Calm Hill My Random Thoughts

Avoiding Information Overload

Information Technology ခေတ်မှာ Information ဆိုတာ အရေးကြီးတယ်ဆိုပေမယ့် များလွန်းပြန်တော့လည်း သိပ်အဆင်မပြေပြန်ဘူး ပုံမှန်အားဖြင့် IT နဲ့သက်ဆိုင်တဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေကို Reader တခုနဲ့ Subscribe လုပ်ပြီးတော့ အမြဲဖတ်လေ့ရှိတယ် တချို့ဂျာနယ်တွေဟာ Active အရမ်းဖြစ်တယ် တရက်တရက်ကို ဆောင်းပါးအရေအတွက် ၁၀ ထက်မနည်းတက်တယ် အဲဒီတော့ ဂျာနယ် ၁၀ခု Subscribe လုပ်ထားတယ်ဆိုရင် တရက်ကိုဆောင်းပါ အရေအတွက်က ၁၀၀ လောက်ဖြစ်လာတယ် အဲဒီတော့ မနည်းကုန်အောင် ဖတ်ရတော့တယ် ၁ရက်မဖတ်မိရင် နောက်နေ့ဆိုရင် ကုန်အောင်မဖတ်နိုင် မဖတ်ရသေးတဲ့ အပုံလိုက်ကြီးမြင်နေရတော့ စိတ်ဆင်းရဲရတယ် ဒီလိုနဲ့ပဲ Information စားပိုးနင့်နေရင်လည်း အန္တရာယ်ရှိတယ်လို့ လက်ခံစပြုလာတယ်။

ဒါတွေဖတ်နေဖို့ လိုလို့လားဆိုပြီး Subscribe လုပ်ထားတဲ့ မဂ္ဂဇင်းတွေကို ယှဉ်ပြီးတော့ကြည့်တယ် ဆောင်းပါးတွေက ကိုယ့်ကိုဘယ်လောက် အကျိုးပြုသလဲကြည့်တော့ တူညီတာ ဘာတွေ့ရှိလဲဆိုတော့ သတင်းအများစုက ပစ္စည်းအသစ်ကြော်ငြာ ကုမ္ပဏီအဝယ်အရောင်း ဒါတွေနဲ့ပဲ သံသရာလည်နေတာ အဲဒီတော့စဉ်းစားကြည့်လေလေ ကိုယ့်အတွက် အချိန်နဲ့အမျှသိစရာ မလိုအပ်သလို နောက်ကျမှသိလည်း ဘာမှမဖြစ်တဲ့ အကြောင်းအရာတွေ။ နောက်ပြီးတော့ သတင်းဆိုတာက ရေးစရာကဒါပဲရှိတော့ ရှိတဲ့သတင်းကို မဂ္ဂဇင်းပေါင်းစုံက ဝိုင်းရေးကြတာ အဲဒီတော့ ခေါင်းစဉ်နဲ့ စာရေးဆရာပဲကွာတယ် ကျန်တာအတူတူပဲ အဲဒီတော့ မဂ္ဂဇင်းအများကြီး ဖတ်စရာမလိုဘူး ၁ခုပဲဖတ်ရင်လုံလောက်ပြီ အဲဒါနဲ့ မြောက်မြားလှစွာသော Subscription တွေထဲက ဘက်မလိုက်တဲ့ အရေးအသားလို့ လက်ခံနိုင်တဲ့ ဂျာနယ်မဂ္ဂဇင်း တခုလောက်ပဲချန်ပြီးတော့ ကျန်တာတွေကို Unsubscribe လုပ်လိုက်တယ်။

