Calm Hill My Random Thoughts

Disqus and Open Graph Parameters

Disqus သုံးပြီးတဲ့နောက် ပထမဆုံး သတိထားမိတဲ့ အခက်အခဲတခုက URL ပြဿနာပဲ Disqus မှာက Comment ရေးဖို့အတွက် Content Entry Creation က URL အပေါ်မှာမူတည်တယ် URL ဟာ Unique ဖြစ်ရမယ် နည်းနည်းလောက် ကွဲလိုက်တာနဲ့ Entry အနေနဲ့ နောက်ထပ်တခုဝင်တယ်။ ဘယ်အချိန်တွေမှာ အဓိကသိသာလဲဆိုတော့ Open Graph Action တွေက Facebook မှာပေါ်ရင် အောက်မှာပြထားသလို Parameters တွေနဲ့ အပိုပါတယ် အဲဒီလို URL တွေနဲ့ ဝင်လာရင် Entry နောက်တခုထပ်ထည့်တယ် အဲဒီမှာပြဿနာက အဲဒီ URL မှာ Comment ရေးသွားရင် မူရင်း URL မှာလာတဲ့လူက ဖတ်လို့မရဘူး။ အဲဒီတော့ Content တခုမှာ Unique URL တခုပဲရှိရမယ်။

http://www.calmhill.com/2014/04/17/wordpress-to-pelican.html?fb_action_ids=690251297707443&fb_action_types=og.likes

Parameters တွေကို Strip လုပ်လိုက်ဖို့က တကယ်ကတော့ အနည်းနဲ့အများ Analytic Data တွေကို အထိအခိုက်ရှိနိုင်တယ် ဒါပေမယ့်လည်း ကိုယ့်အတွက်က အဲလောက်လည်း Analytic Data တွေက မလိုအပ်တာရယ် Open Graph Actions တွေကနေ လာတဲ့လူတွေများတာရယ် Comment တခုစီကွဲနေမှာက ပိုပြီးဆိုးတာရယ်ကြောင့် Open Graph Action နဲ့လာတာအကုန်လုံးကို Parameters တွေကို Strip လုပ်လိုက်တယ်။ Nginx မှာ Parameters ကိုဖြုတ်တာကလွယ်ပါတယ် အားလုံးတော့ သိမ်းကြုံးပါမသွားအောင် fb_action_ids ဆိုတဲ့ Get Parameter ပါလာမှပဲ Strip လုပ်လိုက်တယ်။

# Remove Open Graph Parameters
if ($args ~ "fb_action_ids=(.*)") {
    rewrite ^(.*)$ $1? permanent;
}