Calm Hill My Random Thoughts

Moving to Static Site

အလုပ်မအားတာနဲ့ တခါတရံ ကိုယ့်ရဲ့ဘလော့ကို မဝင်ဖြစ်တဲ့ရက်တွေ အတော်များလာတယ် ကိုယ်မရေးဖြစ်ပေမယ့် Log တွေအရဆိုရင် Traffic ကများများလာတယ် Server ပေါက်စလေးဟာ တခါတခါတော်လေး နှေးလာတယ် မလိုအပ်ပဲနဲ့ Server Size လည်းထပ်မတိုးချင်တာနဲ့ ပေါ့ပေါ့ပါးပါးရှိမယ့် Blog Software တွေစမ်းကြည့်တယ် စိတ်တိုင်း မကျတာရယ် Data အများကြီးပြောင်းရမှာနဲ့ တကယ်ကတော့ မလွယ်ပါဘူး အဲဒါနဲ့ Blog ကို Static Site အဖြစ်ပြောင်းဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ Static ဆိုရင် Process လုပ်ရတာ မပါတဲ့အတွက် သာမန် Server အသေးလေးတွေလည်း Loading အတန်အသင့် များတာလည်း ခံနိုင်ပါလိမ့်မယ်။

အခုအချိန်မှာ Static Site Generater တွေလည်း ခေတ်စားလာသလို အတော်လည်း အဆင်ပြေတယ် ကိုယ်ရေးချင်တဲ့ Contents ကို သတ်သတ်မှတ်မှတ် Format နဲ့ခွဲရေးထားရုံပါပဲ Site Generator တွေက ကိုယ်အဆင်ပြေမယ့် Template တခုနဲ့ Static Website လေးတွေ Generate လုပ်ပေးတယ် အဲဒီတော့ Blog Software တွေနဲ့ သိပ်ကွာတယ်တော့မဟုတ်ဘူး ကိုယ့်ရဲ့ Local စက်တခုမှာ Generate လုပ်တာနဲ့ Server ဘက်က Generate လုပ်ပြီးတော့ ပြပေးတာနဲ့ တကယ်ကတော့ Process လုပ်တာအတူတူပါပဲ။

Generator အများစုက Ruby နဲ့ရေးထားတာများတယ် ဒါပေမယ့်ကိုယ်ကလည်း လိုအပ်ရင်ပြင်ဖို့ရယ် ထည့်ချင်ရာထည့်ဖို့ရယ်အတွက် ကိုယ်နဲ့ပိုပြီးတော့ အကျွမ်းတဝင်ရှိတဲ့ Python Based တွေထဲကပဲ Stable အဖြစ်ဆုံးနဲ့ လူသုံးအများဆုံးဖြစ်တဲ့ Pelican ကိုရွေးလိုက်တယ်။ Pelican မှာက Content တွေကို Markdown ဒါမှမဟုတ် reStructuredText နဲ့သုံးတယ် ကိုယ့်အတွက်က Markdown ဆိုရင်အဆင်ပြေတယ် လက်ရှိကလည်း Draft ရေးထားရင် Markdown နဲ့ရေးထားပြီးတော့ သိမ်းထားလေ့ရှိတော့ တိုက်ရိုက်သုံးနေရုံပါပဲ။

လက်ရှိဘလော့ထဲက Post တွေကိုတော့ Markdown တွေအနေနဲ့ Export လုပ်ယူရတာတခုတော့ နည်းနည်းလေးအလုပ်များတယ် Pelican မှာပါတဲ့ Wordpress to Pelican Export Tools ကတော့ ကိုယ့်ရဲ့ဘလော့လို Text အများကြီးနဲ့မှာ အလုပ်လုပ်မလို့ ကိုယ်တိုင်ပဲ Script တခုရေးပြီးတော့ Export လုပ်လိုက်ရတယ် Pelican Setup လုပ်တာနဲ့ Export လုပ်တာတွေတော့ နောက်မှပဲ Post တခုခွဲရေးပါဦးမယ်။ Export လုပ်ရတဲ့ အခက်အခဲတွေရယ် မြန်မာစာလုံးတွေရဲ့ ပြဿနာအဖုံဖုံရယ်နဲ့ ရေးစရာအတော်များပါတယ်။

လက်ရှိကတော့ ဘလော့ရဲ့ URL တွေက အရင်သုံးတဲ့ Wordpress URL တွေနဲ့ အလုပ်လုပ်အောင် Redirect လုပ်ထားပေးတဲ့အတွက် အရင်တုံးက Post တွေကို Link လုပ်ထားတဲ့လူတွေလည်း အခက်အခဲမရှိပါဘူး တခုပဲရှိတာက Comment တွေကိုတော့ Export လုပ်နေတာ မပြီးသေးတဲ့အတွက် အခုအချိန်မှာတော့ Comment ရေးလို့မရပါဘူး ပြီးသွားရင်တော့ ရေးထားပြီးသား Comment တွေလည်း ပြန်ကြည့်လို့ရမှာပါ။ နောက်ထပ်ပြဿနာတခုက Search မရသေးပါဘူး Tags, Category တွေနဲ့တော့ ဖတ်လို့ရပါလိမ့်မယ်။ ဖတ်ကြည့်ရင်းနဲ့ အဆင်မပြေတာ တခုခုရှိခဲ့ရင်လည်း အကြံပေးနိုင်ပါတယ်။