Calm Hill My Random Thoughts

Social Fixer

Facebook သုံးရတဲ့ ဒုက္ခတခုက တွေ့သမျှအကုန် Share ကြတဲ့ စိတ်ရှုပ်စရာတွေ ကောလဟာလတွေ အမင်္ဂလာ Post တွေနဲ့ ပွနေတတ်တာပဲ အမြင်မတော်လို့ ဝင်ပြောမိပြန်တော့ အရေမရ အဖတ်မရ မလိုအပ်ပဲ စကားပြောရတော့ အလုပ်ပျက် အချိန်ကုန်တာ အဖတ်တင်တယ် မမြင်ရရင်တော့ မပြောဖြစ်တော့ဘူးပေါ့ ဖွလေ့ရှိတဲ့ လူတွေကို တတ်နိုင်သမျှ Remove/Hide လုပ်ထားပေမယ့် သူငယ်ချင်းပေါင်းစုံ ဝိုင်းပြီးတော့ Share ကြတဲ့ Post မျိုးတွေကျတော့ လွတ်ထွက်လာပြန်တယ်။ အဲဒီလိုနဲ့ Facebook Timeline ဆင်ဆာဖြတ်ဖို့ ကြံရဖန်ရပြန်တယ်။

Facebook

Twitter မှာကတော့ Third Party Clients တွေရှိတော့ အဲလိုဖြတ်တာက လွယ်တယ် App တခုလောက် ဝယ်သုံးလိုက်ရင်ပြီးပြီ Facebook မှာတော့ အဲလိုမရှိပြန်ဘူး ရှာရင်းဖွေရင်းနဲ့ Social Fixer ဆိုတဲ့ Plugin တခုကိုတွေ့တယ် Social Fixer မှာ Post တွေကို Keywords တွေနဲ့ Filter လုပ်ထားလို့ရတယ် စမ်းသုံးကြည့်တော့ မဆိုးဘူးလို့ပြောရမယ် Facebook UI မှာ Plugin ကထည့်ထားတာ နည်းနည်းပိုလာလို့ ရှုပ်တယ်ဆိုပေမယ့် မဖတ်ချင်တာတွေ မြင်နေရတာနဲ့စာရင် စိတ်ချမ်းသာပါတယ်။

http://socialfixer.com/

Social Fixer မှာ IE အတွက်ကလွဲရင် လူသုံးများတဲ့ Browser တွေအတွက် Plugin တွေရှိတယ် သူရဲ့ Website ကနေပြီးတော့ Download လုပ်ပြီး Plugin ကို အရင်ဆုံးအနေနဲ့ Install လုပ်ရမယ်။ Install လုပ်ပြီးရင်တော့ ကိုယ်မမြင်ချင်တဲ့ Keywords စာရင်းကို အရင်ဆုံးစဉ်းစားပြီးတော့ Filter တွေရေးရမယ် Filter ရေးတာက လွယ်ပါတယ် တကယ်ကတော့ Regex ရေးတတ်ရင်တော့ ပိုအဆင်ပြေပေမယ့် မရေးတတ်လည်း အဲလောက်ပြဿနာ မဟုတ်ပါဘူး မမြင်ချင်တဲ့ စကားလုံးကိုပဲ ချရေးတတ်ရင်ရတယ် နမူနာအဖြစ် ရေးထားတဲ့ Filter ကိုအောက်မှာ ပြထားတယ်။

/အခြေခံဥပဒေ|လွှတ်တော်|အောင်ဆန်းစုကြည်|သိန်းစိန်|ရွှေမန်း|အမျိုးစောင့်|ကုလား|Unicode|Zawgyi|Backtrack/i

Filter လုပ်တာကလွယ်တယ် Social Fixer Setting ထဲက Filtering အောက်မှာ Matching Text ဆိုတာရှိတယ် အဲဒီအထဲ Filter ကိုထည့် ပြီးရင်တော့ Filter ထဲက စကားလုံးတွေ ပါလာရင် ဘာလုပ်မလဲဆိုတဲ့ Action ကိုရွေးလို့ရတယ် မမြင်ချင်ရင် Hide ကိုရွေး ဘယ်တော့မှ မမြင်ရတော့ဘူး။ အားတဲ့အခါ စပ်စပ်စုစု သွားဖတ်ချင်သေးရင် Move to Tab ဆိုပြီး တနေရာရွှေ့ထားလိုက် အဲဒါဆိုရပါပြီ အဆင်သင့်သလို Keywords တွေကို ထပ်ထပ် ထည့်ပေးရင် စိတ်အပန်းပြေစရာ Timeline လေးတခု ရပါလိမ့်မယ်။