Calm Hill My Random Thoughts

မိုင်ထောင်ချီအဝေးမှာ….

ပထမဆုံးအကြိမ် ရဟန်းခံတာက အသက် ၁၉ နှစ် ၆လပဲရှိသေးတယ်။ သင်္ကြန်တွင်းမှာ မန္တလေး ကွဲဆည်ကန်အထွက်က မိုးကုတ်ရိပ်သာမှာပါ။ ရဟန်းခံတယ်ဆိုပေမယ့် ဘာမှထွေထွေထူးထူး မလုပ်ပါဘူး သူများတွေလိုပဲ သင်္ကြန်ဝတ်မယ့်လူတွေထဲ ရောပြီးတော့ ရဟန်းခံလိုက်တာပါ။ ကျွန်တော့်အဖေက ကျွန်တော့်ကို ရဟန်းဘဝနဲ့ အင်မတန်မြင်ချင်ပါတယ် တစ်သက်လုံးမဝတ်နိုင်တောင် ခဏအဖြစ်တော့ သူမြင်ချင်ပါတယ်။ နောက်ပြီးတော့ အဲ့သည့်ကိစ္စကိုအင်မတန် အစွဲအလမ်းလည်း ဖြစ်ပါတယ်။ ကျွန်တော်ရဟန်းခံမယ့် အသက်မရောက်ခင်မှာ သူတစ်ခုခုဖြစ်သွာမှာကိုလည်း အင်မတန်စိုးရိမ်ပါတယ်။ ဒါကြောင့် ရဟန်းခံလို့ ရတဲ့အသက် ၁၉ နှစ် ၂လ ကျော်ကတည်းက ကျွန်တော်လည်း ရဟန်းခံဖို့လုံးပန်းရပါတယ်။

ဒါပေမယ့် စာမေးပွဲတွေနဲ့မအားတာကြောင့် သင်္ကြန်တွင်းကျမှပဲ ရဟန်းခံဖြစ်တာပါ။ ဖြစ်ချင်တော့ ကျွန်တော် ရဟန်းခံမယ့်ရက် မတိုင်ခင် တစ်ရက်မှာပဲ အဖေကျန်းမာရေးက ဖောက်လာပါတယ်။ ရဟန်းခံမယ့်ရက်ကို ဘယ်လိုမှ မလိုက်နိုင်လောက်တော့တာကို သိလိုက်ပါတယ်။ ဒါပေမယ့် သူအနှစ်နှစ်အလလ စောင့်နေခဲ့တာဆိုတော့ လိုက်မယ်အတင်းလုပ်ပါတယ်။ ကျွန်တော်ဘယ်လိုမှ စိတ်မကောင်းပါဘူး ဒါပေမယ့် ကျွန်တော်ရဟန်းခံတာကို လိုက်လာလို့ အဖေဆုံးသွားတယ်တော့ ဘယ်လိုမှအဖြစ်မခံနိုင်ပါဘူး။ နောက်ဆုံးဘယ်လိုလုပ်ရသလဲဆိုတော့ ကျွန်တော့်ညီတစ်ဝမ်းကွဲလေးကို ခေါ်ပြီးတော့ Video Camera ယူပြီးလိုက်ခိုင်းပေးမယ် ချက်ချင်းပြန်လွတ်လိုက်မယ် အိမ်မှာပဲပြန်ကြည့်လို့ မနည်းကိုချော့မော့ထားခဲ့ရပါတယ် အဲ့သည်လိုမှမဟုတ်ရင် မဝတ်တော့ဘူးလို့ အကြပ်ကိုင်မှပဲနေခဲ့ပါတယ် အဖေမပါတော့ အမေလည်းမလိုက်နိုင်ပါဘူး။

