Calm Hill My Random Thoughts

Justice

Professor Michael J. Sandel သင်တဲ့ Justice ဟာ Harvard University မှာ Moral and Political Philosophy နဲ့ပတ်သက်ပြီး အတော်လေး နာမည်ကြီးတဲ့ Course တခုလို့ပြောရမယ် Lecture Videos တွေဟာ အလွယ်တကူရနိုင်ပါတယ် ပထမဆုံး မြင်ဖူးခဲ့တာက iTunes U ထဲမှာဖြစ်မယ် ဆုံးအောင်တော့ မကြည့်ဖြစ်ခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က MOOCs တွေမှာ မွှေရင်းနှောက်ရင်းနဲ့ Edx ရဲ့ HarvardX မှာ Justice ကိုတွေ့တာနဲ့ ဘာရယ်မဟုတ်ဘူး Register လုပ်ထားလိုက်မိတယ် Course စတော့ သိပ်ပြီးတော့လည်း စိတ်မဝင်စားတာနဲ့ အချိန်အတော်လေး ကျော်သွားပြီးတော့မှပဲ ဝင်ဖြစ်တယ် ကြည့်ပြီးတဲ့နောက်မှာ အတော်လေး စိတ်ဝင်စားမိလို့ အဆုံးအထိ တက်ဖြစ်လိုက်တယ် ဒါပေမယ့် Verified Certificate အတွက် Register လုပ်ရမယ့် အချိန်ကျော်သွားတော့ Certificate မရလိုက်ဘူး ၂၀၁၅ အကုန်လောက်မှာ Justice ကို ပြန်ပြီးတော့ အသစ်ပြန်စမယ်ဆိုတော့ ဒီတခါတော့ Certificate ကို အစောကြီးကတည်းက Register လုပ်ထားလိုက်တယ်။

Self-knowledge is like lost innocence; however unsettling you find it, it can never be 'unthought' or 'unknown'.

Justice ရဲ့ ပထမဆုံး Introduction Lecture မှာသင်မယ့် အကြောင်းအရာတွေ Discussion နဲ့ Debate လုပ်မယ့် အကြောင်းအရာတွေကို အကြမ်းအားဖြင့် ပြောပြီးတဲ့နောက်မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေဟာ နှစ်ပေါင်းများစွာကစပြီး အခုအချိန်ထိတိုင် မပြီးပြတ်ပဲနဲ့ အငြင်းအခုန်ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပြီးတော့ ခေတ်အဆက်ဆက် အတွေးအခေါ်ပညာရှင်တွေ ပြဿနာရဲ့ တဘက်စီကနေ ဘယ်လိုအယူအဆတွေနဲ့ ကာကွယ်ခဲ့ကြတယ်ဆိုတာ ဆွေးနွေးရမှာဖြစ်လို့ အဲဒါတွေပြီးသွားရင် ကိုယ်ဘာကို ယုံကြည်မှန်းမသိအောင် ဖြစ်ကောင်းဖြစ်လိမ့်မယ် Political Philosophy အကြောင်း နားလည်လာတဲ့အတွက် Good Citizen ဖြစ်လိမ့်မယ်လို့လည်း မထင်ပါနဲ့တဲ့ ဝေဖန်နိုင်စွမ်း ပိုရှိလာတဲ့အတွက် Worst Citizen ဖြစ်ကောင်းဖြစ်လာလိမ့်မယ် အသိဉာဏ်တခုဟာ ရလာပြီးပြီဆိုရင် ပြန်ပြီးတော့မသိချင်လို့ ပြန်ပြီးလုံးဝမေ့ပစ်လိုက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် မလိုအပ်ဘူးဆိုရင် မသိချင်ကြပါနဲ့ဆိုတဲ့ သတိပေးချက်ရဲ့ Impression ဟာ ကိုယ့်အတွက်တော့ အတော်လေးကိုမြင့်တယ်။

https://www.edx.org/course/justice-harvardx-er22-1x-0

Professor Sandel ဟာ စာသင်တာ အတော်ကိုကောင်းတယ် ဖတ်ရမယ့် Reference တွေဟာ တကယ်တမ်းက ဖတ်ရတာအတော်လေး ပင်ပန်းတဲ့စာအုပ်တွေ ဒါပေမယ့်သူရဲ့ Lecture မှာ ပြောသွားတဲ့ Debate မှာပါသွားတဲ့ အကြောင်းအရာတွေကြောင့် ဖတ်ရတာမှာ အတော်လေး အထောက်အကူဖြစ်တယ်။ သာမန်အားဖြင့် Philosophy မှာ ဥပမာတွေဟာ ထရောလီကားတစီး ဘရိတ်မမိတော့ဘူး လူအုပ်ကြီးကိုတိုက်မလား ကွေ့လို့ရတယ်ဆိုရင် လူ၁ယောက်ထဲကို တိုက်သတ်မလား ဖန်တီးထားတာတွေများတယ် Professor Sandel ကတော့ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုပြတယ် Philip Morris ကုမ္ပဏီရဲ့ Czech Republic နိုင်ငံမှာ သုံးသပ်ပြခဲ့တဲ့ ဆေးလိပ်သောက်တဲ့အတွက် လူတွေအသက်တိုကြပေမယ့် အစိုးရအနေနဲ့ အခွန်ဘယ်လောက်ပိုရတယ် ပင်စင်လစာကုန်ကျစရိတ် ဘယ်လောက်သက်သာတယ် စသည်ဖြင့်တွက်ချက်ပြီး ဆေးလိပ်ရောင်းတဲ့အတွက် တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိတယ်ဆိုတဲ့ ဥပမာမျိုးတွေပြပြီးတော့ Debate လုပ်ခိုင်းပြီး ကျောင်းသားတွေဖြေတဲ့ အဖြေအပေါ်မူတည်ပြီးတော့မှ သူသင်ချင်တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီးတော့သင်တယ်။