နောက်ထပ်ကတော့ Technology သတင်းတွေ အဲဒါတွေကတော့ ကိုယ့်အတွက်အရေးကြီးတယ် လက်ရှိဖြစ်နေတဲ့ Software Development Trends တွေ သုံးနေကြတဲ့ Development Tools တွေ အပြောင်းအလဲက အမြဲသိနေဖို့လိုတယ် အသစ်ထွက်လာတဲ့ Tools တွေကို မသိလိုက်ရင် အခက်အခဲရှိတတ်တယ် အသစ်ထွက်လာတိုင်း သုံးဖို့မဟုတ်ပေမယ့် Development Tools အသစ်တွေ ထွက်လာတဲ့ အပေါ်မူတည်ပြီးတော့ Trends ဘယ်လောက်ပြောင်းလာလဲ သိနိုင်တာရှိတယ်။ အဲဒါတွေအတွက်ကျတော့ Official Site တွေရဲ့ News တွေကို Subscribe လုပ်နေရတယ် အဲဒါတွေကို ဂျာနယ်မဂ္ဂဇင်းမှာ ပါလေ့မရှိသလို ပါလာရင်လည်း ဂျာနယ်ကဆောင်းပါး ရေးတဲ့လူအများစုက သတင်းစာရေးဆရာပဲ ဖြစ်တဲ့အတွက် တကယ်တမ်း နားလည်နိုင်စွမ်း မရှိကြတဲ့အတွက် သတင်းထဲကစာတွေကို အချိန်ကုန်ခံပြီး ဖတ်မနေပဲနဲ့ မူရင်းကိုရှာဖတ်ဖို့ အရေးကြီးတယ်။

Subscription ကို စစ်ထုတ်လိုက်ပြီးရင် Social Networks ကိုလည်း နည်းနည်းသတိထားရမယ် ပစ္စည်းအသစ်ထွက်တဲ့ရက်ဆို သူငယ်ချင်းပေါင်းစုံရဲ့ Share & Retweet တွေနဲ့ Information ဖောင်းပွတဲ့အတွက် Twitter မှာဆိုရင် iPad အသစ်ထွက်တဲ့ရက် iPad ဆိုတဲ့ Keywords နဲ့ Filter လုပ်ထားတယ် Kitkat ထွက်တဲ့ရက်က Kitkat နဲ့ Filter လုပ်ထားတယ် အဲဒီ့နေ့ကတော့ Tweet ချင်သလောက်သာ Tweet ကြပေတော့ အဲဒါတွေနဲ့ရှုပ်ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာကို သတိမထားလိုက်မိတာ မဖြစ်နိုင်တော့ဘူး။ Facebook ကတော့ Filter လုပ်လို့မရတော့ မျက်စေ့နောက်လောက်အောင် Share လုပ်တဲ့လူကို News Feeds ကို Hide လုပ်လိုက်တယ် ဘယ်သူမှန်းမသိတဲ့လူဆို Unfriend လုပ်လိုက်တယ် အဲဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်။

ဖတ်စရာကိုအသေအချာ လျှော့ချလိုက်တာနဲ့ သိသိသာသာ နည်းသွားတယ် ဒါပေမယ့် သိဖို့လိုအပ်တဲ့ အကြောင်းအရာကတော့ အရင်အတိုင်းပဲကျန်ခဲ့တယ် လုံလောက်ရုံပဲဖြစ်တဲ့အတွက် အေးအေးဆေးဆေး ဖတ်လို့ရသလို စားပိုးနင့်မှာလည်း မပူပန်ရတော့သလို အချိန်လည်း များများမလိုတဲ့အတွက် မနက်ညနေ ရုံးတက်ရုံးပြန်ရင်း ရထားပေါ်မှာ အားတဲ့အချိန်ဖတ်ရင်ကိုပဲ လုံလောက်ပါတယ် တကယ်ကတော့ သတင်းဆိုတာ အပြောင်းအလဲကို သိရုံအတွက်ပါ ကိုယ့်ရဲ့ Knowledge ကိုဖြည့်ဖို့အတွက်က အဲဒါတွေပဲဖတ်နေရင်တော့ လက်ဘက်ရည်ဆိုင်မှာ အာလူးဖုတ်တဲ့အခါပဲ များများအသုံးတည့်တယ် ကျန်တာကတော့ ဘာမှဖြစ်မလာဘူး စာဖတ်သင့်တာဖတ် လက်တွေ့လုပ်သင့်တာလုပ်နဲ့ တခြားအလုပ်တွေ အများကြီးရှိပါသေးတယ်။