Calm Hill My Random Thoughts

အိပ်ရာထ မျက်နှာသစ် အစာစား စက်ဘီးပျောက်

အိပ်ယာဘယ်လိုထတာလဲဆိုတာကို ရေးပါတဲ့ ပေါက်ပေါက်ရှာရှာ တက်(ဂ်) သွားတယ် မနေ့မနက်ကရေးမယ်ဆိုပေမယ့် မအားလို့ရယ် ငိုချင်နေတာရယ်ကြောင့် အခုမှပဲ ရေးထားလိုက်တယ်။ ရေးမယ်ဆိုတဲ့ညကလည်း အိပ်လိုက်တာက မနက် ၄း၃ဝ မှအိပ်လိုက်တယ်လေ။

သောကြာနေ့ နံနက် ၈း၃ဝ “အုဝဲ အုဝဲ …… အုဝဲ”။ ခလေးငိုသံကြားတယ် အိမ်မက်ထဲမှာ ဘယ်ကလေးက ငိုနေတာပါလိမ့်။ လူပျိုကြီးလည်း အိမ်ထောင်မကျသေးပါဘူး ကလေးကဘယ်ကရောက်ပါလိမ့်ပေါ့။ မဟုတ်သေးဘူးဟ ဖုန်းလာနေတာပဲ ဖုန်းသံကို ကလေးငိုသံပြောင်းထားတာ မေ့နေတာ။ အိပ်ရေးမဝရတဲ့အထဲ ဘယ်သူဆက်ပါလိမ့် ဆိုကောက်ကိုင်လိုက်တယ် ဖုန်းနံပါတ်ကြည်လိုက်တော့လည်း ဘယ်သူမှန်းမသိဘူး။ “ဟယ်လို ဘယ်သူလဲမသိဘူးခင်ဗျာ”။

Caller: “Hey, you! What are you talking? I cannot understand. I’m your Prof. I calling using the phone from my office.”
Me: “Oh! Sorry Sir, I think, it was one of my friend calling”
Caller: “Hey! It’s fine, I’m also one of your friend. Come to the Lab by 9:00 AM. I forgot to check your report. Please come to me and explain again.”
Me: “Ah! Sir, I think, I reported and explained you about at least 2 hours.”
Caller: “Sorry boy, I’m very busy in yesterday and now I cannot recall anythings about your report!”
Me: “Ok Sir! I will come by 9:00 AM

ဒါနဲ့ ရှစ်နာရီခွဲနေတော့ အိပ်ယာအလူးအလဲထ ရေချိုးခန်းထဲမဝင်ခင် ရေနွေးအိုးကိုတည်ပါတယ်။ မတ်ခွက်ထဲကို ကော်ဖီတစ်ထုပ် ဖောက်ထည့် ဇွန်းပါအဆင်သင့်တပ်ထား ပြီးတော့မှ ရေချိုးခန်းထဲအမြန်ဝင်။ မျက်နှာသစ် သွားတိုက် ရေချိုးအပြီး အပြင်ပြန်ထွက်တော့ ရေနွေးကဆူနေတာနဲ့ အကိုက်ပဲ။ ဒါနဲ့ကော်ဖီခွက်ထဲ ရေနွေးထည့်ပြီးတော့ အခန်းထဲအမြန်ပြန်ပြီး အဝတ်အစားလဲ။ ဒီလိုပဲ မုန်နဲ့ ကော်ဖီကို ပြင်ရင်ဆင်ရင်းပဲ စျေးထဲကနွားကြီး ငှက်ပျောသီးဆွဲပြေးရင်း စားသလိုပဲ စားလိုက်ရပါတယ်။ ပြီးပြီဟေ့ဆိုပြီး အိမ်အပြင်ထွက်လိုက်မှပဲ ရင်ဆို့သွားပါတော့တယ် ညကရပ်ထားပြီးသောခတ်ထားတဲ့ ကျွန်တော့်် စက်ဘီးက သော့အပျက်ပဲကျွန်တော့်တယ် စက်ဘီးမရှိတော့ဘူး။ ဒီလိုနဲ့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ နောက်ဆုံးတော့ Bus နဲ့ပဲကျောင်းကို သွားလိုက်ရပါတယ်ဗျာ။ မနေ့ညကလည်း အိမ်ကိုကားမမှီတော့တာနဲ့ စက်ဘီးမရှိတော့ အဝေးကြီး လမ်းလျောက်ပြန်လိုက်ရတယ်။ ပြောရင်းနဲ့ကို ငိုချင်လာပြီ အဟင့် အဟင့် ရှတ်…။

comments powered by Disqus