Calm Hill My Random Thoughts

Introduction to Linux - edX

လွန်ခဲ့တဲ့ ၂ လလောက်က edX ပေါ်မှာ Linux Foundation ကနေ Introduction to Linux ဆိုပြီးတော့ Course တခုကို သြဂုတ်လထဲမှာ စမယ်ဆိုပြီးတော့ Linus Torvalds ရဲ့ Review နဲ့ရယ် Course Staff က Jerry Cooperstein ဖြစ်နေတာ တွေ့လိုက်မိတော့ ဘာရယ်မဟုတ်ဘူး Review လုပ်ချင်တာနဲ့ Register လုပ်ထားလိုက်တယ်။ ဒါပေမယ့် သိပ်ပြီးတော့လည်း မျှော်လင့်ချက်လည်း မထားမိပါဘူး မြင်ဖူးသလောက် Linux Training လိုဟာတွေက အများအားဖြင့် အသုံးမဝင်တဲ့ Fundamental တွေများပါတယ်။

Introduction to Linux

အလုပ်များနေတာနဲ့ အဲဒီဘက်လည်း မေ့သလောက်ဖြစ်သွားပြီး Course စပြီဆိုတဲ့ edX က Email ကိုတွေ့မှပဲ Register လုပ်ထားတာ သတိရမိတယ် ဒါပေမယ့် မအားတာနဲ့ ဒီတပါတ်ပိတ်ရက် ရောက်သွားမှပဲ အသေအချာ ဝင်ကြည့်နိုင်တော့တယ်။ ဝင်ဝင်ချင်း တခုသဘောကျတာက Deadline မရှိဘူး။ အများအားဖြင့် ကိုယ့်လို မအားတဲ့လူက အဓိကပြဿနာက အချိန်ပဲ အလုပ်များသွားလို့ လွတ်သွားတာနဲ့ ပျက်သွားတဲ့ အတန်းတွေမနည်းဘူး။

Review လုပ်ချင်တဲ့အတွက် Course Materials တွေကို အစအဆုံး မပြီးပြီးအောင် ဖတ်လိုက်ရတယ်။ အကုန်ဖတ်ပြီးတဲ့နောက် Quizs တွေနဲ့ Exam ကိုပြီးအောင် ဖြေပြီးတဲ့နောက်မှာ သာမန်အားဖြင့် Introduction လို Course မျိုးတွေ သဘောကျလေ့မရှိပေမယ့် ဒီ Course ကိုတော့ အနည်းနဲ့အများတော့ သဘောကျစပြုတယ်လို့ ပြောလို့ရပါတယ်။

Introduction ဆိုတဲ့အတွက် Beginner တွေအတွက် သုံးကျမယ့် အချက်တွေဆိုရင် အများအားဖြင့် Linux စာအုပ်တွေ Course တွေက Distro အနေနဲ့ Dependent ဆိုရင် သက်ဆိုင်ရာ Distro နဲ့ပဲ Example တွေပါတယ် အဲဒီ့အတွက် Beginner အတော်များများက Generic အတူတူပဲဆိုတာ နားမလည်တော့ပဲ ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ်နဲ့ မလိုအပ်တဲ့ဘက် ရောက်ကုန်တယ်။ Distro Independent Course တွေ ဆိုရင်လည်း အများအားဖြင့် Hands-on Example မပါတာများတဲ့အတွက် Beginner အတွက် နားလည်ရခက်ပါတယ်။

အခု Course ထဲမှာတော့ ကိုယ်နဲ့နီးစပ်ပြီး အလွယ်တကူ ရနိုင်မယ့် Distro ကိုသုံးခိုင်းပါတယ်။ Hands-on တွေကတော့ CentOS, Ubuntu, openSUSE ဆိုပြီး Example တွေကို တခုစီလုပ်ပေးထားပြီး Linux ဟာ အားလုံး တူတူပဲဆိုတဲ့ Concept ကို မဖြစ်မနေ ထည့်ပေးထားတယ်။ Course Material တွေကို စီစဉ်တဲ့လူကလည်း အတတ်နိုင်ဆုံး Holy Wars ကို မဖြစ်အောင် ဆွဲထားတယ်လို့ အတိအလင်း ပြောထားပါတယ်။

