Calm Hill My Random Thoughts

Lost Access of Facebook Account

Facebook Account က Report လုပ်ခံရပြန်ပြီထင်တာပဲ ဒီတခါတော့ နာမည်ပြောင်းပေးလည်း မရတော့ဘူးဖြစ်ပြီးတော့ ဝင်လို့မရဘူးဖြစ်နေတာ ၃ ပတ်လောက်ရှိနေပြီ ဘယ်သူနဲ့မှတော့ ပြဿနာတက်အောင် မနေမိဘူးထင်တာပါပဲ။ အစကတော့ အရေးတကြီးသုံးတာ ဘာမှမရှိဘူးဆိုပြီး လွယ်လွယ်ယူဆခဲ့မိပေမယ့် အချိန်ကြာလာတာနဲ့ မိတ်ဆွေတွေကလည်း ဘာများဖြစ်လဲဆိုပြီး လိုက်ရှာနေရတာရယ် အကူအညီလိုတဲ့လူတွေ စာမေးချင်တဲ့လူတွေ ရှာလို့မရဘူးဆိုပြီး ဆက်သွယ်လို့ရမယ့် နေရာပေါင်းစုံကနေ လိုက်ရှာလာရတာတွေ တွေ့လာရတော့ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားမသိ စိတ်ထဲတော့ သိပ်မကောင်းဘူး ကိုယ့်ကိုဘယ်လို လိုက်ဖမ်းရမှန်း သိကြတဲ့လူတွေက အကြောင်းမဟုတ်ပေမယ့် တခြားလူတွေက ခက်ကြလိမ့်မယ် လူကိုမသိပေမယ့် Blog ကိုတော့ လူတိုင်းသိတဲ့အတွက် ဘယ်မှလိုက်ရှာလို့မရရင် ဒီတော့ရောက်လာမှာပဲဆိုပြီး အကျိုးအကြောင်းကို Blog မှာပဲ ရေးထားရတော့တယ်။

သာမန်အားဖြင့် Page ကို ဘယ်သူ့ကိုမှ Invite မလုပ်ပေမယ့် အခုကတော့ ကိစ္စရှိရင် Facebook ကနေပဲ ဆက်သွယ်မယ် ဆိုရင်တော့ Page ကနေပဲ ဆက်သွယ်ကြပါ သာမန်အားဖြင့် Facebook Page ကိုတော့ Admin အနေနဲ့ ယုံကြည်ရတဲ့ မိတ်ဆွေတချို့က Access ရှိတာတခုတော့ ခံသာပါသေးတယ် အရေးကြီးတယ်ဆိုရင် Email ပို့ကြပါ Email ကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အမြဲတမ်းစစ်ပါတယ်။ ၅-၆ နှစ်သုံးလာတော့ မိတ်ဆွေတွေနဲ့ သံယောစဉ်လည်း အတော်လေးရှိတယ် မိတ်ဆွေစာရင်းတွေ ပျောက်သွားတဲ့အတွက် စိတ်မကောင်း အတော်ဖြစ်ရတယ် အမုန်းတရားတွေ ပွားနေတာလည်းမဟုတ် ပျော်သလိုနေတာရယ် တခါတခါ အချိန်ကုန်ခံပြီးတော့ ကိုယ်သိတဲ့တတ်တဲ့ ပညာအကြောင်း ဖောက်သည်ချရတာလေး တခုရယ်ပဲလုပ်ရတာပါ။ Account အတွက်ကတော့ ကိုယ်ပေးနိုင်တဲ့ စာရွက်စာတမ်းတော့ ပေးလိုက်ပြီးပါပြီ ရတာမရတာတော့ ကိုယ်လည်းဘာမှ မတတ်နိုင်ဘူးလေ ပျောက်ချိန်တန်လို့ ပျောက်တယ်ပဲ ယူဆရတော့တယ် ရတာနဲ့တော့ ပြန်ဝင်လာခဲ့မယ်။