ကျွန်တော်ပထမဆုံး ရဟန်းခံတဲ့အချိန်မှာ ကျွန်တော့်ဘေးမှာ အဖေရောအမေရောမရှိပါဘူး။ ကျွန်တော့်ဦးလေးတို့ လင်မယားရယ် ကျွန်တော့်ညီမလေးရယ် ဒါပဲရှိပါတယ်။ ပုံမှန်အတိုင်းရဟန်းခံတာနဲ့မတူပါဘူး တော်တော်လေးကို သံယောဇဥ်တွေကို ဖြတ်ထားရပါတယ်။ နောက်ပြီးတော့ ပြောမယ်ဆိုရင် တော်တော်လေးလည်း စွန့်စားထားရတာပါ။ ဘုန်းကြီးဝတ်နေတုံး အဖေတစ်ခုခု ဖြစ်သွားနိုင်တဲ့ အခြေအနေပါ ကံမကောင်းရင် လူထွက်တာနဲ့ အဖေ့ကိုမတွေ့နိုင်တော့ပါဘူး။ ဘယ်အခြေအနေပဲဖြစ်ဖြစ် အနည်းဆုံး ၁ဝ ရက်မပြည့်ပဲ မထွက်ခဲ့ရဘူးလို့လည်း အဖေကမှာလိုက်ပါတယ်။

အဲသည့်ဆယ်ရက်ဆိုတာ တော်တော်ကို ကုန်ခဲလှပါတယ်။ အိမ်ကလည်းလူ တစ်ယောက်မှမလာဘူး အိမ်ကိုလည်း ဖုန်းဆက်လို့မရဘူး။ အစားအသောက်တော့ တော်တော်လေး ပြဿနာတက်ပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်က ပိုက်ဆံမကိုင်ချင်လို့ တစ်ပြားမှယူမထားပါဘူး။ ဒီတော့ အအေးသောက်ချင်ရင်တောင် သောက်မရတော့ပါဘူး။ လှူတဲ့အလှူရှင် ရှိမှပဲအအေးသောက်ရပါတယ်။ ဒါတွေကို သိပ်အရေးမထားပါဘူး ရဟန်းပဲဒါတွေမက်မောနေလို့ ဘယ်ဖြစ်မလဲ။ အားချိန်မရှိတာလည်း ကောင်းပါတယ် တစ်နေကုန်မနက် ၄ နာရီကနေ ညပိုင်း ၈ နာရီအထိဆက်တိုက်နီးနီး တရားတက်ရပါတယ်။ ဒါပေမယ့်ညပိုင်းဆိုရင်တော့ အိမ်ကိုစိတ်မချတဲ့ ကိစ္စကဘယ်လိုမှတားမရပါဘူး။

ဆယ်ရက်ပြည့်လို့လူထွက်တဲ့နေ့ဟာ ကျွန်တော့်ဘဝမှာ စိတ်အလှုပ်ရှားရဆုံးပါ။ အိမ်ကနေ ဘာသတင်းများကြားရလဲလို့ မျော်ရင်းကားလာ အကြိုကိုစောင့်ရပါတယ်။ အိမ်ကလာကြိုတော့ အဖေကဆေးရုံရောက်နေပါပြီ ဒါပေမယ့်အခုတော့ ကောင်းနေပါပြီ နောက်နေ့ဆေးရုံကဆင်းရမယ်တဲ့။ ကျွန်တော် အဖေ့ကိုပြန်တွေ့ရဦးမယ်ဆိုတာ သိလိုက်ရတော့ သိပ်ကိုဝမ်းသာပါတယ်။ ဒါဟာ ကျွန်တော့်ဘဝမှာ ဝမ်းအသာဆုံးပါပဲ။ နောက်ထပ်နှစ်နှစ်လောက်တော့ အဖေအသက်ရှင်သွားပါတယ်။ နောက်ပိုင်း အဖေဆုံးတော့လည်း သူ့စကားနားထောင်ရင်းနဲ့ပဲ ဆုံးသွားတာကို မမှီလိုက်ပါ။

၄လပိုင်း ၁ဝ ရက်နေ့ဆိုတာ ကျွန်တော်

comments powered by Disqus