Calm Hill My Random Thoughts

နောက်ဆုံးတော့ ကျောင်းတက်စားရတာပါပဲ

လူပျိုကြီးတို့က တစ်ခါတစ်လေကျရင်တော့ လိုင်းကြောင်တယ်ပဲပြောရမလားမသိဘူး လျောက်လျောက်လုပ်တတ်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကပါပဲ ဘာတွေဖြစ်နေသလဲဆိုတော့ Software ရေစားတဲ့အလုပ်ကိုလည်း တော်တော်လေးစိတ်ကုန်နေတယ် စာသင်စားတဲ့အလုပ်ကိုလည်း မလုပ်ချင်လောက်အောင်ကို ဖြစ်နေပြီ။ ဘာဖြစ်တာလဲဆိုတော့ အလုပ်ကလုပ်ရလွန်းလို့ စိတ်ဖိစီးမှု့တွေက တစ်အားများနေတာကိုး။ နောက်ဆုံးဘယ်လို ဆုံးဖြတ်လိုက်သလဲဆိုတော့ ကျောင်းတွေလည်း စာမေးပွဲပြီးလို့ ပိတ်လည်းသွားရော စာသင်တဲ့အလုပ်ကို အပြီးအပိုင်ရပ်တော့မယ်ဆိုပြီး ဆုံးဖြစ်လိုက်တယ်။ ဒီတော့ဘာလုပ်မလဲပေါ့ စဥ်းစားတယ်။ ခေါင်းခြောက်လည်း သက်သာ ပိုက်ဆံလည်း ပုံမှန်ရမယ့်အလုပ်ကိုလုပ်မယ်ပေါ့။ ပထမတော့ စဥ်းစားပါသေးတယ် စျေးရောင်းမယ်ပေါ့။ နောက်တော့ ကျွန်တော်စျေးရောင်းရင် ကျန်းမာရေးမကောင်းလို့ စျေးအလုပ် ပွဲရုံအလုပ်မလုပ်ပါနဲ့ဆိုပြီး ချော့မော့နားခိုင်းထားရတဲ အဒေါ်ကြီးကလည်း ပြန်ပြီးလုပ်မယ်ပြောလာတော့ မဖြစ်သေးပါဘူးလေပေါ့။

ဒါနဲ့နောက်တစ်ခုစဥ်းစားတယ် ဆံပင်ညှပ်စားရင်ကောင်းမလားပေါ့။ ဆံပင်တော့မညှပ်တတ်ပါဘူး ဒါပေမယ့် သင်ရမှာပေါ့လေ။ ဘာလို့လည်းဆိုတော့ လူတွေဘယ်လောက်ဆင်းရဲဆင်းရဲ ဆံပင်မညှပ်ပဲ ခေါင်းတုံးတော့ မနေကြဘူးဗျ။ သေချာပေါက်တော့ ထမင်းမငတ်ဘူးသေချာတယ်။ ဒါပေမယ့်လည်း ဆိုင်ကြီးကြီးမားမားတွေကြည့်လိုက်တော့ ညှပ်နေတဲ့လူတွေကတော့ ယောက်ျားတွေပါ ဒါပေမယ့် နှစ်ပိုင်းတစ်ပိုင်းတွေပဲ တွေ့နေလို့ မဖြစ်သေးပါဘူးလေပေါ့ သူတိုလိုဖြစ်သွားမှာလည်း ကြောက်ရသေးတယ်ဆိုပြီး ဒီအစီအစဥ်ကိုပယ်လိုက်တယ်။ အခုမှ မှားမှန်းသိတာ သင်ထားလိုက်ရင် အခုနေများ ကျောင်းအားရက်ကို အချိန်ပိုင်းလုပ်ချင်ရင် တစ်ခြားလုပ်စရာမလိုဘူး ဆံပင်ညှပ်စားရင်တော်တော် ဝင်ငွေဖြောင့်မယ့် သဘောရှိတယ်။

