Calm Hill My Random Thoughts

Baked Apple Roses

ပန်းသီးကို နှင်းဆီပန်းပုံ လုပ်ပြီးတော့ မုန့်ဖုတ်တဲ့နည်းတခု Online ပေါ်ကနေ ရှာရှာဖွေဖွေတွေ့ပြီး စမ်းသပ်ပြီးတော့ လုပ်ကြည့်မိတယ် ခက်ခက်ခဲခဲမဟုတ်ပေမယ့် အမြင်လည်းလှတယ် စားရတာလည်း မဆိုးပါဘူးလို့ပြောရမယ်။ လိုအပ်တာက ပန်းသီးရယ် အသီးယိုတခုခုရယ် Puff Pastry ရယ်ဆိုရင် လုပ်လို့ရနေပါပြီ တခြားမှာတော့ Pastry က လွယ်လွယ်ကူကူ လုပ်ပြီးသားဝယ်လို့ရတယ် ဒါပေမယ့် မြန်မာနိုင်ငံဆိုရင်တော့ အဲဒါပါလုပ်ဖို့မယ် Pastry မလုပ်တတ်လည်း ဂျုံကိုပဲနယ်ပြီးတော့ သုံးရင်လည်းရနိုင်ပါတယ် Pastry လုပ်တာကတော့ သိပ်မလွယ်သလို အတော်လည်းလက်ဝင်တယ်။ Baked Apple Roses လုပ်နည်းကိုတော့ အောက်မှပြထားတဲ့ Youtube မှာကြည့်လို့ရပါတယ်။

Bake Apple Roses

Bake Apple Roses