ အင်မတန်ကောင်းပါတယ် မပြီးဆုံးနိုင်တဲ့ပြဿနာက ဇော်ဂျီနဲ့ဖြစ်ရတာပဲ ကိုယ့် Site နဲ့ကိုယ်က ဘာနဲ့ရေးရေးပါ Embed လုပ်ထားတော့ အများအားဖြင့်က ဖတ်လို့ရပါတယ် မရရင်တော့မှ လာတဲ့လူကလည်း စိတ်ဝင်စားတဲ့ အကြောင်းအရာရေးရင် ဖတ်လို့ရတာတစ်ခုခုနဲ့ သုံးကြပါလိမ့်မယ်။ ဒါပေမယ့် Facebook ဖွင့်ထားရင် ဇော်ဂျီနဲ့ရေးလို့မရလို့မဖြစ်ဘူး လူတိုင်းက အဲဒါနဲ့ရေးနေတာ ကိုယ်ကတကိုယ်တည်းထူးပြီး Unicode နဲ့ရေးလို့ဘာလုပ်လို့ရမတုံး Social ပါဆို သူများဖတ်မရတော့ Unsocial ဖြစ်နေမှတော့ မသုံးတာကမှ တော်ပါသေးတယ်။

အဲဒီတော့ Browser တွေရဲ့ Default Fonts တွေကို ဇော်ဂျီပေးထားလို့ရမှ မြန်မာလိုက သုံးလို့အဆင်ပြေတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာလိုကတော့ ဘယ် Fonts ကိုမှ Default Fonts ကိုမသုံးချင်တာပါ ဘာလို့လဲဆိုတော့ မြန်မာ Fonts တွေအားလုံးက အင်္ဂလိပ်လိုက ကိုယ့်အမြင်မှာတော့ အင်မတန်ရုပ်ဆိုးပါတယ် အဲဒါကြောင့် မူရင်းဆိုက်ရဲ့ CSS ကို Overwrite ပြီးတော့တော့ ပုံမှန်အားဖြင့် မသုံးပါဘူး မြန်မာလိုတစ်ခုအတွက်နဲ့ ကိုယ်သုံးနေသမျှအားလုံး ရုပ်ဆိုးသွားတာမြင်ရတာက ပိုစိတ်ဆင်းရဲပါတယ်။ အဲဒီတော့ Facebook သုံးမယ့် Browser လေးပဲ Default Fonts တွေကို Zawgyi ပြောင်းပြီးတော့ ကျန်တာတွေအတွက်ကတော့ တခြား Browser ပဲသုံးတယ်။ ဇော်ဂျီကို Default လုပ်ထားတာ နည်းနည်းဖြေသာတာက Zawgyi က အင်္ဂလိပ်စာလုံးတွေက Tahoma ကော်ပီကက်ဆိုတော့ အရမ်းရုပ်ဆိုးအောင်တော့ မဖြစ်သွားရှာပါဘူးလေ။

တနေ့ကမှ လျောက်ပြီးတော့ရှာရင်းဖွေရင်းနဲ့ User CSS ဆိုတဲ့ Safari Extension တစ်ခုတွေ့တယ် အဲဒီ့ Extension က ကိုယ်ပေးထားတဲ့ Specific Domain တွေအတွက်ပဲ CSS ကို Overite လုပ်ပေးနိုင်တယ်ဆိုတော့ By Domain နဲ့စစ်တာဆိုတော့ Processing အရလည်း Load လုပ်တဲ့ အချိန်လေးပဲလိုတဲ့အတွက် အရမ်းနှေးသွားမယ့် Extension မျိုးလည်းမဟုတ်ဘူး အဲဒါနဲ့သုံးကြည့်တော့ အတော်လေးအဆင်ပြေတယ် Facebook ရဲ့ Domain ကိုပဲပေးထားလိုက်တော့ Safari ထဲမှာပဲ ကျန်တဲ့ Site တွေရုပ်မဆိုးပဲနဲ့ အတူတူသုံးလို့ရသွားတယ် Browser နောက်တစ်ခုဖွင့်ထားစရာမလိုတော့ နည်းနည်းတော့ အလုပ်ရှုပ်သက်သာသွားတယ်။

http://code.grid.in.th

သုံးတာကလွယ်ပါတယ် ကိုယ်ပြောင်းစေချင်တဲ့ Domain ကိုပေးရတယ် subdomain ကို Wildcut နဲ့ပေးလို့ရတယ် အနောက်ဘက်က Path တွေအတွက်လည်း Widlcut ပေးလို့ရတယ် ဥပမာ Zawgyi နဲ့ Facebook အတွက်ဆိုရင် Urls မှာ

http://www.facebook.com/* https://www.facebook.com/*

Styles: မှာ

*
{
font-family:Zawgyi-One !important;
}

အဲလိုပေးထားရင် Facebook တစ်ခုအတွက်လုံလောက်ပါတယ်။ ကိုယ်ဖတ်နေကျ Website တွေမှာ CSS မှာသုံးထားတဲ့ Font ထည့်မထားလို့လွဲနေတဲ့ Site တွေလည်းစာရင်းထဲ လိုအပ်ရင်ထပ်ထည့်ပေါ့။ Zawgyi နဲ့တစ်ခု Unicode နဲ့တစ်ခု နှစ်ခုလုပ်ထားလိုက်တယ် အဲဒီတော့အလုပ်မရှုပ်တော့ဘူး အတော်လေးအဆင်ပြေသွားတယ်။ မြန်မာလို Default လုပ်ထားလို့တခြား Website တွေ ရုပ်ဆိုးဆိုးဖြစ်သွားမှာ သိပ်တော့မပူပန်ရတော့သလို Browser ပြောင်းစရာလည်းမလိုတော့ဘူး။ Chrome နဲ့ Firefox လည်း အဲလိုရေးပြီးသား Plugins ရှိမှာပါ ခက်ခက်ခဲခဲရေးရတဲ့ Plugins အမျိုးအစားတော့ မဟုတ်ပါဘူး ရှာကြည့်ရင်ရှိနိုင်ပါတယ်။