Calm Hill My Random Thoughts

ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၃)

အခုတော့ ဗမာပြည်က ကျောင်းတွေအားလုံးနီးနီးမှာ ယူနီဖောင်းတွေ ဝတ်ပြီးကျောင်းတက်နေရတာတွေ ဖြစ်ကုန်ပါပြီ။ ကျွန်တော်တောင် ကြီးကောင်ကြီးမားကြီးဖြစ်နေမှ ယူနီဖောင်းဒဏ်ကို ၁ နှစ်လောက် မိလိုက်ပါသေးတယ်။ တက္ကသိုလ် ယူနီဖောင်းဝတ်ရတယ်ဘာတွေနဲ့ နည်းနည်းတော့ ပူညံပူညံလုပ်ကြပါတယ်။ ပြန်ဆန်းစစ်လိုက်တော့ ဘယ်သူမပြုမိမိမှု့လို့ပဲ ပြောရပါတော့တယ်။ Globalization ဆိုတာကြီးက ဗမာပြည်ကိုရိုက်ခတ်တယ် ဗမာတွေကဟုတ်တာတွေကို သိပ်စိတ်မဝင်စားဘူး မဟုတ်တာတွေကိုပဲ ယူထားလိုက်တာများတယ်။ ဖြစ်ပုံကတော့ ကျောင်းသူတွေ ဝတ်ပုံစားပုံကနေပဲစတယ်ပြောရမယ် ကျောင်းကိုစကပ် အတိုတွေ ဘောင်းဘီအတိုတွေနဲ့လာတယ် အင်္ကျီကိုလည်း ယောက်ျားလေး ကာယဗလမောင်တွေများ အားကျလို့လားတော့ မသိပါဘူး စွတ်ကျယ်လိုဟာတွေလည်း ဝတ်လာတယ်။ တန်ရုံလောက်တိုတာတွေ ဝတ်တာကတော့ ဘယ်သူမှအလုပ်ရှုပ်ခံပြီးတော့ မပြောကြပါဘူး ဆရာ ဆရာမတွေလည်း ယူနီဖောင်းဘယ်ဝတ်ချင်ပါ့မလဲ ကျောင်းသွားရင် အလှူပွဲသွားသလိုဝတ်ချင်တာပေါ့။ ပြောရမယ်ဆိုရင် အပြင်လောကနဲ့ သိပ်ကွာဟလွန်းတဲ့ အဝတ်အစားမျိုးတွေကိုတော့ ကျောင်းကလက်မခံနိုင်ပါဘူး ဒီတော့ဘာလုပ်သလဲဆိုတော့ ဗမာပီပီပဲ အားလုံးအတူတူဝတ်ဆိုပြီး ယူနီဖောင်းဒီဇိုင်းလုပ်လိုက်တော့တာပေါ့။

ဒီတော့အများကဝိုင်းပြောကြမယ်ဗျာ ကိုလူပျိုကြီး အခုတက်နေတဲ့ကျောင်းမှာရော မိန်းကလေးတွေ စကပ်အတို၊ ဘောင်းဘီအတိုမဝတ်ဘူးလားဆိုပြီးတော့။ ပြန်ဖြေမယ်ဗျာ ဝတ်တယ်ဗျာ မိန်းခလေးမှန်ရင် ကျွန်တော့်ကျောင်းမှာတော့ ရှည်တာမှန်ရင် ဘာမှမဝတ်ဘူး အကုန်လုံး စကပ်အတို၊ ဘောင်းဘီအတိုပဲ ဒါပေမယ့် တစ်နိုင်ငံလုံးဒါမျိုးပဲဝတ်တယ်လေ ကျောင်းထဲမှာမိန်းကလေး စကပ်အတို ဘောင်းဘီအတိုဝတ်တာ မထူးဆန်းပါဘူး။ အပြင်မှာလည်း တော်တော်သရုပ်ပျက်တဲ့ လူငယ်တွေ ဝတ်ပုံစားပုံတွေရှိတယ် အဝတ်အစားတင်မကဘူး မျက်နှာတစ်ခုလုံးလည်း အပေါက်ပေါင်းစုံဖောက်တယ် နားကပ်၊ နှာခေါင်းကပ် အဲလေ ဘာခေါ်ရမှန်းမသိတဲ့ဟာတွေ ဝတ်ထားတယ်။ ဒါမျိုးတွေကျောင်းထဲမှာ မရှိပါဘူး ကျောင်းစည်းကမ်းအရလည်း လက်မခံပါဘူး။ ဒီတော့ ကပ်သီးကပ်သပ်ပြောရရင် ကျောင်းသားအားလုံးဒါမျိုး မဝတ်တတ်ကြဘူးလားဆိုရင် ဝတ်တဲ့လူလည်းရှိမှာပါ ဒါပေမယ့် ကျောင်းဝင်းထဲမှာတော့ လုံးဝမရှိပါဘူး။

