Calm Hill My Random Thoughts

ကျွန်တော့်ရဲ့ပဲလှော်တွေ

ပြောရမယ်ဆိုရင် ကျူရှင်ဆရာလုပ်သက်ကလည်း မနည်းဘူးဗျ ကျွန်တော် ပထမနှစ်ကစသင်တဲ့ ကျောင်းသားက အခုအချိန်မှာ မဟာတန်းတက်နေပြီဆိုတော့ အနည်းဆုံး လေးနှစ်တော့ ကြာပြီပေါ့ဗျာ။ ဒီတော့ တပည့်ပေါင်း သောင်းခြောက်ထောင်တွေ့ဖူးခဲ့တာပေါ့။ ကျွန်တော့်ကျူရှင်က စနေ၊ တနင်္ဂနွေဆိုရင် နံနက် ရ နာရီကနေ ညပိုင်း ၈ နာရီလောက်အထိ အတန်းပေါင်းစုံကို ဆက်တိုက်သင်ပါတယ်။ ဒီတော့ကျောင်းသားတွေ မရောက်ခင်ကျွန်တော်က ၆း၃ဝ လောက်ဆိုရောက်ရတာပေါ့။ မှတ်မှတ်ရရပါဗျာ ကျောင်းသူတစ်ယောက်က ကျွန်တော်ထက် ဇွဲကောင်းတယ် သူက ၆ နာရီကျော်လောက်ကတည်းက ရောက်နေပြီဗျာ။ သင်တန်းအပြင်မှာ ဆိုင်ကယ်ရပ်ပြီးတော့ ထိုင်စောင့်နေပါပေါ့လား။ သြော်ကိုယ်ကတော့ ဒီတစ်ယောက် ဝိရိယရှိတယ်ပေါ့ ချီးကျူးနေတာ ကျွန်တော်သင်တန်းတံခါးတွေ ဘာတွေဖွင့်အမှိုက်တွေဘာတွေရှင်း လုပ်နေတုန်းဆိုလည်း ကူလုပ်ပေးတယ်ဗျာ။ စာသင်ချိန်နီးလည်းလာရော ကောင်လေးတစ်ယောက်ရောက်လာတော့ ဆရာခဏနော်ဆိုပြီး စာအုပ်တွေကို စားပွဲပေါ်ကိုထားပြီး လာခေါ်တဲ့ကောင်လေးနောက် လိုက်သွားရော။ ညနေသင်တန်းဆင်းချိန် ၄ နာရီ မထိုးခင်ဆိုရင် ပြန်ရောက်လာတယ်ဗျာ။ ကိုယ်လည်းဘယ်လိုပြောရမလဲ ဘယ်လိုတားမလဲ။ ဒါနဲ့တစ်နေ့တော့ ကိုယ်ကလည်းနောက်လိုက်တာပါ ဟဲ့နေလည်ကနင့်အမေ ကျူရှင်ကိုလာရှာသွားတယ်လို့ ပြောလိုက်တာ အိမ်ရောက်တော့ သူဟာသူမလုံမလဲဖြစ်ပြီး ပြန်မေးရာကနေ သူ့အိမ်ကသိသွားလို့ အဆူခံရလို့ ကျွန်တော်ကိုတစ်လှည့်ပြန်ပြီး လာရန်တွေ့ပါတယ်ဗျာ။ ပြောသွားတယ် ဆရာဒါကြောင့် လူပျိုကြီးဖြစ်နေတာတဲ့။

