Category Archives: ဟာသ

ဆရာကြီးဘာလုပ်သလဲ

တစ်ခါကနာမည်ကျော် ပန်းပဲဆရာကြီးတစ်ယောက်ရှိသတဲ့။ တစ်နေ့တော့ နာမည်ကြီးလွန်းလို့ဆိုပြီး အခုခေတ်စကားနဲ့ဆိုရင်တော့ အင်တာဗျူးတာပေါ့။ ပထမတော့ ဆရာကြီးအကြောင်းတွေမေး နောက်တော့ ပန်းပဲအလုပ်အကြောင်းတွေမေးပေါ့။ နောက်ဆုံးပြန်ခါနီးမှာ အဆုံးသတ်အနေနဲ့ အခုလုပ်နေတဲ့ ပန်းပဲအလုပ်ထဲမှာ ဆရာကြီးဘယ်အဆင့်မှာ ပါဝင်လုပ်ဆောင်ပါသလဲလို့ မေးတဲ့အခါမှာတော့။

မေး။ ။ ဆရာကြီးအခု အလုပ်ထဲမှာ သံရွေးတဲ့နေရာတွေ မှာဆရာကြီးပါဝင်သလား။
ဖြေ။ ။ အဲဒါတွေလောက်တော့ တပည့်တွေခိုင်းရတာပေါ့ဗျာ။

မေး။ ။ ဒါဆိုရင်သံစပ်တဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်ဝင်လုပ်တာပေါ့နော်။
ဖြေ။ ။ ဒါတွေလည်း ကျုပ်ပါစရာမလိုပါဘူး တပည့်တွေရှိနေတာပဲဟာ။

မေး။ ။ ဒါဆိုရင် တူထုတဲ့နေရာမှာ ဆရာကြီးကိုယ်တိုင်လုပ်ပါသလား။
ဖြေ။ ။ အောင်မယ်လေးမောင်ရယ် ကျုပ်အသက်ကြီးပါပြီ ဒီလောက်တော့ ကျုပ်ပါစရာမလိုပါဘူး တပည့်တွေခိုင်းပေါ့။

မေး။ ။ ဒါဆိုရင်အချောသတ်တော့ ဆရာကြီးလုပ်ပါသလား။
ဖြေ။ ။ ငါ့မှာ တပည့်အရင်းတွေရှိပါတယ် အဲဒါတွေကို သူတို့လုပ်တယ်လေ။

မေး။ ။ ဒါဆိုရင် နောက်ဆုံးဆေးသားတင်တော့ ဆရာကြီးကိုယ်တိုင်တင်တာပေါ့နော်။
ဖြေ။ ။ အမွေခံမည့် တပည့်တစ်ယောက်ရှိတယ် အဲဒါသူအတွေ့အကြုံရအောင် ခိုင်းလိုက်တာပေါ့။

မေး။ ။ ဒါဆိုရင်ဆရာကြီးက အလုပ်ထဲမှာ ဘယ်နေရာမှာအဓိကပါဝင်ပါသလဲ။
ဖြေ။ ။ အကုန်လုံးက တပည့်တွေခိုင်းဖြစ်တာပဲ ကျုပ်ကတော့ ဖိုဆွဲတာပေါ့ဗျာ။

လူကြီးဆိုတာ တစ်ခါက လူငယ်ပါပဲ

တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနှစ်ယောက် ရှိကြသတဲ့။ ကြုံရာအလုပ် လုပ်ကိုင်စားကြပြီး ဆင်းဆင်းရဲရဲ နေကြရတာပေါ့။ ကံကောင်းသလား ကံဆိုးသလားတော့မသိဘူး မြို့က မုဆိုးဖို သူဌေးကြီးတစ်ယောက်က သမီးဖြစ်တဲ့ လူကိုမျက်စေ့ကျပြီး အိမ်လာလာနေပါရောတဲ့။ မုဆိုးဖိုကြီးကလည်း မုဆိုးဖို ဆိုတာကလွဲရင် ဘာမှတော့ အထွေထွေထူးထူး ပြောစရာတော့ မရှိဘူးတဲ့။ ဒီတော့ မအေဖြစ်သူကလည်း သဘောတွေတူနေတာပေါ့။ ဒါပေမယ့် သမီးဖြစ်သူကတော့ ဒီမုဆိုးဖိုကြီး ဘယ်ကြိုက်ပါ့မလဲ။ ကြာတော့ အမေဖြစ်သူက သမီးဖြစ်သူကို အပြတ်ပြောရတယ်။



