Calm Hill My Random Thoughts

Unknown locale: UTF-8 on Mac

အားတဲ့အချိန် လုပ်လက်စ Text Processing တွေပြန်လုပ်နေတော့ မရေးတာကြာပြီဖြစ်တဲ့ Python ဘက်ပြန်ရောက် Visualized တွေလည်း လုပ်စရာရှိတာနဲ့ IPython ကို စမ်းကြည့်မယ်ဆိုပြီး easy_install နဲ့ Install လုပ်လိုက်တယ်။ IPython မှာက Dependency တွေကအများကြီးဆိုတော့ အလုပ်လုပ်မလုပ် iptest ကို Run ကြည့်တော့ readline မရှိဘူးပြောနေတယ် အဲဒါနဲ့ readline ကို easy_install နဲ့ပဲ Install လုပ်ပြီးတော့ ပြန်ပြီးတော့ iptest စမ်းတော့လည်း Error တွေက အများကြီး တက်တယ်။

ValueError: unknown locale: UTF-8

တကယ်ကတော့ UTF-8 locale ပြဿနာက Mac ပေါ်မှာ Build လုပ်ရင် မကြာခဏဖြစ်တတ်ပါတယ် locale command ခေါ်ကြည့်ရင် Environment Varialbes တွေက Set လုပ်ထားတာ တွေ့ပါလိမ့်မယ်။ သုံးဖို့လိုတဲ့အခါ Manual Export လုပ်ပေးထားရင် ရပေမယ့် အမြဲတမ်း Export လုပ်ထားလိုက်တာက နောက်ပိုင်း ပြဿနာရှင်းပါတယ် .profile ထဲ ဒါမှမဟုတ် .bash_profile ထဲမှာ locale export တွေသွားထည့်ထားရင် အလုပ်လုပ်ပါလိမ့်မယ်။

export LANG="en_US.UTF-8"
export LC_COLLATE="en_US.UTF-8"
export LC_CTYPE="en_US.UTF-8"
export LC_MESSAGES="en_US.UTF-8"
export LC_MONETARY="en_US.UTF-8"
export LC_NUMERIC="en_US.UTF-8"
export LC_TIME="en_US.UTF-8"
export LC_ALL=