နောက်တစ်မျိုးထပ်စဥ်းစားတာက ဗေဒင်ဟောစားရင်ကောင်းမလားပေါ့ အရင်အနှီးလည်းဘာမှ သိပ်မကုန်ဘူး။ ဘုရားဂေါပကနဲ့အဆင်ပြေရင် စားပွဲလေးတစ်လုံးဖျားလေးတစ်ချပ်ဆိုလည်း တော်တော်အဆင်ပြေတယ်ပေါ့။ ချမ်းသာကြီး ဘုရားပေါ်ဆိုရင် ဂေါပကက ဦးလေးသူငယ်ချင်းဆိုတော့ အကောက်မကောက်လောက်ဘူးလို့ မှန်းရတယ်လေ။ ဒါနဲ့ အစမ်းဆိုပြီး ဟိုလူ့ဇာတာကြည့် သည်လူ့ဇာတာကြည့်ဟောပေးလိုက်တယ်။ ခက်တာက တွက်ပဲတွက်တတ်တာ မလိမ်တတ်တော့ ဘယ်လိုမှန်အောင်ဟောဟော မှန်ကိုမှန်ဘူး။ ဒါနဲ့ဇာတာပဲဖွဲစားမယ်လေဆိုတော့လည်း တွက်တော့တွက်တတ်တယ် လူတွေကလည်း ပေရွက်နဲ့လိုချင်တာ။ ကိုယ်ကလည်း ကညစ်နဲ့ရေးဖူးတာမဟုတ် အစမ်းဝယ်ပြီးရေးကြည့်လိုက်တာ ပစ်လိုက်ရတဲ့ ထန်းဖူးကများနေတာနဲ့ အရင်းမကိုက်လို့ လုပ်စားဖို့မစဥ်းစားတော့ဘူး။

နောက်တော့ အဖေပြောတာကိုသွားသတိရတယ် လူရှိနေသမျတော့ စားနေကြမှာပဲတဲ့။ ဒါနဲ့ စားသောက်ဆိုင်ဖွင့်မယ်ပေါ့။ ဘယ်ရမလဲ စားဖိုမှူးငှားရင် ကိုယ့်ကိုလိမ်မရအောင်ဆိုပြီး ကိုယ်လည်းချက်တတ်အောင် အစားအသောက် အချက်အပြုတ်သင်တန်းသွားတက်တယ်။ ဆရာကနှယ်နှယ်ရရ တော့မဟုတ်ဘူး အရင်က ဆီဒိုးနားမှာ အလုပ်လုပ်ခဲ့တဲ့ စားဖိုမှူး အသက်ကြီးလို့ ပင်စင်ယူပြီး အိမ်တွင်းမှု့ကျောင်းမှာ ဝါသနာအရသင်နေတာ။ စားဖိုမှူးဆိုတာ ယောက်ျားတွေကြည့်ပဲလေ ဒီတော့သင်တန်းလည်း ယောက်ျားကြည့်ပဲ မိန်ကလေးဆိုလို့ အိမ်မှာထမင်းမချက်တတ်လို့ အိမ်ကနေ အတင်းလှတ်လို့လာရတဲ့ လူလောက်ပါတာ။ ဒါနဲ့ အချက်အပြုတ် သင်လိုက်တာ ၂ လလောက်ကြာတယ်။ အိမ်မှာလည်း လက်စွမ်းပြပြီးချက်တော့ အမေကတော့ ကောင်းတယ်ဆိုပြီးစားတာပဲ။ ဒါနဲ့ဆိုင်ဖွင့်မယ်ပေါ့ စီစဥ်တယ် ချက်မယ့်စားဖိုမှူးမရှိလည်း ကိုယ်တိုင်ချက်မယ်ပေါ့။ အဲသည့်လိုနေတုံးကျောင်းတက်ဖို့က ကျလာပါရော။ ဘာလုပ်ရမှန်းမသိတော့ဘ

comments powered by Disqus