အမေ။ ။ ညည်း ဒီတစ်ခါတော့ ငြင်းလို့မရတော့ဘူး ယူကိုယူရမယ်အေ။
သမီး။ ။ အမေကလည်း မုဆိုးဖိုကြီး သမီးက မကြိုက်ပါဘူးဆိုနေ၊ အမေသဘောကျရင် အမေယူပါလား။
အမေ။ ။ ငါ့မကြိုက်လို့ပေါ့အေ့ ကြိုက်ရင်ယူတယ်။ စကားများစမ်းပါနဲ့အေ မုဆိုးဖိုဆိုတာ အရင်ကတော့ လူပျိုပါပဲအေ့။
သမီး။ ။ ဟာ…. မယူနိုင်ပါဘူးဆိုနေ။
အမေ။ ။ စကားများနဲ့ ဒီနေ့ညနေ သူလာပြီး လူကြီးတွေနဲ့ လာတောင်းလိမ့်မယ် ညည်း လူကြီးတွေ ကွေးမွေးဖို့သာ ထမင်းဟင်း ချက်ဖို့ပြင်တော့။

သမီးဖြစ်သူကလည်း အမေဖြစ်သူ့စကားဆိုတော့ နားမထောင်လို့ကလည်းမရ ဒါနဲ့ ထမင်းဟင်း ချက်ရတာပေါ့။ ညနေပိုင်း မုဆိုးဖိုကြီးကလည်း လူကြီးစုံရာနဲ့ အိမ်ရောက်လာပါရော။ ပြောကြဆိုကြပေါ့ သမီးဖြစ်သူကတော့ မျက်နှာမကောင်းဘူးပေါ့။ ပြီးတော့ ထမင်းကွေးဧည့်ခံမယ်ဆိုပြီး မအေဖြစ်သူက သမီးဖြစ်သူကို ပြင်ဆင်ခိုင်းတယ်။


လူကြီးတွေအားလုံး စားကြသောက်ကြတာပေါ့ ဟင်းတွေကလည်း ဖွယ်ဖွယ်ရာရာပါပဲ။ လူကြီးတွေကလည်း ပြောကြတာပေါ့ ဟင်းတွေကလည်း စားလို့ကောင်းလိုက်တာဆိုပြီး။ အဲဒီလိုနေတုန်း သမီးဖြစ်သူက နေဦးမေ့နေတာ ဟင်းတစ်ခွက် ကျန်သေးတယ်ဆိုပြီး ကြောင်အိမ်ထဲကနေ ထုတ်လာတယ်။ စားလိုက်တော့ ဘယ်သူမှ အဲဒီ့ဟင်းကို ဖဲ့လို့လည်းမရ ဝါးလို့လည်းမရ။





လူကြီး။ ။ သမီးရယ် ညည်းဟင်းက ဘာလို့ ဝါးလုံးတွေ ချက်ထားတာလဲ ဝါးလို့မရဘူး။
သမီး။ ။ အဲဒါ မျစ်ပါ အဘရဲ့ ဝါးလုံးမဟုတ်ပါဘူး။
လူကြီး။ ။ ဟုတ်သေးပါဘူးကွယ် ဒါက ဝါးလုံးတွေပါဟ။
သမီး။ ။ အဘရယ် ဝါးလုံးဆိုတာ အရင်ကတော့ မျစ်ပါပဲ။


မအေဖြစ်သူကတော့ မျက်စိမျက်နှာတွေပျက်ပေါ့။ လူကြီးတွေကတော့ သဘောကျပြီး ဝိုင်းပြီးရယ်ကြတာပေါ့။ အဲဒီတင် သမီးဖြစ်သူကို လာပြီးတောင်းတဲ့ လူကြီးလည်း ရှက်ပြီး ပြန်ပြေးပါရောတဲ့။

