Calm Hill My Random Thoughts

Hosting ပြောင်းရွေ့ခြင်း ပြီးစီးကြောင်း

မနေ့ညကတည်းက လက်ဆော့နေတာ ဆိုက်ကို ဟိုဘက်ကိုပြောင်း ဒီဘက်ကိုပြောင်းနဲ့ လုပ်ချင်တာလုပ်နေတာ အခုမှပဲ အကုန်လုံးပြောင်းလို့ရသွားပါတယ်။ နောင်လည်း ဒီလိုပဲလက်ဆော့ပြီး ကလိပါဦးမယ်။ အပြောင်အလဲအတွင်း လာလည်းလို့ မရသူများကိုလည်း အထူးတောင်းပန်ပါတယ်ခင်ဗျာ။ ပြောင်းရွေ့ခြင်းကိစ္စကတော့ တော်တော်လေးကို ကွမ်းကျင်သွားပါပြီ။ နောက်များ Wordpress ပြောင်းချင်ရင်ပြောပါ ကူညီကာပြောင်းပေးပါ့မယ်။ Wordpress Export ကိုတော့ စမ်းလည်းသုံးမကြည့်ကြပါနဲ့တော့ သူက Post တွေရှည်နေရင် လုပ်လို့ကိုမရပါဘူး။ Database ကိုကိုယ်တိုင်ပြောင်းမှပဲ အကုန်လုံးပြောင်းလို့ရပါတယ်။ phpMyAdmin ထဲက Export ကလည်း ထင်သလောက်သုံးမရပါဘူးခင်ဗျာ တော်တော်လေး ပြန်ပြီး ပြုပြင်မှ သုံးလို့ရပါတယ်။ Referential Integrity များပြဿနာ တော်တော်ပေးပါသည်။ Reference Check ကို Zero ပေးထားပါသော်လည်း ဘာကြောင့်မှန်းမသိမရပါ။ ကိုယ်တိုင်ပြန်ပြင်မှသာရပါသည်။