ကျွန်တော်မှာပြောရရင် ဘွဲ့သာရသွားတယ် စိမ်းပြာရောင် ယူနီဖောင်းဆိုတာ တစ်ထည်မှမရှိပါဘူး။ ကျွန်တော့်ကျောင်းမှာက ပါမောက္ခချုပ်တွေက တစ်ယောက်ပြီး တစ်ယောက်သာ ပြောင်းသွားတယ် နားလည်မှု့ရှိပါတယ်။ သူတို့ကိုယ်တိုင် စာဝင်သင်တဲ့အချိန်မှာတောင် ကျွန်တော်ဘယ်တော့မှ အင်္ကျီအဖြူ မဝတ်ပါဘူး အစင်းအကွက်နဲ့ ရောင်စုံပဲဝတ်ပါတယ်။ ပုဆိုးကတော့ ပြောမနေနဲ့ အကွက်စိတ်စိတ်ကနေ စောင်ကိုချုပ်ထားသလား ထင်ရတဲ့ လယ်ထွန်လို့ရလောက်တဲ့ အကွက်အဆင်မျိုးတောင် ကျွန်တော်ဝတ်ပါတယ်။ ဒါပေမယ့် ဆရာ ဆရာမတွေဘာမှမပြောဘူး ဘာလို့လဲဆိုတော့ ကျွန်တော်ဝတ်ပုံစားပုံက ဘာမှလွန်ကဲမှု့မရှိပါဘူး သူတို့ပြောတဲ့စည်းကမ်းနဲ့ မညီတာတစ်ခုပဲရှိပါတယ်။ တစ်ရက် ဝန်ကြီးလာမယ်ဆိုတော့ သင်တန်းမှုးကခေါ်ပါတယ် မင်းတို့ဒီနေ့တော့ ကန်တင်းမှာပဲ တစ်နေကုန်နေကြပါကွယ် အတန်းထဲမလာပါနဲ့လို့တော့ တစ်ခါအပြောခံရတယ်။

ကိုယ့်ထက်ငယ်တဲ့ ကလေးတွေတက်တဲ့ကျောင်းမှတော့ ကျွန်တော်တို့ကျောင်းလို လွတ်လွတ်လပ်လပ် သိပ်မရှိလှဘူး။ ယူနီဖောင်းမဝတ်လာရင် ဒဏ်တပ်ပါတယ်တဲ့။ ထားပါတော့ဒါကတော့ စည်းကမ်းဆိုတော့လည်း မပြောတော့ပါဘူး။ ကျွန်တော်ကလည်း ကလေးတွေကို စာပြန်သင်လေ့ရှိတော့ သူတို့ဆီကနေဒါတွေ တစ်နေ့တစ်နေ့ကြားနေရတယ်။ မင်းတို့ဟာကလည်း မဟုတ်သေးပါဘူးပေါ့။ နောက်တော့ တစ်ဖြည်းဖြည်း အဆင့်တက်လာတယ် ဆံပင်မဆိုးရဘ

comments powered by Disqus