ပုံတိုပတ်စနှင့် ထင်ရာမြင်ရာ (၂)

တစ်ခါက အင်မတန်ခေါင်တဲ့ နေရာမှရှိတဲ့ ရွာတစ်ရွာမှာ ယာစိုက်စားတဲ့ လင်မယားနှစ်ယောက်ရှိ သတဲ့။ သူတို့ကလည်း မြို့ကို အရောက်အပေါက် နည်းလို့ အိမ်မှာကလည်း အိမ်သုံးပစ္စည်းကလည်း သိပ်မရှိရှာဘူး တစ်ရက် ယောက်ျားဖြစ်သူက ကုန်တွေရောင်းရင်းနဲ့ စျေးရောက်တော့ မှန်တွေရောင်းနေတာ တွေ့တယ်။ သူကလည်းမှန်ကို ဘာလုပ်တဲ့ဟာမှန်းမသိဘူး ကြည့်လိုက်တော့ သူ့ပုံကပေါ်နေတာပေါ့။ သူ့ပုံမှန်းမသိတော့ သူ့အဖေ ငယ်ငယ်ကပုံ ပန်းချီကားပါဆိုပြီး ဝယ်လာတာပေါ့။ အိမ်ရောက်တော့ ထန်းခေါက်ဖာထဲ ထည့်သိမ်းပြီး အားရင် ကွယ်လွန်သွားတဲ့ အဖေဆိုပြီး အလွမ်းပြေ ထုတ်ထုတ်ကြည့်ပြီး ငိုသေးတာ။ မိန်းမဖြစ်သူကလည်း ယောက်ျားဖြစ်သူ ဘာကြည့်ပြီး ငိုငိုနေပါလိမ့်ဆိုပြီး တစ်ရက် ယောက်ျားဖြစ်သူ အပြင်သွားတုံး ဖွင့်ကြည့်လိုက်တော့ သူ့ပုံကိုမှန်ထဲ မြင်ပါရော။ ဒီတော့မှ ယောက်ျားဖြစ်သူက သူ့သေသွားတဲ့ မယားငယ်ပုံကို ခိုးကြည့်နေပါတယ်ဆိုပြီး ပြန်လာတော့ ရန်ဖြစ်ကြတော့တာပဲ။ နောက်ဆုံး မိန်းမဖြစ်သူက ရွာဦးကျောင်းက ဘုန်းကြီးသွားတိုင်တာပေါ့ အရှင်ဘုရားရဲ့ တပည့်ကျော် သူ့မယားငယ်ပုံကို သိမ်းထားတယ်ပေါ့။ ယောက်ျားဖြစ်သူကလည်း အဖေ့ပုံပါဆိုပြီး ငြင်းတာပေါ့။ ဘုန်းကြီးကလည်း ကိုင်းဒါဆိုလည်း ပြစမ်း ငါကြည့်မယ်ဆိုပြီး မှန်ကိုယူကြည့်တယ်။ ဖြစ်ချင်တော့ သူလည်းမှန်ကိုမမြင်ဖူးဘူး မှန်ထဲက သူ့ပုံကိုလည်းမြင်ရော ဟဲ့… နင်တို့တော့ အကုသိုလ်တွေ ဖြစ်တော့မှာပဲ ဘာမယားငယ်မှလည်း မဟုတ်ဘူး ဘာမှ မင်အဖေပုံလည်း မဟုတ်ဘူး။ ဒါငါ့ကျောင်းက ပျံလွန်တော်မူသွားတဲ့ ငါ့ဆရာတော်ကြီးပုံဟဲ့ အိမ်မှာမထားကောင်းဘူး ငါ့ကျောင်းထားခဲ့ သွားပြန်တော့ဆိုပြီး ပြန်လှတ်လိုက်သတဲ့။