နောက်ထပ်တပည့်တစ်ယောက်ကတော့ အသက်ကငယ်ငယ်ရွယ်ရွယ်ပါပဲ ကျွန်တော့်သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတော့ အသက်ကဘယ်ကွာလိမ့်မလဲ။ သူတို့ကပိုဆိုးတယ် ကျောင်းပြီးရင် အဆိုတော်လုပ်စားမယ် ဆိုတဲ့ဟာတွေ။ ကျောင်းကို တစ်ကယုံကိုအပျော်မှ အပျော်တက်နေတာ။ ထမင်းချိုင့်ထဲကို အဝတ်အစား တစ်စုံထည့်ပြီး အိမ်ကနေကျောင်းယူနီဖောင်းနဲ့ထွက်တာ ကားဂိတ်ကလက်ဘက်ရည်ဆိုင်မှာ အဝတ်လဲပြီး သွားချင်ရာသွားကြတာ။ အဲ့သည့်လောက်အထိ လိမ္မာကြတယ်။ တစ်ရက်ကျတော့ဗျာ ကျွန်တော့်ကိုကျူရှင်ထမင်းစားဆင်းတော့ ပြောတယ်ဗျာ။ ဆရာ့ကိုပြောဖို့မေ့နေတာ မနေ့ညနေက ဆရာ့သူငယ်ချင်း ညသန်းခေါင်ရေချိုးလိုက်တာ ပါးတစ်ခြမ်းရွဲ့သွားတာ ကျွန်တော်မနက်ကတောင် ရောက်ခဲ့သေးတယ်လို့ပြောရော။ ဒါနဲ့ကျွန်တော်လည်း နေ့လည်ပိုင်း သူတို့အတန်းကို လူနာသွားမေးမလို့ အတန်းပိတ်ပြီး သူငယ်ချင်းဆီကိုသွားတော့ဗျာ အိမ်ထဲလည်းဝင်လိုက်ရော လားလား…. လေဖြတ်တယ်ဆိုတဲ့သူငယ်ချင်းက အင်္ကျီစွတ်ကျယ်နဲ့ ကြက်တောင်ရိုက်နေတယ်။ သူကတော့ပြောရှာပါတယ် မင်းမို့အဲ့ဒီဟာမစကားကိုယ့်တယ်တဲ့။ နောက်မှသိတာက သူတို့က မေမြို့တက်မလို့ ကျူရှင်ပိတ်ခိုင်းရင် မကောင်းတတ်လို့ ပြောလိုက်တာတဲ့။ အဲ့သည်လို တပည့်တွေကိုစာသင်ခဲ့တာပါ။

တစ်ခါလည်း ဂျီတီစီက ဒုတိယနှစ် အိုင်တီက ကျောင်းသားလေးတစ်ယောက်ရယ် ကျောင်းသူနှစ်ယောက်ရယ်ကို C++ သင်ပေးဖူးပါတယ်။ ကောင်လေးကတော့ တော်တော်လေးဥာဏ်ကောင်းပါတယ် တော်တော်လေးသင်လို့ရတယ်။ မိန်းကလေးနှစ်ယောက်ကတော့ တော်ရုံသင့်ရုံပါပဲ ဒါပေမယ့်သူတို့လည်း တော်တော်လေးလိုက်နိုင်ကြပါတယ်။ သုံးယောက်လုံးတော်တော်လေး ကြိုးစားကြတယ်။ မီးလာတဲ့အချိန်ဆိုရင် သူတို့တစ်တွေ ကျွန်တော့်စက်တွေကို အမြဲတမ်းသုံးလေ့ရှိပါတယ် တစ်ခြားဟာလည်း သူတို့မလုပ်ပါဘူး Program Exercise တွေကိုပဲ သူတို့လုပ်နေလေ့ရှိပါတယ်။ သူတို့ကို ရ လလောက်သင်ပေးလိုက်တယ်။ စာမေးပွဲပြီးတော့ ကိုယ့်ဆီကိုပြန်လာကြပြန်တယ် သူတို့သင်တန်းတက်ချင်လို့တဲ့ ဘယ်မှာတက်ရလဲ အကြံဥာဏ်ပေးပါဦးတဲ့။ ကိုယ်ကလည်း သူတို့ VB တို့ Java တို့တက်ချင်တယ်ထင်တ