Harvard မှာသင်ခဲ့တဲ့ Course ကိုအခြေခံပြီးတော့ ရေးထားတဲ့ Justice: What’s the Right Thing to Do? စာအုပ်လည်းရှိတယ် စာဖတ်တာက တချို့အပိုင်းတွေမှာ Reference အတိအကျပါတော့ ပိုကောင်းသလို Lecture Videos တွေမှာက Discussion တွေ Debate ကပိုပြီးတော့ကောင်းတယ် စိတ်ဝင်စားမယ်ဆိုရင် ၂ ခုလုံးတွဲတာ ပိုပြီးတော့အဆင်ပြေတယ်။ Edx မှာရှိတဲ့ Course မှာက Lecture တွေမှာ Polling ပါတယ် နောက်ပြီးတော့ Lecture ၃-၄ ခုမှာတခါ Quizzes ဖြေရတယ် Quizzes တွေဟာ ထင်သလောက်မလွယ်ဘူး Lecture နဲ့ References တွေကို အသေအချာ ပြန်ဖတ်ပြီးမှဖြေလို့ရလိမ့်မယ်။ Final Exam မှာတော့ တချို့မေးခွန်းတွေဟာ Quizzes တွေထက် ပိုပြီးခက်ပါတယ် ဆန်ကျင်ဘက်အတွေးအခေါ် ၂ ခုကိုပြပြီး တူညီတဲ့အရာ ဖြေခိုင်းတာမျိုးတွေရှိတယ် အစအဆုံးပြန်ပြီးဖတ် အသေအချာယှဉ်ကြည့်မှပဲ ဖြေလို့ရလိမ့်မယ် အောင်မှတ်ဟာ ၆၀% ဖြစ်ပေမယ့် ၆၀% ရဖို့ကိုက သိပ်ပြီးတော့ မလွယ်ပါဘူး ကြိုးစားပြီးတော့ ပြန်ဖတ်ဖြေတယ် အောင်တော့အောင်တယ် ဒါပေမယ့် ၈၅% ပဲရခဲ့တယ်။

ဒီ Course ပြီးတော့ ပြန်စဉ်းစားကြည့်မိတယ် အချို့သော Knowledge တွေဟာ ကိုယ့်ကို Unsettling ဖြစ်ကောင်းဖြစ်မယ်ဆိုတဲ့ သတိပေးချက်မှာ ကိုယ့်အဖြစ်က Course မစခင်ကဖြစ်နေပြီ Justice မတိုင်ခင်မှ Moral Foundations of Politics နဲ့ Revolutionary Ideas ကိုယူဖူးတယ် အဲဒီနှစ်ခုရဲ့ Reading Reference က Justice ထက်ပိုများတယ် ကိုယ်ရဲ့မူရင်းဗီဇ အတွေးအခေါ်ကလည်း Radical ဆိုပေမယ့် ကိုယ့်ထက်ပိုပြီးတော့ Radical ဖြစ်တဲ့အပြင် ဆန့်ကျင်ဘက်ကို ဖြစ်နေကြတဲ့ အတွေးအခေါ်တွေ အပုံလိုက်မြင်ရတော့ ကိုယ့်ကိုကိုယ်တောင် ဘာယုံကြည်မှန်း တခါတယံမှာ မသေချာတဲ့ အခြေအနေမှာရှိတယ် လွန်ခဲ့သော ၂ နှစ်အတွင်းမှာ ရေးခဲ့တဲ့စာတွေ ပြန်ကြည့်မယ်ဆိုရင် ကိုယ်ပိုင် ယုံကြည်ချက်ရှိတဲ့ အတွေးအခေါ် အတော်ကို နည်းသွားတယ်။ Justice ရဲ့ Debate တွေဟာ ကိုယ့်အတွက် Settling ပြန်ဖြစ်ဖို့ အထောက်အကူဖြစ်ပါတယ် လူတွေနဲ့သဟဇာတ ပြန်ဖြစ်လာတယ်။ နိဂုံးချုပ်ရရင် Justice ကို တခြားလူတွေအတွက် အကြံပေးမလားဆိုရင် မပေးပါဘူး Review မှာကို သင်တဲ့အကြောင်းအရာကို တမင်ထည့်မရေးထားတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလို့ပဲ ဖြေဖြစ်လိမ့်မယ် Professor Sandel ရဲ့စကားကိုငှားရမယ်ဆိုရင် အချို့သော Knowledge တွေဟာ မလိုအပ်ရင် သိဖို့မသင့်ဘူး မဟုတ်လား။