User Interface နဲ့ Command Line Interface တွေမှာလည်း အတူတူပါပဲ End User တွေကို ဆွဲဆောင်ဖို့ဆိုပြီး UI နဲ့သုံးလို့ ရပါတယ်ဆိုတဲ့ အတင်းဆွဲယူမှုမျိုး မပါလာသလို မသိမဖြစ်လိုအပ်တဲ့ Commands တွေကိုလည်း မပါမဖြစ်အနေနဲ့ မျှတအောင် ဆွဲပေးထားတာ တွေ့ပါတယ်။ Computer Literacy ရှိပြီးသား ဒါပေမယ့် Linux အကြောင်းစပြီးတော့ သိချင်တယ် သုံးချင်တယ်ဆိုတဲ့ Beginner တွေအတွက် အတော်လေး အဆင်ပြေတဲ့ Course တခုလို့ ပြောလို့ရပါတယ်။

Advance User တွေအတွက်လည်း အထိုက်အလောက် အသုံးဝင်တာ တွေ့ပါတယ်။ တချို့အခန်းတွေဟာ Administration အတွက် အခြေခံလို့ပြောလို့ရပါတယ်။ ကိုယ်တိုင်နဲ့ ဥပမာ ပေးရမယ်ဆိုရင် Very Advanced User လို့ပြောလို့ရပါတယ် ဒါပေမယ့် Formal Education အနေနဲ့ Trained လုပ်လာတာ မဟုတ်သလို ကိုယ့်အလုပ်နဲ့ သိပ်မသက်ဆိုင်ရင် အလှမ်းဝေးတာနဲ့ မေ့ကုန်တာတွေ အများကြီးရှိပါတယ်။ Course ထဲက အချို့အပိုင်းတွေမှာ အခြေခံဖြစ်ပေမယ့် ကိုယ့်အတွက် အသုံးဝင်တဲ့ Tips လေးတွေ အတော်များများ ပါတဲ့အတွက် အချိန်ဖြုန်းတာရယ်တော့ မဟုတ်ပါဘူး အကျိုးရှိပါတယ်။

သင်အထောက်အကူအနေနဲ့ Video ရယ် စာဖတ်စရာ တွေပါတယ် Chapter တခုပြီးတိုင်း Quiz တွေဖြေရမယ် Lab အနေနဲ့လည်း လုပ်ရမယ့် မေးခွန်းတွေ Chapter ပြီးတိုင်းပါပါတယ်။ Quiz နဲ့ Lab တွေကိုတော့ Progress Monitor မလုပ်ပါဘူး။ Final Exam တခုနဲ့ပဲ Progress Monitor လုပ်ပြီးတော့ ၇၀% ရောက်မယ်ဆိုရင် အောင်မှတ်ရပါတယ်။ Final Exam ဟာ မေးခွန်း ၃၀ ရှိပါတယ် မေးခွန်းတွေဟာ မခက်ပါဘူး ၁၀၀% ရနိုင်ပါတယ်။ သို့ပေမယ့် Beginner ဖြစ်မယ်ဆိုရင်တော့ Quiz နဲ့ Lab တွေအားလုံး မလုပ်ခဲ့ရင် ဖြေနိုင်မယ့် အခြေအနေမှာ မရှိပါဘူး။

Course ရဲ့ ကောင်းတဲ့ အချက်ဖြစ်သလိုပဲ မကောင်းတဲ့ အချက်တခုကတော့ Course ဟာ Broad range ဖြစ်တဲ့အတွက် Specialized တခုမှမပါပါဘူး။ Certificate အနေနဲ့ကတော့ Free အနေနဲ့ Honor Code ရယ် Verified ID နဲ့လိုချင်ရင်တော့ 250 USD နဲ့ Verified လုပ်လို့ရပါတယ်။ Verified or Honor Code အကြံပေးပါဆိုရင်တော့ Linux Foundation အတွက် Donate လုပ်ချင်တာ တခုကလွဲရင် Specialized Course မဟုတ်တဲ့အတွက် အလုပ်အတွက် ရည်ရွယ်ရင် Certificate ရဲ့တန်ဖိုးဟာ အတော်ကို နည်းပါတယ် Verified လုပ်ဖို့ မလိုအပ်ပါဘူးလို့ပဲ အကြံပေးပါတယ်။