ဒါက ကျောင်းကန်အနီးမှ မြန်မာပုံပြင်များထဲက ဟာကိုပြောတာ တောသူတောင်သားတွေ ခေတ်ပေါ်ပစ္စည်းမမြင်ဖူးဘူး လို့ပြောတာပဲ။ ကြားဖူးတာကတော့ တောသားမြို့ရောက်တဲ့ ဟုတ်ဘူးထင်တယ် အခုတော့ မြို့သားတောရောက် မျက်စေ့သူငယ် နားသူငယ်ဖြစ်တာပဲ။ အဖေဖြစ်သူက အညာသားစစ်စစ် လူမြင်လိုက်တာနဲ့ ငြင်းစရာမလိုဘူး။ ဒါပေမယ့် နေမကောင်းလို့ အဘိုးဆီမပြန်ဖြစ်တာ ကြာပြီ အဘိုးကပဲ အိမ်ကိုလာတယ်။ ဒီတော့ ငယ်ငယ်တုံးကပဲ ရောက်ဖူးတယ် အပြင်မထွက်လာခင်က အဘိုးဆီသွားမယ်ဆိုပြီး သွားလည်တယ်ဗျ။ အဘိုးက မ့်ရွာအထွက် အလုံနားလေးက ရွာမှာနေတယ် ရန်ကုန်လည်း ခေါ်ထားမရဘူး မန္တလေးလည်း ခေါ်ထားမရဘူး အဲဒီမှာပဲနေတယ်။ ရောက်တော့ ညနေကျတော့ ရေချိုးမယ်ဆိုတော့ အစ်မဖြစ်သူက ခြံထဲကရေတွင်းကိုသွားမယ် လာဆိုတော့ ကျွန်တော်က ရေငင်စရာ ရေပလုတ် ဘယ်မလဲ ကျွန်တော်သယ်ခဲ့မယ်ဆိုတော့ အစ်မက မလိုဘူးတဲ့ ဟိုမှာဂေါက်ရှိတယ်တဲ့။ ရောက်တော့ ဘယ်ဟုတ်မလဲ ရေစုတ်စက်မောင်းတဲ့ စက်နှိုးတဲ့ ဂေါက်ဖြစ်နေတယ်။ ရေချိုးတာ ဘယ်နှယ် စက်နှိုးစရာမလိုပါဘူးဆိုတော့ မဟုတ်ဘူးတဲ့ ခြံထဲရေသွင်းရမယ့် အတူတူ ဒို့ရေချိုးပြီးမှ ရေသွင်းမယ်တဲ့။ ကိုယ်သိတာက ငယ်ငယ်ကဆို ရေငင်ဖို့ သစ်စေးသုတ်ထားတဲ့ ရေပလုတ်လေးတွေ သယ်သွားရတာ အခုတော့ ကိုယ်တောင် မျက်စေ့လည်သွားတယ်။



ညနေပိုင်းလောက်ကျတော့ အစ်ကိုဝမ်းကွဲ တစ်ယောက်ကို ပြန်လာတာမတွေ့သေးတာနဲ့ မေးကြည့်တော့ ယာထဲက တလင်းမှာ ပဲခွေနေတယ်ဆိုပဲ။ ဒါနဲ့လိုက်သွားဦးမယ်ဆိုတော့ အစ်မဖြစ်သူက ဟဲ့… ဝေးတယ် ဆိုင်ကယ်စီးတတ်ရင် ယူသွားပါလားတဲ့။ ဟမ်… ဆိုင်ကယ်ဆိုတော့ ကြည့်လိုက်တော့ တရုတ်ဆိုင်ကယ်ဗျ။ ဘယ်နှယ် မန္တလေးသားကို ဆိုင်ကယ်စီးတတ်သလားဆိုတော့ သိက္ခာကျတယ် စီးတတ်ပါတယ်ဆိုပြီး စီးထွက်လာလိုက်တာ လယ်ထဲရောက်တော့ ပြဿနာတက်တာပဲ ဆိုင်ကယ်ဖက်မွေးလာတယ် ဆိုပေမယ့် တစ်ပေလောက် လယ်ကန်သင်းပေါ်ကို ကျတော့မစီးရဲပြန်ဘူး။ အစ်မကတ